Transparency Myanmar

transparency.myanmar@gmail.com

WEEK IN POLITIC
Document WEEK IN POLITIC

Snapshot of the item below:
WEEK IN POLITIC

တစ်ပတ်အတွင်း နိုင်ငံရေးသတင်း။

တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးသတင်းအကျဉ်းကို ပြည်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြလိုက်ပါသည်။

သတင်းအဖွဲ့

လူပြောများနေသော လက်ပံတောင်းတောင်အရေး

Photo Credit by AP

ယခုတစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲ၏ အရေးပါသော အဖြစ်အပျက်တစ်ခုဖြစ်သည့် လက်ပံတောင်း တောင်အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့က ထွက်ရှိခဲ့သည်။ ထိုအစီရင်ခံစာနှင့် ပတ်သက်သည့် နောက်ဆက်တွဲအဖြစ်အပျက်များ၊ ထင်မြင်ချက်၊ ဝေဖန်ချက်များ၊ စိတ်ခံစားမှုကဲသော ပဋိပက္ခများ စသည်ဖြင့် အမျိုးမျိုးပေါ်ထွက် လာသည်။

ဖေဖော်ဝါရီလကုန်တွင် ထွက်ရှိမည်ဟု ကြားသိရသော်လည်း နိုင်ငံတော်သမ္မတ၏ ဥရောပခရီးစဉ်ကြောင့်သမ္မတပြန် လာသောအခါမှ အစီရင်ခံစာကို သမ္မတထံ မတ်လ ၁၁ ရက်နေ့က တင်ပြခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင် မတ်လ ၁၂ ရက်နေ့က အပြည့်အစုံဖော်ပြပါရှိခဲ့သည်။ တပြိုင်နက်တည်းမှာပင် ယင်းအစီ ရင်ခံစာနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအစီ ရင်ခံစာအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကော်မတီ ဖွဲ့စည်းကြောင်းကိုပါ ယင်းနေ့နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိခဲ့သည်။

အစီရင်ခံစာအရ လက်ပံတောင်းတောင်စီမံကိန်းအား လိုအပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပြီး ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ဝမ်ပေါင်၊ ဦးပိုင်တို့က စာချုပ်ပြန်ချုပ်ဆိုကာ မြန်မာနိုင်ငံ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကတိကဝတ်နှင့် နိုင်ငံ တကာဆက်ဆံရေးလည်း မပျက်ယွင်း၊ လက်ပံတောင်းတောင်ကြီး၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုလည်း အနည်းဆုံး ဖြစ်စေရန် စီစစ်မှုများအကောင်အထည်ဖော် ဆောင်ရွက်ပြီး စီမံကိန်းကို ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် ဖော်ပြပါရှိ သည်ကို လက်ပံတောင်းတောင် ဒေသခံများက ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ကြသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒေသခံများနှင့် သွားရောက်တွေ့ဆုံညှိနှိုင်းသောအခါ စိတ်ခံစားမှုများ လွန်ကဲ နေသော ဒေသခံပြည်သူများ၏ ဆန့်ကျင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ကို အင်တာနက်စာမျက်နှာ များတွင်ရော၊ ပြည်တွင်း ပြည်ပ ဂျာနယ် သတင်းစာများတွင်ပါ တွေ့မြင်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလုပ်သည်ဆိုရာတွင် အမုန်း ခံနိုင်ရ မည်ဖြစ် ပြီးတစ်နိုင်ငံလုံးအကျိုးအတွက် အစီရင်ခံစာပါအချက်များကို အပြုသဘောဖြင့် ထုတ်ပြန်ခဲ့ကာ ဒေသတစ်ခုတည်း ကို ကြည့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မတ်လ ၁၄ ရက်နေ့တွင် ဓနသဟာယနိုင်ငံများသို့ ထွက်ခွာသွားရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းဒေသသို့ သွားရောက်မည့်ခရီးစဉ်အတွက် လုံခြုံရေးဆိုင်ရာ ဂရုစိုက်ပေးရန် ညွှန်ကြား ခဲ့သည်ဟု သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်မှာ မြန်မာနိုင်ငံ၏ အဓိကခေါင်းဆောင် နှစ်ဦး၏ နိုင်ငံ့အကျိုးအတွက် အပြန်အလှန် ပူးပေါင်းလုပ်ဆောင်နေမှုကို မြင်တွေ့နိုင်သည်။

မည်သို့ပင်ဖြစ်စေ ဤလက်ပံတောင်းတောင်အရေး၏ ရလဒ်သည် မြန်မာနိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ မည်ပုံ ဖြစ်စေမည်ဟူသည်မှာ အပြောင်းအလဲကို ဖော်ဆောင်နေသော မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသည့် အလှည့် အပြောင်းတစ်ခုဖြစ်စေမည်ဖြစ်သည်။ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကမူ လက်ပံတောင်းတောင်ဒေသခံများအနေဖြင့် အပြောင်းအလဲကို သတ္တိရှိစွာ ရင်ဆိုင်နိုင်ရ မည်ဖြစ် ကြောင်း ပြောကြားသည်ကို ကြားရသောအခါ “Who moved my Cheese” ‘ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ သလဲ’ ဟူသောစာအုပ် ကို ပြေးမြင်ယောင် မိပါ ကြောင်း။

 ငြိမ်းချမ်းရေးစကားဝိုင်း

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့တွင် ဒုတိယအကြိမ်အဖြစ် KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အစိုးရနှင့် ကေအိုင်အိုအကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေးရရှိသည်အထိ ဆက်လက် ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြသည်။ ဆွေးနွေးပွဲတွင် နှစ်ဖက် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ် ပြန်ချက်တွင် ပဋိပက္ခဖြစ်ပွားသော ရှေ့တန်းစစ် မြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်ရန်နှင့် နှစ်ဖက် ပိုမိုနီးကပ်စွာ ညှိနှိုင်း ဆာင်ရွက် နိုင်ရန်ညှိနှိုင်း စောင့်ကြပ်ရေးရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိ သွားရန်သဘောတူခဲ့ ကြကြောင်းသိရှိရ သည်။

သမ္မတကြီး ဦးသိန်းစိန်ပြောကြားသလို ခိုင်မာသော ငြိမ်းချမ်းရေးအား ယင်းစာပွဲဝိုင်းဆွေးနွေးပွဲများမှတဆင့် ဖော်ဆောင် နိုင်မည်ဟု ပြည်သူအားလုံးက မျှော်လင့်နေသည်အတွက် KIO နှင့် ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ ပါသည်။

ထို့ပြင်ငြိမ်းချမ်းရေးအတွက် လိုင်ဇာအထိ ဆန္ဒပြလမ်းလျှောက်ကြသော အဖွဲ့သည် မတ်လ ၁၃ ရက်နေ့ နေ့လည် ၂ နာရီတွင် လိုင်ဇာသို့ရောက်ရှိပြီဖြစ်ကာ ကေအိုင်အိုကြိုဆိုရေးကော်မတီက ယင်းအဖွဲ့ကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရ သည်။

 ဝေဖန်ချက်မျိုးစုံဖြင့် ပြီးဆုံးခဲ့သော NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ

Photo Credit by AFP

မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်သွားသော NLD နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဗဟိုကော်မတီဝင် ၁၂၀ နှင့် အရန်ဗဟိုကော်မတီဝင် ၃၀ တို့ကို မဲစနစ်ဖြင့်ရွေးချယ်သွားပြီး ပါတီဥက္ကဋ္ဌနေရာကို ဒေါ်အောင်ဆန်း စုကြည်ကိုပင် ပြန်လည် ရွေးချယ်ခဲ့သည်။ ထိုညီလာခံတွင် ၂၀၁၀ ရွေးကောက်ပွဲကာလ၌ ပါတီမှ ခွဲထွက်သွားသော ပါတီဝင်ဟောင်းများ၏ ပါတီပြန်လည် ဝင်ရောက်ခွင့်ကိုမူ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သဖြင့် ပါတီပြန်လည်ဝင်ခွင့်မရရှိခဲ့ပေ။

ညီလာခံ ပထမနေ့တွင် ကယားပြည်နယ်မှ ပါတီဝင်တစ်သောင်းကျော်နှုတ်ထွက်သွားခဲ့သည်။ ထို့ပြင် ရွေးချယ်လိုက်ပြီး သော NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား စမ်းသပ်သွားမည်ဖြစ်ကြောင်း၊ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ချိတ်ဆက်သွားရန် လူဟောင်းများမှာ ကျွမ်းကျင်မှုရှိ၍ ပစ်ပယ်၍မရကြောင်း၊ တိုင်းရင်းသားများ၊ လူငယ်များ၊ အမျိုးသမီး များကို လည်း ဦးစားပေိးုင် ရန်ကြိုးစားနေကြောင်း စသဖြင့် ပြန်လည်ရွေးချယ်ခံရသော ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ ပြည်ခိုင်ဖြိုး ပါတီမှလည်း NLD ပါတီသည် ၂၀၁၅ တွင် ပြိုင်ဘက်အဖြစ်ထက် နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ကိုသာပိုမိုဦးတည် မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိက အင်အားအကြီးဆုံး ပါတီကြီးများ၏ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြင်းပြကြမှုများမှာ မြန်မာ့နိုင်ငံ ရေးအပြောင်းအလဲအတွက် အရေးပါသော ဖြစ်စဉ်ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် ပြောကြား သည့်အတိုင်း အမှန်တ ကယ် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်သန်လျှက်။

အခြားဖြစ်စဉ်များ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တင်သွင်းသော အပြစ်မဲ့ပြည်သူတွေကို သောင်းကျန်းသူအဖွဲ့နှင့် ဆက် သွယ်သည်ဟုဆိုပြီး မတရားအသင်း အက်ဥပဒေအရ အရေးယူမခံရအောင် မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေ ၁၄) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်သည်။

ရန်ကုန်တွင်လည်း မန္တလေးကဲ့သို့ နိုင်ငံသားမဟုတ်သူများ များပြားနေသည့်အတွက် စိစစ်ဆောင်ရွက်သင့် ကြောင်း သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

ဆက်သွယ်ရေးဥပဒေကြမ်းပါ  “သတင်းအချက်အလက်များ ကြားဖြတ်ရယူခြင်း” တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို မထိခိုက်စေရန်အတွက် ဖြည့်စွက်မှုအချို့ပြုလုပ်ရန် အမျိုးသားလွှတ်တော် တွင် တင်သွင်း ခဲ့သည်။

ပုံနှိပ်သူများနှင့် ထုတ်ဝေရေးလုပ်ငန်း ဥပဒေမူကြမ်းအတည်ပြုမှုကို ရွှေ့ဆိုင်းထားရန် ကြိုးစားမည်၊ မီဒီယာဥပဒေ ထွက် သောအခါ ပေါင်း၍ရလျှင် ပေါင်းရန်ကြိုးစားမည်ဟု အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုး တက်မှု ကော်မတီ ဥက္ကဋ္ဌသူရဦး အေးမြင့်က ပြောကြားခဲ့သည်။

ထိုသို့ပင် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍-----------

ရွာငံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၏ တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) မျိုးနှင့် ပတ်သက်၍ မည်သည့်အစိုးရလက်ထက်က စာရင်းပြုစုရရှိလာခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြန်လည်ဖြေကြားရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေ သည်ဟု နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(ရန်ကုန်) ဥက္ကဌ ဦးနော်အောင်ဆန်းက မတ်လ ၁၁ ရက်နေ့တွင်ပြောကြား ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၆(က)မှာ အတည်ပြုသတ်မှတ်ပေးပြီးဖြစ်သည့်အတွက် နာဂမျိုးနွယ်စုသည် ချင်းတိုင်းရင်းသား မျိုးနွယ်စုကြီး၌ ပါဝင်ခြင်းမရှိကြောင်းကိုလည်း ရှင်းပြခဲ့သည်။

ထို့ပြင် ထိုကဲ့သို့ နာဂလူမျိုးများကို ချင်းလူမျိုးများထဲတွင် ထည့်သွင်းဖော်ပြမှုသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း နာဂလူမျိုးများနှင့်ဆိုင်သော အဖွဲ့အစည်း ၅ ခုကလည်း သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

လူ့အခွင့်အရေးနေ့နှင့်ပတ်သက်သည့် အခြားဖြစ်စဉ်တစ်ခုမှာ----------------

၁၉၈၈ ခုနှစ်၊မတ်လ ၁၃ ရက်နေ့က ရန်ကုန် စက်မှု တက္ကသိုလ် (RIT) ပဉ္စမနှစ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့မှာ အဓိက ရုဏ်းနှိမ်နင်းရေး လုံထိန်းရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရာမှ ထိုနေ့ကို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစု များက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၈၈၈၈ အရေးတော်၏ အစဖြစ် သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ မူလက(ဖုန်းမော်နေ့) အခမ်းအနားကို ဒေလီမြို့ရှိ ဒီမိုကရေစီ အင်အား စု ၃ဝ ကျော် တက် ရောက်ခဲ့ကြသည်။

ထိုနေ့ကို တရားဝင်လူ့အခွင့်အရေးနေ့အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုမည်ဟုလည်း သိရသည်။


                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment