Transparency Myanmar

transparency.myanmar@gmail.com

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တစ်ပတ်အတွင်း စီးပွားရေးသတင်း။

တပတ်အတွင်း စီးပွားရေးသတင်းများ စာဖတ်သူ ပြည်သူအများ သိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်း တင်ပြလိုက်ပါသည်။

သတင်းအဖွဲ့

မြန်မာ - နယူးဇီလန် စီးပွားရေးပူးပေါင်းနိုင်မှုဆွေးနွေး

Photo Credit by Online

နယူးဇီလန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အဖြစ်ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင် စုဝန်ကြီး အချို့ ပါဝင်သောအဖွဲ့သည် အော့ကလန်မြို့ အစိုးရ အိမ်တော်တွင် နယူးဇီလန် ဘုရင်ခံချုပ်အပါအဝင် အဆင့်မြင့် အရာရှိကြီး များဖြင့် တွေ့ဆုံကာ မြန်မာ - နယူးဇီးလန်နှစ်နိုင်ငံ အကျိုးတူစီးပွားရေးပူးပေါင်း လုပ်ဆောင် ရေး၊ နယူးဇီလန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံ နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုး တိုးတက်ရေး စသောအချက်များကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရ သည်။

မြန်မာ့ရင်းနှီးမြှပ်နှံမှုနှုန်း ကမ္ဘာ့ထိပ်ဆုံးသုံးနိုင်ငံအတွင်းသို့ရောက်ရှိ

မြန်မာ့ရင်းနှီးမြှပ်နှံမှုနှုန်းသည် အိန္ဒိယနိုင်ငံကိုကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယနေရာသို့ရောက်ရှိလာကြောင်း မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုချိုအေးက ပြောကြားခဲ့သည်။ တရုတ် နိုင်ငံရင်းနှီးမြှပ်နှံမှုတိုးတက်နှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းပထမ နေရာတွင် ရပ်တည်ပြီး မြန်မာနှင့် အိန္ဒိယ တို့သည် ၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဒုတိယ၊တတိယ နေရာ တွင်ရောက်ရှိနေသည်။ကမ္ဘာ့ရင်းနှီးမြှပ် နှံမှု မှာ  ၄ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိပြီး အမေရိကန်နိုင်ငံရင်းနှီးမြှပ်နှံမှုမှာ ၂ ဒသမ ၈ ရာခိုင် နှုန်းခန့်သာရှိသည်။ အစိုးရသစ် လက်ထက်ရင်းနှီး မြှပ်နှံမှုမှာ ၂၀၁၁ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ကြောင်း ဒေါ်ချိုချိုအေးကပြော သည်။

 

ဒေသတွင်းနိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုများ

ထိုင်းကုမ္ပဏီ ၂၆ ခုမှထိုင်းစီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် (UMFCCI) နှင့်တွေ့ဆုံဆွေးနွေးပွဲကို မတ် ၄ ရက်မှ ၈ ရက်အထိ Summit Parkview Hotel တွင်ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသို့ စက်မှုအပိုပစ္စည်း လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြုတ်နှံမှု တိုးမြုင့်ဆောင်ရွက်နိုင်ရေး အတွက် လာရောက်ကြမည်ဆိုသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆေးဝါးကုမ္ပဏီများနှင့် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ များသည် မြန်မာနိုင်ငံသို့ရင်းနှီး မြှုပ်နှံရန် ပိုမိုစိတ်ဝင်စားမှုရှိကြောင်း ဘင်္ဂလားဒေ့ရှ် သံရုံးစီးပွားရေး ကောင်စစ်ဝန်၏ ကိုယ်ရေးအရာရှိ ဒေါ်ကြည်ကြည်က မတ်လ ၆ ရက်မှ ၈ ရက်ထိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှုအသင်း ကျင်းပသော ဘင်္ဂလားဒေ့ရှ်နိုင်ငံပြည်ပပို့ ကုန်များ ကုန်စည်ပြပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၆ဝဝ မျှ ကုန်ကျမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ကို ကိုရီးယား အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်း (IIAC) က လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ထို့အပြင် အဆိုပါ စီမံ ကိန်းဆောင်ရွက် မည့် IIAC ကို ကိုရီးယား ထုတ်ကုန်-သွင်းကုန်ဘဏ်( The export - import bank) က ထောက်ပံ့ ကူညီပေး သွားမည် ဖြစ်ကြောင်း Korean Herald သတင်းတွင် ဖော်ပြ ထားချက်အရ သိရသည်။  ဟံသာဝတီလေဆိပ်ကို လုပ်ကိုင်ခွင့်ရရှိ ရန် IIAC အပါအဝင် တရုတ်၊ ဂျပန်နှင့် ဥရောပနိုင်ငံများမှ ကုမ္ပဏီ ၇ ခုက အဆိုပြုထားကြပြီး မည်သူ လုပ်ကိုင်ခွင့်ရ မည်ကို ယခုနှစ် ဇွန်လတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိသည်။ အဆိုပါ လေဆိပ် တည်ဆောက်ပြီးပါက တစ်နှစ်လျှင် ခရီးသည် ၁ဝ သန်း ကျော်ကို ဝန်ဆောင်မှု ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် ဒေသခံများအလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန် ချင်းပြည်နယ်ဒေသ ထွက်ကုန်များ ဖြစ်သည့် ပန်းသီး၊ စပျစ်သီးနှင့် နွားနောက်သားများကို အခြေခံ၍ ၀ိုင်ချက်စက်ရုံ နှင့် စည်သွတ်ဘူးစက်ရုံများကို ဂျော်ဒန်နိုင်ငံမှ ယခုနှစ်အတွင်း လာရောက်တည်ဆောက်ပေးမည်ဖြစ်ကြောင်း FREDA မှ ဦးအုန်း က ပြောသည်။ ဖေဖော်ဝါရီလ လယ်တွင် နိုင်ငံတော်သမ္မတကြီး၏ ချင်းပြည်နယ်ခရီးစဉ်အပြီး ပြည်တွင်း၊ ပြည်ပမှကုမ္ပဏီများ လာရောက်ရင်းနှီးမြုပ်နှံရန် ကြိုးစားနေ ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် အမေရိကန်မှ ဟိုတယ်တစ်ခု ၂၀၁၄ ခုနှစ်တွင် ပထမဆုံးစတင်ဖွင့်လှစ်မည်

Photo Credit by Online

အမေရိကန် အခြေစိုက် Hilton Worldwide မှ မြန်မာနိုင်ငံတွင် ပထမဆုံး Hilton Hotal & Resorts ကို ၂၀၁၄ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း Hilton Worldwide ၏ အရှေ့အလယ်ပိုင်းနှင့် အာရှပစိဖိတ် ဒေသတွင်းတာဝန်ရှိသူ Andrew Clough က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဝန်ကြီးဋ္ဌာန က BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသော ထိုင်းကုမ္ပဏီဖြစ်သည့် LP Holding ၏ Centrepoint Tower တွင် အခန်းပေါင်း ၃၀၀ ပါဝင်သည့်ဟိုတယ်ကို Hilton Worldwide မှလာရောက် ဖွင့်လှစ်ရန်လက်မှတ်ရေး ထိုးပြီးဖြစ်သည်။ အဆိုပါ သဘောတူလက်မှတ်ရေးထိုးမှုသည် LP Holding နှင့် Hilton Worldwide တို့အကြား ပူးပေါင်းဆောင် ရွက်ရန် ပထမအဆင့်လျာထားစာချုပ် ချုပ်ဆိုခြင်းဖြစ်ပြီး အသေးစိတ် အချက်များကို မတ်လအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း LP Holding Co.,Ltd ၏ ဒါရိုက်တာ Richard Mayhew ကပြောသည်။

 

ဘဏ္ဍရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု

မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်းနှင့် အရင်းအနှီးဈေးကွက်တည်ထောင်နိုင်ရန် အဓိကဆောင်ရွက် ပေးနေသည့် Daiwia Institute of Research နှင့် မြန်မာလုပ်ငန်းတစ်ခုအကျိုးတူ ဖက်စပ်ကုမ္မဏီ တစ်ခုတည် ထောင်ခဲ့ ကြောင်း ရင်းနှီးမြှုပ်နှံမှုကုမ္မဏီ များညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။ အကျိုးတူပူး ပေါင်းခဲ့ သောကုမ္ပဏီမှာ DIR-ACE Technology LTD ဖြစ်ပြီး Daiwa နှင့်ဖက်စပ် တည်ထောင်ခဲ့သော မြန်မာ ကုမ္ပဏီမှာ ACE Data System Ltd ဖြစ်ပြီး အဆိုပါလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း အိုင်တီနှင့်ဆော့ဖ်ဝဲလ် ပိုင်းဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်ကြောင်းသိရသည်။

တစ်လအတွင်း မူဆယ်ဇုန် ကုန်သွယ်မှု ဒေါ်လာ ၁၈၉ သန်းခန့်ရှိခဲ့

ဖေဖေါ်ဝါရီလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၉သန်း ခန့်ရှိခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြ ချက်အရ သိရသည်။ မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ပြောင်းဖူး စေ့၊ မြေပဲဆန်၊ ရာဘာ၊ ရေထွက်ကုန်၊ သစ်တော ထွက် ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ တိရိစ္ဆာန် ထွက်ပစ္စည်း၊ စက်မှုကုန်ချော ပစ္စည်းနှင့် အခြားပစ္စည်းအုပ်စုများကို အဓိကတင်ပို့လျက် ရှိနေ ကြောင်း သိရ သည်။


 

 

 

 

 

 

 

 

 

 

 

                  


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment