Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ကချင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သတင်း ထုတ်ပြန်
  2. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဖွဲ့များ လာမည့်လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းမည်
  3. ဖြစ်ပွားခဲ့သော ပဋိပက္ခများနောက်ကွယ်တွင် နိုင်ငံရေးပါတီများပါဝင်နေကြောင်း တွေ့ရှိ
  4. အနည်းဆုံး အခကြေးငွေဥပဒေက အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းကိုမြင့်တက်လာစေမည်

ကချင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သတင်း ထုတ်ပြန်

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ မတ်လ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် အမှတ်(၂/၂၀၁၂)ကို ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ် မြောက်ရေး တပ်မတော်တို့(KIO)တို့ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌တွေ့ဆုံ ညှိနှိုင်းမှုများပြုလုပ်၍ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်မှုနှင့် နိုင်ငံတော်အစိုးရမှ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအပေါ် အရှိန်အပာုန်မြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေး မည်ပာု ပြောကြားမှုအပေါ် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကြိုဆိုကြောင်း ဖော်ပြပါရှိသည်။

ထိုသို့ နိုင်ငံတော်မှ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပထမဦးစွာ လက်နက်ကိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ ဒေသခံများအား မိုင်းအသိပညာပေးခြင်းများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို ပြုလုပ်ရန်လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း ကျေးရွာပြည်သူများအပေါ် မည်သည့်အကြောင်းနှင့်မျှ လူ့ အခွင့်အရေး ဖောက်ဖျက်ခြင်းနှင့် အဓမ္မတပ်သား စုဆောင်းခြင်းများကို မပြုလုပ်ရန်နှင့် နိုင်ငံတကာ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လုံခြုံချောမွေ့စွာ ပို့ဆောင်နိုင်ရေးကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။

မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၁ ခုနှစ်ဒီဇင်ဘာလနှင့် ၂၀၁၂ ခုနှစ် ဇူလိုင်လတို့တွင် ကချင် ပြည်နယ်သို့သွားရောက်၍ ရပ်ရွာစွန့်ခွာတိမ်းရှောင်သူများအား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီရရှိရေး တို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

YC


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဖွဲ့များ လာမည့်လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းမည်

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ပြည်သူလူထုတစ်ရပ်လုံးမှ ထောက်ခံဆန္ဒမဲပေးခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီနှင့် ကော်မရှင်များကို လာမည့်လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းတာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ၊ ကော်မရှင်များအားဖွဲ့စည်းရာတွင်လွှတ်တော်တွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီများ၊ ပြည်ပရောက် နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရှိ ကိုယ်စားလှယ်များ မှာ ကော်မရှင်တွင် ပါဝင်ခွင့်ရမည်ဖြစ်သော်လည်း ကော်မရှင်တွင်မူ ပါဝင်ခွင့်ရရှိမည်မပာုတ်ကြောင်း ၎င်းကဆက်လက် ပြော ကြားသည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံသို့ သဝဏ်လွှာပေးပို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ(သို့)ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရေး အကြံပြုချက်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် ပထမဆုံး အသုံးပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိအတိုင်းကျင့်သုံးပြီး ပြင်ဆင်မှုမပြုလုပ်ပါက လွှတ်တော်တွင်း အခြေအနေများမှာ အသက် မဝင်သည့်အတွက် ပြည်သူ့အကျိုးများကို ဆောင်ရွက်နိုင်မည်မပာုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင်မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာနိုင်ရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရုံဖြင့် လုံလောက်မည်မပာုတ်ဘဲ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လုံးဝဖျက်သိမ်း၍ အသစ်ပြန်လည်ရေးဆွဲ ရမည်ဖြစ်သည့်အပြင် အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးဆွဲရန် ပင်လုံညီလာခံကို အခြေခံသော ညီလာခံတစ်ရပ် ကျင်းပသွားရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် ကျင်းပခဲ့သည့် “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆွေးနွေးပွဲတွင် ကယန်းပြည်သစ် ပါတီမှ ဦးစိုင်းထွန်းအေးက ပြောကြားသည်။

YC


ဖြစ်ပွားခဲ့သော ပဋိပက္ခများနောက်ကွယ်တွင် နိုင်ငံရေးပါတီများပါဝင်နေကြောင်း တွေ့ရှိ

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော ဆူပူအကြမ်းဖက်မှုများတွင် နိုင်ငံရေးပါတီများ ပါဝင်ပတ်သက်မှု ရှိနေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက မတ်လ ၂၆ ရက်နေ့ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း နိုင်ငံရေးပါတီအချို့တွင် ပါတီများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု မရှိဘဲ ဆောင်ရွက်လျက်ရှိသော ပါတီများကိုတွေ့ရှိနေရပြီး ၎င်းတို့၏လုပ်ရပ်များသည်  မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင် ရေးဖြစ်စဉ်များကို ထိခိုက်စေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ထပ်မံပြောကြား ခဲ့သည်။

ယခု ဖြစ်ပွားနေသော အကြမ်းဖက်မှုဖြစ်စဉ်များတွင် နိုင်ငံရေးပါတီအချို့ပါဝင်နေသည်ကို တွေ့ရှိနေရသည့်အတွက် မိမိတို့ပါတီများ ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် ထိန်းသိမ်းရန်နှင့် အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်နေသော နိုင်ငံရေး ပါတီများ၏ အထောက်အထားများကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသွားရန်ရှိသည့်အကြောင်းကို ရန်ကုန်တိုင်းဝန်ကြီးမှ ခေါ်ယူပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်(NNDP)မှ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ ၂၅ ရက်နေ့မှစတင်၍ ဖြစ်ပေါ်လျက်ရှိသော ကောလဟာလများကြောင့် လုံခြုံရေးအင်အားကိုတိုးမြှင့်ကာ ပုဒ်မ ၁၈၈ နှင့်ဆက်စပ်သော ည ၉ နာရီနောက်ပိုင်း ဈေးဆိုင်များပိတ်သိမ်းရန် ညွှန်ကြား ထားပြီး လိုအပ်ပါကလုံခြုံရေးထပ်မံတိုးမြှင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်တစ်ဦး၏ ပြော ကြားချက်အရ သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ၂၉ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရ သည်။

YC


အနည်းဆုံး အခကြေးငွေဥပဒေက အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းကိုမြင့်တက်လာစေမည်

ပြည်တွင်းရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေဥပဒေကို အသစ်ပြန်လည်ရေးဆွဲထားပြီး ဖြစ်သော ကြောင့် ယင်းဥပဒေအရ အလုပ်သမားနှင့် အလုပ်ရှင်များအကြား လုပ်အားခနှင့်ပတ်သက်သော အငြင်းပွားမှုများကို လျော့ချ နိုင်မည်ဖြစ်သည့်အပြင် အလုပ်သမားများ၏ လူနေမှုဘဝ အဆင့်အတန်းများကို မြင့်မားလာစေလာနိုင်တော့မည် ဖြစ်ကြောင်း စီးပွားရေးပညာများက သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း တို့တွင် လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမားများနှင့် ၎င်းတို့မိသားစုများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန်ရည်ရွယ်ပြီး အဆိုပါ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေကို ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဆိုင်ရာ ဥပဒေဟုခေါ်တွင်ရမည်ဖြစ် ကြောင်း သိရသည်။

သို့သော် အလုပ်ရှင်များ၏ မိသားစုဝင်များ၊ နိုင်ငံဝန်ထမ်းများနှင့် ပင်လယ်ကူးသင်္ဘောသားများမှာ ယင်းဥပဒေ၏ အလုပ်သမားများ၊ ဝန်ထမ်းများစာရင်းတွင် ပါဝင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ယခု အနည်းဆုံးအခကြေးငွေဆိုင်ရာ ဥပဒေထွက်ပေါ်လာသော်လည်း နည်းဥပဒေထွက်ရှိရန် ကျန်ရှိနေသေးပြီး ယင်းဥပဒေအရ လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ရရှိမည့်အခကြေးငွေအပြင် အခြားခံစားခွင့်လည်းရှိနေသောကြောင့် Cost of Living တွက်ချက်ရဦးမည်ဖြစ်ကာ အနည်းဆုံးအခကြေးငွေ ပမာဏာကိုမှု အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၏အကြံပေးအရာရှိ ဒေါက်တာမောင်အောင်ကပြောကြား ခဲ့သည်။

ယင်းဥပဒေတွင် အခန်းပေါင်း ၁၁ ခန်းရှိပြီး အခန်း ၅ တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အလုပ်သမားများနှင့် ၎င်းတို့မိသားစု လိုအပ်ချက်များ၊ လက်ရှိလုပ်အားခများ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ၊ စားဝတ်နေရေးကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ်တို့၏ပြောင်းလဲချက်များ၊ လိုက်လျောညီထွေရှိမည့် လူနေမှုဘဝအဆင့် အတန်း၊ နိုင်ငံတော်၏ စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လိုအပ်ချက်များနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်း၊ နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အသက် အန္တရာယ်ဖြစ်စေနိုင်သော အလုပ်၊ လုပ်ငန်းခွင်၏ သဘောသဘာဝ၊ ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည် ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက်များကို အခြေခံပြီးတွက်ချက်ရမည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။

YC


                

 

 

 

 

 

        

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment