Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (1)
Document ON INTERNATIONAL MEDIA (1)

Snapshot of the item below:
ON INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. လျင်မြန်စွာပြောင်းလဲနေသော မြန်မာနိုင်ငံတွင် သုံးစွဲမှုနှုန်းမြင့်လာ

(14 March 2013 ရက်စွဲပါ Channel  News Asia မှ Fast-changing Myanmar joins consumer age ကို ဘာသာပြန်ဆို ပါသည်)

  1. ကချင်ပြည်နယ် ပဋိပက္ခကို အဆုံးသတ်စေမည့် အပစ်ရပ်စဲရေးရအောင် ကြိုးပမ်းကြရန် ဘန်ကီမွန်း တိုက်တွန်း

(UN News Centre မှ 14 March 2013 ရက်စွဲပါ “Myanmar Ban encourage parties to reach ceasefire to end conflict in Kachin” သတင်းကို ဘာသာပြန်ဆိုပါသည်)


လျင်မြန်စွာပြောင်းလဲနေသော မြန်မာနိုင်ငံတွင် သုံးစွဲမှုနှုန်းမြင့်လာ

(14 March 2013 ရက်စွဲပါ Channel  News Asia မှ Fast-changing Myanmar joins consumer age ကို ဘာသာပြန်ဆို ပါသည်။)

Photo Credit by Reuters

လူဦးရေသန်း ၆၀ ရှိသော မြန်မာနိုင်ငံတွင် စားသုံးနိုင်မှု ပမာဏရှေ့တန်းရောက်လာခြင်းကြောင့် သွားတိုက်ဆေးမှအစ စည်သွပ်သစ်သီးဗူးအဆုံး အလှကုန်ပစ္စည်းမှ ကိုကာကိုလာအဆုံး၊ ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံကို မျက်စိကျ လာကြပါသည်။

မြန်မာနိုင်ငံတွင် အရေးယူမှုများရုပ်သိမ်းပြီးကတည်းက နာမည်ကြီး ကုန်အမှတ်တံဆိပ်များသည် မြန်မာနိုင်ငံကြွယ်ဝ လာချိန်တွင် ၎င်းတို့နေရာရရှိရေးနှင့် ကမ္ဘာပေါ်မှ ကုန်အမှတ်တံဆိပ်များအကြောင်းသိ စားသုံးသူများကြားတွင် ဆင်းရဲသော မြန်မာနိုင်ငံမှ ပြည်သူများ ပလက်ဖောင်းရရေးတို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ကြပါသည်။

၎င်းတို့နှစ်ဦးနှစ်ဖက်ဆွဲဆောင်မှုပင်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ဆင်းရဲချမ်းသာအများစုသည် နိုင်ငံခြားမှ ကုန်ပစ္စည်းများကို အရည်အသွေးသိ၍ သုံးစွဲလိုခြင်းအပြင် စစ်အစိုးရ၏ လက်ထက်အတွင်း ပြည်တွင်းဖြစ်ကိုသာ အကန့်အသတ်နှင့် သုံးစွဲနေရခြင်း အပေါ် ငြီးငွေ့နေခြင်းလည်းပါဝင်ပါသည်။

“ကျွန်မ ပြဿနာတစ်ခုကြုံနေရတယ်။ ကျွန်မသုံးဖူးတဲ့အထဲမှာ အကောင်းဆုံးဖြစ်တဲ့ နံပါတ် (၇) ဖောင်ဒေးရှင်းပေါင်ဒါက ပစ္စည်းပြတ်နေတယ်။ ရန်ကုန်မှာ ဘယ်မှရှာမရဘူး” ဟု (၂၄) နှစ်အရွယ် ဝင်းလဲ့သူ ကငြီးငြူပါသည်။

ထို့ကြောင့် ဘန်ကောက်မှဝယ်ပို့ပေးမည့် မိတ်ဆွေများအပေါ်သာ အားကိုးနေရကြောင်း ဆိုပါသည်။ သူ၏ စိတ်ထဲတွင်မူ ကုန်ပစ္စည်းများ မြန်မာနိုင်ငံတွင် ရောက်ရှိလာရေးဖြစ်ပြီ၊ မြန်မာနိုင်ငံသားများ၏ သုံးစွဲနိုင်အားမှာလည်း အစိုးရ၏ ပြုပြင်ပြောင်းလဲ ရေးကြောင့် စီးပွားရေးလှုပ်ခတ်လာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းကြောင့် တက်လာ မည်ဟု ခန့်မှန်းရပါသည်။

“တံခါးဖွင့်လာတော့ နှစ်ဖက်စလုံးအတွက် ရင်ခုန်ရပါတယ်” ပြည်တွင်းမှ  Foodlan ထုတ်လုပ်ရေး မှ Freddy Oh က ပြောပါသည်။ ၎င်းတို့သည် မကြာခင်က စင်္ကာပူအခြေစိုက် အမှတ်တံဆိပ်တစ်ခုဖြစ်သော Mac Coffee ကိုရောင်းချခဲ့ပါသည်။

              “လူငယ်တွေဟာ ပြင်ပကမ္ဘာနဲ့အပြန်အလှန် လုပ်ကိုင်ရတာကို မက်မောလာကြတယ်။ ဒါကြောင့် ကုန်အမှတ် တံဆိပ်တွေ

အနေနဲ့ လူသိအောင်လုပ်ပြီး၊ ဈေးကွက်ရှယ်ယာရဖို့ အခွင့်အလမ်းကောင်းပါပဲ” ဟု Oh ကပြောပါသည်။ ၎င်း၏ 3 in 1 Mac Coffee အထုပ်များသည် တစ်နှစ်လျှင် ဒေါ်လာသန်း (၂၀၀) ဖိုးခန့် လ်ာပတ်နေသော Coffee mix ဈေးကွက် သို့ မကြာမီက ဝင် ရောက်ခဲ့ပါသည်။

ဧရာမ အချိုရည် ကုမ္ပဏီများဖြစ်သော ကိုကာကိုလာနှင့် ပက်စီတို့သည်လည်း အရေးယူမှုများအပြီးတွင် ဝင်ရောက် လာ ပါသည်။ မိုဘိုင်းဖုန်း ကုမ္ပဏီများသည်လည်း အစိုးရက လွတ်လပ်ခွင့်ပေးသောအခါ လူဦးရေ၏ ၉၆% ဖုန်းမကိုင်နိုင်သေး သော တိုင်းပြည်အပေါ်မျက်စိကျလာ ကြပါသည်။

              သုံးသပ်သူများက ပြောကြားရာတွင် tablet ကွန်ပျူတာများ၊ တီဗီအပြားများကဲ့သို့သော လူသုံးလျှပ်စစ် ပစ္စည်းများသည် လည်း အရောင်းရဆုံးဖြစ်လာနိုင်ကြောင်း သုံးသပ်ပါသည်။ အများစုမှာ တရုတ်မှသွင်းနေရ ပါသည်။

              သို့သော ဈေးပေါပြီး၊ နေ့စဉ်အလွယ်တကူအသုံးပြုနိုင်သော ကုန်ပစ္စည်များမှာလည်း ဈေးကွက်တွင် နေရာရနိုင်ကြောင်း သိရပါသည်။

              Del Monte ကလည်း ၎င်း၏ နာနတ်သီး စည်သွပ်ဗူး၊ Pasta ဆော့စ်နှင့် Ketchup များစတင် မိတ်ဆက်ပေးလျက်ရှိပါ သည်။ ရေချိုးခန်းသုံးပစ္စည်း ကုမ္ပဏီ Lamoixan ကလည်း ၎င်း၏ Hapee သွားတိုက်ဆေး ဖြန့်ချီမည့် ပါတနာရှာဖွေလျက်ရှိ သည့်နည်းတူ ဖိလစ်ပိုင် ကုမ္ပဏီကလည်း အရေပြား အသားဖြူ ထုတ်ကုန်များ မိတ်ဆက်ရန် လုပ်ဆောင်နေပါသည်။

              “စားသုံးသူရဲ့ သုံးစွဲနိုင်စွမ်းက မြန်မာနိုင်ငံမှာ ရှိနေပါတယ်” ဟု ရန်ကုန်တွင် ဖွင့်လှစ်ထားသော UK Trade and Invest ment မှ David Webb ကပြောပါသည်။

              “မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုလုပ်ငန်းကလည်း အရေးယူမှုတွေကြောင့် မရှိတော့ပါဘူး။ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ ငွေရင်းရှိပြီး၊ နည်းပညာ၊ ဈေးကွက်နဲ့ အဆက်မပြတ်ပေးနိုင်စွမ်းရှိတော့ အခွင့်အရေး အသာရနိုင်ပါတယ်။” ဟု ဆိုပါသည်။

              မြန်မာနိုင်ငံတွင် အမြတ်အစွန်းရနိုင်သည်ဟု ဆိုပါသည်။

              “ချမ်းသာကြွယ်ဝမှုဟာ လူတိုင်းဆီကို မပျံနှံ့နိုင်ပါဘူး။ ဒါပေမယ့် ရန်ကုန်မှာ ငွေတွေရှိနေတာ အသေအချာပဲ” ဟု စင်္ကာပူ အခြေစိုက် ဈေးကွက်အကြံပေးကုမ္ပဏီ Solidiance မှ Damien Duhamel က ပြောကြားပါသည်။

              အချို့ကုမ္ပဏီများသည်အစိမ်းသက်သက်ရှိနေသေးသော ဈေးကွက်သို့ စောစောစီးစီးဝင်ရောက်ခြင်း ကြောင့် ရရှိမည့် အကျိုးအမြတ်ကိုရယူရန် ပြင်ဆင်နေပါသည်။

              သို့သော အလျင်အမြန်ဝင်ရောက်ခြင်းသည် စွန့်စားရမည့် အန္တရာယ်များ ပြည့်နှက်နေကြောင်း Duhamel က ဆိုပါသည်။ ၎င်းက တရုတ်နှင့် ဗီယက်နမ်တို့သို့ ဦးစွာဝင်ရောက်သွားသူများသည် ဒေသဆိုင်ရာ အခြေအနေများကြောင့် လက်များမီးလောင် ရသလို ဖြစ်ခဲ့သည်ဟု ဆိုပါသည်။

              “ကောင်းဘွိုင်တွေဟာ အစောဆုံးရောက်လာတဲ့ အခွင့်အရေးရပြီး ငွေအမြန်ရဖို့ ဝင်လာကြပါလိမ့်မယ်” ဟု Duhamel ကပြောပါသည်။ ဒေသဆိုင်ရာ ကုမ္ပဏီများဖြစ်သော ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူ နှင့် ထိုင်း တို့မှ ကုမ္ပဏီများသည် ကနဦး စွန့်စားဝင်ရောက်မည့် သူများဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

              “ဒါပေမယ့် သူတို့ခဏပဲ ပျောက်သွားမှာပါ။ နိုင်ငံစုံ ကော်ပိုရေးရှင်းတွေဟာ ဒုတိယလှိုင်း၊တိတယလှိုင်းတွေ အနေနဲ့ စားသုံးသူတွေ ပညာရှိလာတဲ့ အချိန်မှာ ဝင်လာပါလိမ့်မယ်။ သူတို့က ဝုန်းဝုန်းနဲ့ ဝင်မလာချင်ပါဘူး။ ဈေးကွက်ဝေစု မှန်မှန်တည် ဆောက်တာကိုပဲ ကြည့်မှာပါ ” ဟု ဆိုပါသည်။

              စွန့်စားရမည့် အန္တရာယ်များက များပြားလှပါသည်။ မြန်မာနိုင်ငံမှ ဘဏ်များသည် သက်တမ်းနုပါသေးခြင်း၊ အခြေခံ အဆောက်အဦးများ ဟောင်းနွမ်းခြင်း၊ အင်္ဂလိပ်စကားပြောသော လူများရှိသော်လည်း ကွန်ပျုတာ စသော ကျွမ်းကျင်မှုမရှိခြင်း စသည်တို့ဖြစ်ပါသည်။

              မြန်မာနိုင်ငံတွင် ဈေးကွက်သတင်းအချက်အလက် အသေးစိတ်မရနိုင်ခြင်းနှင့် တရားဥပဒေစနစ် မရှင်းလင်းခြင်းတို့ ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ကိစ္စရပ်အတော်များများအတွက် ဒေသခံပါတနာ များလိုအပ်လှပါသည်။

              အတားအဆီးများရှိသော်လည်း မြန်မာနိုင်ငံသည် ပြည့်ကျပ်ပြီး အပြိုင်အဆိုင်များသော ကမ္ဘာကြီးတွင် သီးသန့်အခွင့် အလမ်းများပေးပြီး ရေရှည်ရှုမြင်နိုင်ကြောင်း Oh က အခိုင်အမာပြောပါသည်။

              “ဘယ်သူ့မှာမှ အနာဂတ်ကိုဟောမယ့် ဖန်လုံးမရှိပါဘူး။ ဒါပေမယ့် မြန်မာပြည်သူတွေအဖို့ အမြဲတမ်း စားရမယ်၊ သောက် ရမယ်၊ သွားတိုက်ရမယ်” ဟု ၎င်းကပြောပါသည်။


                               

 

ကချင်ပြည်နယ် ပဋိပက္ခကို အဆုံးသတ်စေမည့် အပစ်ရပ်စဲရေးရအောင် ကြိုးပမ်းကြရန် ဘန်ကီမွန်း တိုက်တွန်း

(UN News Centre မှ 14 March 2013 ရက်စွဲပါ “Myanmar Ban encourage parties to reach ceasefire to end conflict in Kachin” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Online

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား နောက်ဆုံး ဆွေးနွေးပွဲရလာဒ်နှင့် ရေရှည် အပစ်ရပ်စဲရေးကို ဦးတည်လုပ်ဆောင်သွားကြရန် သဘောတူညီ ခဲ့ကြခြင်းကို ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့ကြိုဆိုလိုက်ပါသည်။

မျှတသော၊ စစ်မှန်သော၊ ရေရှည်ခံသော အဖြေတွေ့ရန် ကြိုးစားမှုများကိုနှစ်ဆမြှင့်ကြရန်နှင့် အပစ်အခတ်ရပ်စဲရေး ရရှိ အောင်ကြိုးပမ်းကြရန် သက်ဆိုင်ရာအဖွဲ့များကို အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းကြောင်းနှင့် သို့မှသာ လွတ်လပ် ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံတစ်လွှား ငြိမ်းချမ်းရေးရ မှာဖြစ်ကြောင်း ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ ထုတ်ပြန် သောကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သော နှစ်ဆန်းတွင် အစိုးရတပ်များက ကချင်လက်နက်ကိုင်အဖွဲ့ကို ၃ ပတ်ခန့် အင်အားသုံး ထိုးစစ်ဆင်ခဲ့ပြီးနောက် အစိုးရက အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ ကချင်ပြည်နယ်တွင် ၁၇ နှစ်အကြာအပစ်ရပ်စဲထားမှု ကျိုးပေါက်ပြီးနောက် ၂၀၁၁ ဇွန်လ နောက်ပိုင်း အစိုးရနှင့် ကေအိုင်အေ တပ်ဖွဲ့အကြားတိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ ၇၅ ၀၀၀ ခန့်နေ ရပ်စွန့်ခွာ ထွက်ပြေး နေကြရသည်။

ယခင်လက တရုတ်ပြည်နယ်စပ်တွင်ဆွေးနွေးကြရာ၌ ကချင်ပြည်နယ်အတွင်း အပြန်အလှန် တိုက်ခိုက်မှုများလျှော့ချရေး လုပ်ငန်းစဉ်ကို အတူလုပ်ဆောင်ကြရန်နှင့် ယင်းသို့လျှော့ချသည့် ဖြစ်စဉ်ကို အကဲခတ်စောင့်ကြည့်ရန် နှစ်ဖက်စလုံး သဘောတူညီ ခဲ့ကြသည်။

ဆက်ဆံရေးရုံးများ ဖွင့်လှစ်မည့် ဆုံးဖြတ်ချက်သည် ပူးပေါင်းဆောင်ရွက်ရေး၊  အကဲခတ်စောင့်ကြည့်ရေး တို့ကို တိုးတက်စေမည်ဖြစ်ပြီး ယခင်သဘောတူညီချက်များ အကောင်အထည်ဖော် ရာတွင်လည်း ချောမွေ့စေလိမ့်မည်ဟု ကုလသမဂ္ဂ ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီလိုဖြစ်လာအောင် နှစ်ဖက်စလုံးက အားထုတ်ခဲ့ကြတာကို အထွေထွေအတွင်းရေးမှူးချုပ်က ချီးကျူး ကြိုဆိုပါတယ်” ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

ထို့အပြင် ပြည်တွင်း အိုးမဲ့၊ အိမ်မဲ့ ဖြစ်သူများထိ စာနာမှု အကူအညီ မြန်ဆန်စွာ ရောက်ရှိရေးကို နှစ်ဖက်စလုံး သဘောတူ ညီခဲ့ကြပြီး ဖြစ်ရာ ကချင်ပြည်နယ်အတွင်း အကူအညီလိုအပ်နေသူများထံ ကယ်ဆယ်ရေး အကူအညီများ ဖြန့်ဝေသွား ရန် ဘန်ကီမွန်းက မျှော်လင့်နေပြီး ၎င်းကြိုးပမ်းမှုများတွင် အကူအညီလိုအပ်ပါက ကုလသမဂ္ဂထံမှ အဆင်သင့်ရရှိနိုင် ကြောင်းကြေ ညာချက်တွင် ဖော်ပြထားသည်။


              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment