Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“ကျွန်တော်တွေ့ဆုံစကားပြောခဲ့တဲ့ လူအများစုက သူတို့အပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို တကယ် မမှတ်မိဘူး။ သူတို့ဟာ ပြင်ပမှလူတွေဖြစ်ဖွယ်ရှိကြောင်း ပြောပြကြတယ်။ ဒါပေမယ့် သူတို့ပစ်မှတ်ထားခံရတယ် ဆိုတာ ရှင်းပါတယ်”

ဧပြီ ၂ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၁) တွင်ပါရှိသော “မစ္စတာနမ်ဘီးယားက မိတ္ထီလာတွင် အကြမ်းဖက်မှုများဖြစ်ပေါ်အောင် ဘာသာရေးအရလှုံဆော်မှုများ ရှိနေကြောင်း ပြစ်တင်ပြော ကြား” သတင်းမှ  မစ္စတာနမ်ဘီးယား၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အလင်းဝင်လာတာ မဟုတ်ဘူး။ လက်နက်ချတာလည်း မဟုတ်ဘူး။ အပစ်ရပ်တာပါ။ ကျွန်တော်တို့ အပစ်ရပ်တယ်ဆိုတာ ရပ်တဲ့ကာလမှာ ကျွန်တော်တို့ လုပ်ငန်းတွေလုပ် ဖို့တိုင်ပင်တာအဓိပ္ပာယ်ပြည့်ဝတဲ့နိုင်ငံရေး၊ ဆွေးနွေးပွဲလိုမျိုးဖြစ်ဖို့ဆိုရင် UNFC ကနေတဆင့် တွေ့ဆုံဆွေးနွေးမှ ဖြစ်နိုင်မှာဖြစ်တယ်။ နောက်ထပ်လည်း အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက်ဖြစ်ပေါ်ဖို့လိုတယ်”

ဧပြီ ၂ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၁) တွင်ပါရှိသော “ပအို့ဝ် PNLO နှင့် မြန်မာငြိမ်းချမ်းရေးကော်မတီတို့ ပြည်ထောင်စုအဆင့်တွင် အချက် ၁၀ ချက်သဘောတူ” သတင်းမှ  PNLO ဥက္ကဋ္ဌ ဦးခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မွန်မြတ်တဲ့ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီးအလွဲသုံးတဲ့ အယူသီးအစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ဘာသာတရား တွေအကြား အမုန်းတရားတိုးပွား အောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမှာဖြစ်တယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၂) တွင်ပါရှိသော “ပြည်သူ တွေကို ထိပါးရင် အင်အားသုံးပြီးကာကွယ်မည်ဟု သမ္မတပြော” သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“လွတ်လပ်ရေးရပြီးနောက်ပိုင်း အယူအဆတွေကွဲလွဲပြီး၊ ရောင်စုံသူပုန်တွေထလာတယ်။ ဒီလိုနဲ့ တပ်မတော်ကို အားကိုးခဲ့ ရတယ်။ အခုလည်း ပဋိပက္ခတွေတစ်ခုပြီး တစ်ခု ဖြစ်နေတယ်။ လုံခြုံရေးအရ လိုအပ်လို့တပ်မတော်ကို အားကိုးရမယ်ဆိုရင် အတိတ်က နိုင်ငံရေးဖြစ်စဉ်တွေကို မမေ့ဖို့လိုတယ်။ သတိကြီးကြီးနဲ့ ဝိုင်းဝန်းဖြေရှင်းကိုင်တွယ် ရမှာဖြစ်တယ်။”

မတ်လ ၂၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၂) တွင်ပါရှိသော “ပဋိပက္ခတွေကြောင့် နောက်ပြန်ဆုတ် သွားတာမဖြစ်ဖို့လို” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အဲဒါကြောင့်မို့လို့ ကျွန်မက ဒီမိုကရေစီအတွက်လုပ်နေတာပဲ။ တစ်ခါတစ်လေတော့လဲ မှန်မှန်ပြောရရင် ကျွန်မစိတ်တိုတယ်။ ဘယ့်နှယ့်ကြောင့် ပြောမရဆိုမရ ဖြစ်နေပါလိမ့်ဆိုပြီး စိတ်တိုတယ်။ ဒါပေမယ့်လည်း အခြေခံအားဖြင့်တော့ ကျွန်မယုံကြည် တယ်။ ကျွန်မယုံကြည်မှု အပြည့်အဝရှိတယ်။ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်။ ဒါပေမယ့်လည်း ကျွန်မတို့ရုန်းကန်ရမယ်။ ကြိုးစားရမယ်။ လွယ်လွယ်နဲ့တော့ မဖြစ်ဘူး။ ဒီရုန်းကန်ရင်းနဲ့ကြိုးစားရင်းနဲ့ တစ်ခါတလေ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရင်းနဲ့ တစ်ခါ တလေတော့လဲ ချော်လဲပြီးတော့ထရင်းနဲ့ ပြန်ပြီးရုန်းကန်ရင်းနဲ့ ပြန်ပြီးတော့တိုးရင်းနဲ့ ကျွန်မတို့ဟာ တိုးတက်သွားမယ် ဆိုတာ ကျွန်မယုံကြည်တယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၂) တွင်ပါရှိသော “မတူကွဲပြားမှုရှိမှ ဆင်ခြင်တက်တဲ့ အလေ့အကျင့်တွေဖြစ်လာမှာ”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 NEWS IN BRIEF

ဦးသိန်းစိန်၏မိန့်ခွန်းအား အမေရိကန်ကြိုဆို

မြန်မာနိုင်ငံအတွင်း လကရှိဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများနှင့်ပက်သက်၍ မတ်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်မှ နိုင်ငံတစ်ဝှမ်းမိန့်ခွန်း ပြောကြားသည့်အပေါ်တွင် အမေရိကန်မှ အခြေခံအားဖြင့်တော့ လက်ခံကြိုဆိုကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် လူ့အခွင့်အရေးခြေခံများကို လေးစားလိုက်နာရန် လိုအပ်ကြောင်းကို အမေရိကန် ပြည်ထောင်စုအနေဖြင့် တိုက်တွန်းကြောင်းကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ Victoria Nuland မှ မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့ကြောင်းသိရသည်။


သမ္မတဟောင်း ဂျင်မီကာတာမြန်မာပြည်လာမည်

အမေရိကန်သမ္မတဟောင်းဂျင်မီကာတာဟာ ဧပြီလဆန်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံပဋိပက္ခဒေသများတွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် မကူအညီပေးရန် လာရောက်မည်ဖြစ်ကြောင်း သိရ သည်။ ၎င်း၏ခရီးစဉ်မှာ မတ်လ ၂၉ ရက်မှ ဧပြီလ ၆ ရက်နေ့တွင်ဖြစ်ပြီး နိပေါလ်နိုင်ငံသို့သွားရောက်ပြီးမှ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်းသိရသည်။


 

မြန်မာ့စီးပွားရေးဘဏ်၏ ဖြေလျော့မှုများစတင်

ပြည်သူများအနေဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွင်း၊ ငွေထုတ်များ ပြုလုပ်ရာတွင် လျင်မြန်လွယ်ကူစွာလုပ်ကိုင်ဆောင်ရွက်နိုင်စေရန် လာမည့် ဧပြီလ ၂ ရက်နေ့မှစတင်၍ လုပ်ငန်း ဆောင်ရွက်မှုအဆင့်များကို ဖြေလျော့ ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။ ယခင် ဘဏ်များတွင် လွှဲငွေထုတ်ယူရာ တွင် မှတ်တမ်း အဆင့်ဆင့် ရေးသွင်းခြင်း၊ စစ်ဆေးခြင်း၊ အရာရှိမှ အတည်ပြုလက်မှတ်ရေးထိုးခြင်း စသည့် လုပ်ငန်း ဆောင်တာများကို ဦးဆုံး ဆောင်ရွက်ပေးမှ ငွေသွင်း၊ငွေထုတ်၊ ငွေလွှဲသည့်ကိစ္စရပ်များကို ဆောင်ရွက်ခွင့်ရသော်လည်း ယခု ဖြေလျော့ခြင်း အစီအစဉ်အရ ငွေထုတ်ပေးပြီးမှ အဆိုပါ လုပ်ငန်းများကို ဘဏ်ပိတ်ချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


ရေနံနှင့်သဘာဝဓါတ်ငွေ့ ပို့ကုန်သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပြု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်တွင်းတွင် တူးဖော်ထုတ်လုပ်မည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများအား ပြည်ပမှတင်သွင်းရာတွင် ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားခြင်းကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။ မတ်လ ၁၅ ရက်နေ့နေ့စွဲဖြင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများအတွက်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများအား ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ပြုကြောင်းကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။


 

မြန်မာ-ထိုင်း ကုန်သွယ်မှု ၂၀၁၃ တွင်ဘတ်ငွေဘီလီယံ ၁၀၀ ကျော်လွန်မည်

ပို့ကုန်သွင်းကုန်ဆိုင်ရာ ပိတ်ပင်တားဆီးမှုများကို မြန်မာနိုင်ငံဘက်မှ ရုတ်သိမ်းပေးလိုက်သည့်အတွက် မြဝတီနှင့် မဲဆောက် တို့အကြား နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ယခုနှစ်တွင်ဘတ်ငွေ ဘီလျံ ၁၀၀ ကျော်လွန်မည်ဟု မျှော်မှန်း ထားကြောင်းတက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆူရီယာပရာဆတ်ဘန်ဒစ်မှ ပြောကြား ခဲ့ကြောင်းသိရသည်။


ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၂ တွင် ဂျပန်သွားမည်

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ထားပြီး ဧပြီလတွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။


 

မြန်မာနိုင်ငံအတွင်း အင်ဒိုနိုင်ငံမှရင်းနှီးမြှပ်နှံမှုများပြုလုပ်မည်

မြန်မာနိုင်ငံသို့ အာဆီယံဒေသတွင်းရှိ အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံပိုင် စီးပွားရေးလုက်ငန်း ၁၅ ခုသည် စီးပွားရေး ချဲ့ထွင်ရန် အတွက် ရင်းနှီးမြှပ်နှံမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရင်းနှီးမြှပ်နှံမှုများအတွက် လာမည့်သတင်းပတ်အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ဆွေးနွေးရန်ရှိပြီင်္း လျှပ်စစ်စွမ်းအင်ကုမ္ပဏီ PTPLN ၊ရေနံကုမ္ပဏီ PT Pertamina ၊ PT Garuda လေကြောင်း လိုင်း၊ ဆက်သွယ်ရေးကုမ္ပဏီ PT Telkom နှင့် BNI ဘဏ်တို့ပါဝင်ကြောင်း အင်ဒိုနီးရှားအစိုးရ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဝန်ကြီး ဟက်တာရာဂျာဆာမှ ပြောကြားခဲ့ကြောင်း သိရသည်။


ဧရာဝဏ်နှင့်ရတနာအိမ်ရာစီမံကိန်းသစ် ကော်မတီသို့တင်သွင်းမည်

ဧရာဝဏ်နှင့် ရတနာတန်ဖိုးနည်းအိမ်ရာကို ဒီဇိုင်းပညာရှင်များ ပြန်လည်ပြင်ဆင် ရေးဆွဲလျက်ရှိရာ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီသို့ ဧပြီလတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment