Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (2)
Document ON INTERNATIONAL MEDIA (2)

Snapshot of the item below:
ON INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ

  1.  မြန်မာနိုင်ငံသို့ အကူအညီစီးဝင်မှုများလွန်းခြင်းသည် ဆေးမဖြစ်ပဲဘေးဖြစ်နိုင်ဟု ကျွမ်းကျင်သူများ ထောက်ပြ

(AFP News မှ 15 March 2013 ရက်စွဲပါ “Experts say aid flowing to Myanmar may hinder, not help” သတင်းကို ဘာသာ ပြန်ဆိုပါသည်)


 မြန်မာနိုင်ငံသို့ အကူအညီစီးဝင်မှုများလွန်းခြင်းသည် ဆေးမဖြစ်ပဲဘေးဖြစ်နိုင်ဟု ကျွမ်းကျင်သူများ ထောက်ပြ

(AFP News မှ 15 March 2013 ရက်စွဲပါ “Experts say aid flowing to Myanmar may hinder, not help” သတင်းကို ဘာသာ ပြန်ဆိုပါသည်)

နိုင်ငံတကာ အစိုးရများ၊ အေဂျင်စီများအနေဖြင့် မြန်မာနိုင်ငံတွင် စေတနာကောင်းသော်လည်း ဦးတည်ချက်ဝေဝါးသည့် ကူညီထောက်ပံ့မှုများလျှံနေခြင်းကို သတိပြုဖို့လိုကြောင်း ကျွမ်းကျင်သူများက ကြာသာပတေးနေ့တွင် သတိပေးပြောဆိုလိုက်ပြီး ဘေးမဖြစ်အောင်ဦးစွာဆောင်ရွက်ကြရန် တိုက်တွန်းပြောဆို လိုက်ပါသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် သက်တမ်း ၂ နှစ်ပြည့်ကာနီးလာသလို အံ့အားသင့်ဖွယ်နိုင်ငံရေး၊ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လာသည့်နှင့်အမျှ တိုင်းပြည်တွင်းသို့ နိုင်ငံခြားအထောက်အပံ့များ လည်း စီးဝင်လာနေသည်။

သို့သော်လည်း နိုင်ငံခြားအထောက်အပံ့စီးဝင်မှုသည် မြန်မာနိုင်ငံ၏ စုတ်ယူနိုင်စွမ်းထက် ပိုများနေဖွယ်ရှိကြောင်း ထင်ရှား သည့်အထောက်အထားရှိနေသည်ဟု အမေရိကန်စီးပွားရေး အတိုင်ပင်ခံအဖွဲ့ Nathan Associates က ထုတ်ပြန်သော အစီရင်ခံ စာသစ်က ဆိုပါသည်။

အစီရင်ခံစာ ပူးတွဲရေးသားသူ Brooking Institute မှ အကြီးတန်းပညာရှင် လက်စ်ရက်ဖယ် က “မြန်မာနိုင်ငံဟာအထင်ကရ အသွင်ကူးပြောင်းမှုကို ပြုလုပ်နေပါတယ်။ ဒါဟာ လွယ်ကူတဲ့ အသွင်ပြောင်းမှု မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော့်အထင် ရလာဒ် ကလည်း တော်တော့ကို မရေရာဘူးလို့ ဆိုရပါလိမ့်မယ်။ အရာရာကောင်းသွားလိမ့်မယ်လို့တော့မထင်ပါနဲ့။ လမ်းလွဲတွေ အများ ကြီးကို ရောက်သွားနိုင်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

“မြန်မာနိုင်ငံဟာ အကူအညီလိုအပ်နေမယ့်လည်း ကျွန်တော်တို့လုပ်ပေးနိုင်တဲ့အရာရာဟာ အားလုံး အမှန်တကယ် အထောက်အကူ မဖြစ်နိုင်ဘူးဆိုတာကို သိနိုင်ဖို့အတွက်တော့ ပါးနပ်နားလည်မှုရှိဖို့လိုပါတယ်” ဟု ရက်ဖယ်က ဆိုပါသည်။

နိုင်ငံတကာ အစိုးရများ၊ အင်ဂျီအိုများ၊ ရုပ်ရှင်စတားများထံမှ တွေ့ဆုံရန် ချိန်းဆိုမှုများဖြင့်  မြန်မာ တာဝန်ရှိ သူများ လက်မ လည်ကြဟုလည်း သိရှိရသည်။

သို့သော် ယင်းသို့တွေ့ဆုံရန် ချိန်းဆိုမှုများသည် အစိုးရရင်ဆိုင်နေရသော စိန်ခေါ်မှုများထံမှ အချိန်နှင့် စွမ်းအင်ကိုဖဲ့ယူနေ သည်ဟု ဆိုပါသည်။

အစီရင်ခံစာပူးတွဲရေးသားသူ နောက်တစ်ဦးဖြစ်သည့် US Agency for International Development မှ ယခင်အကြီးတန်း စီးပွားရေးပညာရှင် ဂျိမ်းဖော့က် က “အကြီးဆုံးပြဿနာ တစ်ခုကတော့ အလှူရှင်တွေရဲ့ မျှော်မှန်းချက်တွေပဲလို့ ကျွန်တော် ထင်တယ်” ဟု ပြောကြားသည်။ “အလှူရှင်တိုင်းဟာ ကိုယ့်အစီအစဉ်နဲ့ကို ကွဲကွဲပြားပြားလုပ်ချင်နေကြတယ်” ဟု၎င်းက ဆိုသည်။

ဤပြဿနာကြောင့် အေဂျင်စီများ အတူတကွ လက်တွဲမလုပ်နိုင်သည့် “ရန်ပုံငွေ ဗရမ်းဗတာခွဲဝေမှု” အခြေအနေသို့ရောက် အောင်တွန်းပို့သလိုဖြစ်နေသော်လည်း အေဂျင်စီများသည် မြန်မာနိုင်ငံ၏ လက်တွေ့ပကတိ အရှိတရားနှင့် မကိုက်ညီသော အစီအစဉ် များဖြင့် ကိုယ့်နေရာအတွက်ကိုယ် အလုအယက် တိုက်ပွဲဝင်နေကြပါသည်။

သာဓကအနေဖြင့် နယူးဇီလန်သည် လာမည့် ၅ နှစ်လုံးလုံး ၎င်း၏ ကူညီငွေ ၈၅% ကို မြန်မာအစိုးရ အတွက် အရေးတကြီး ဦးစားပေးမဟုတ်သော နို့နှင့်နို့ထွက်ပစ္စည်းမွေးမြူရေးလုပ်ငန်းတွင် သုံးစွဲရန် ဆုံးဖြတ်ထား ခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

သို့သော်လည်း အရှေ့အာရှ၊ ပစ္စဖိတ် ရေးရာအမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းက မြန်မာနိုင်ငံ သို့ စီးဝင်နေသော အကူအညီများလွန်းနေသည်ဟူသော အချက်ကိုသဘောမတူပဲ “အခု လူတိုင်းအပေါ် ရှိနေတဲ့ တာဝန်ကတော့ အရှိန်ကို ဆက်ထိန်းထားဖို့ပါပဲ” ဟု ပြောကြားသည်။

“အမေရိကန်က ပေးနိုင်တဲ့ ထိတွေ့ဆက်ဆံကူညီမှုတွေဟာ အသုံးမဝင်ဘူးလို့ ကျွန်တော် မထင်ပါဘူး ပိုကောင်းအောင် လုပ်နိုင်မယ့် ခံစားမှုတွေပဲရှိနေတယ်လို့ ကျွန်တော်ထင်တယ်”

“နှစ်ပေါင်း ၆၀ ကျော် ဒုက္ခတွေ့ခဲ့တဲ့ ဒီနိုင်ငံဟာ ဒီအခွင့်အရေးကောင်းနဲ့ထိုက်တန်ပါတယ်။ သိပ်ကို အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်” ဟု ဂျိုးဇက်ယွန်း ကအကောင်းဖက်မှ ရှုမြင်သုံးသပ် ပြောဆိုခဲ့သည်။


                 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment