![]() | INTERNATIONAL MEDIA (2) |
နိုင်ငံတကာသတင်းများ (၂)
(Xinhua မှ 19 Apr 2013 ရက်စွဲပါ “Joint anti-drug campaign on Mekong River begins” သတင်းကို ဘာသာပြန်ဆိုသည်)
(Tax News မှ 19 Apr 2013 ရက်စွဲပါ “US Reviews Burma,Laos as possible GSP beneficiaries” သတင်းကို ဘာသာပြန်ဆိုသည်)
မဲခေါင်မြစ်အတွင်း မူးယစ်ပူးတွဲနှိမ်နင်းရေး စီမံချက်ပြန်လည်စတင်
(Xinhua မှ 19 Apr 2013 ရက်စွဲပါ “Joint anti-drug campaign on Mekong River begins” သတင်းကို ဘာသာပြန်ဆိုသည်)
တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းတို့၏ မဲခေါင်မြစ်ကြောင်း မူးယစ်ဆေးဝါးပူးတွဲနှိမ်နင်းရေး စီမံချက်ဆိုင်ရာ ဌာန ချုပ်များသည် သောကြာနေ့က ဆမ်ဆောင်ပနားတွင် ပြန်လည်လှုပ်ရှားလာကြသည်။
ယင်းသို့ လှုပ်ရှားမှုသည် မူးယစ်ရာဇဝင်မှုများ ဆက်လက်ဖြစ်ပွားနေသော အရှေ့တောင်အာရှ အဓိကကုန်သွယ် လမ်းကြောင်းဖြစ်သည့် မဲခေါင်ဖြစ်တစ်လျှောက် လုံခြုံရေးအတွက် ရည်ရွယ်ထားသော နှစ်လကြာစီမံချက် တရားဝင်စတင် လိုက်ခြင်းပင်ဖြစ်သည်။
၂၀၁၁ အောက်တိုဘာလ ၃၁ ရက်နေ့က လေးနိုင်ငံကြေညာချက် ထုတ်ပြန်ခဲ့ကြသည့်အတိုင်း ယခုစီမံချက်သည် အာဏာပိုင်များ၏ မူးယစ်မှုခင်း ပူးတွဲတိုက်ဖျက်ရေးဆန္ဒပြင်းပြမှုကို ထင်ဟပ်နေသည်ဟု သောကြာနေ့အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များက ဆိုပါသည်။
မူးယစ်ရာဇဝတ်မှု ပူးတွဲတိုက်ဖျက်ရာတွင် သတင်းအချက်အလက် ဖလှယ်ရေး၊ ညှိနှိုင်း လှုပ်ရှားရေးအတွက် လေး နိုင်ငံမှ ဆက်ဆံရေးအရာရှိများကို ဌာနချုပ်များတွင် တာဝန်ပေးထားသည်ဟု သိရှိရသည်။
ယခုစီမံချက်အရ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ဒေသတွင်းမူးယစ် ဆက်စပ်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကွင်းဆက်များ၊ သယ်ယူပို့ဆောင်မှု ကွန်ယက်များ၊ မူးယစ်ဆက်စပ် တရားခံပြေးကိစ္စများကို ဌာနချုပ်များတွင် တာဝန်ပေး ထားသည်ဟု သိရှိရသည်။
မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦး အသတ်ခံရမှုကြောင့် လေးနိုင်ငံပူးတွဲကင်းလှည့် စီမံချက်ကို တရုတ်နိုင်ငံက ဖိအားပေးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ကျန်သုံးနိုင်ငံက စိတ်ဝင်စားခြင်းမရှိဟု နယ်စပ်သတင်းများက ဆိုသည်။
မြန်မာနှင့်