Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီပြည်ပ ခရီးသွားလာခွင့်ကန့်သတ်ချက်ကို ၁၉၉၆ ခုနှစ်ကချမှတ်ခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံထဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိနှိပ်မှုအပါအဝင် စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး အရပ်သားဦးဆောင်တဲ့ မြန်မာအစိုးရဟာ မြန်မာနိုင်ငံတွင်းသိသာထင်ရှားတဲ့ လူမှုရေး၊ နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်လာခဲ့ပါတယ်။ ဒါဟာ ၁၉၉၆ ခုနှစ်ထုတ်ပြန်ချက်ပါစိုးရိမ်မှုတွေ၊ ဖော်ပြထားတဲ့ အချက်တွေအပေါ်မှာ တိုးတက်အောင်မြင်လာမှုပါ။ ပြုပြင်ပြောင်းလဲမှုတွေထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ မြန်မာလွှတ်တော်ထဲမှာ သူတို့အောင်အောင်မြင်မြင် နေရာ ယူနိုင်ခဲ့တာတွေ ပါဝင်ပါတယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာ ပိတ်ပင်မှုရုပ်သိမ်း” သတင်းမှ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံပြင်ဖို့ ခွင့်ပြုချက်ကျလာပေမယ့် ဝန်ထမ်းအင်အားချက်ချင်းဖြည့်ဖို့ လူမရှိဘူး၊ ဝန်ထမ်းအင်အားရော၊ ဆက်စပ် ပစ္စည်းတွေဖြစ်တဲ့ ယာဉ်တွေ၊ ရဲ အသုံးအဆောင်ပစ္စည်းတွေ ဖြည့်ပေးမယ်ဆိုရင် အမှုတွေကို သွက်သွက်လက်လက် မြန်မြန် ဆန်ဆန်လုပ်လာနိုင်မယ်။ လုံခြုံရေးလည်း ပိုကောင်းလာနိုင်မှာပေါ့”

မေလ ၃ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၃၅၅) တွင်ပါရှိသော “လက်ရှိ ရဲတပ်ဖွဲ့အင်အား ဖွဲ့စည်းပုံအတိုင်း မဖြစ်သေး” သတင်းမှ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ရဲမှူးဦးစိုးညိမ်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကော်မရှင်ရဲ့ အစီရင်ခံစာကိုဖတ်ကြည့်တဲ့အခါ ရခိုင်တိုင်းရင်းသားတွေဘက်ကို ဇောင်းပေးပြီး ရေးထားတာတွေ့ရတယ်။ ရခိုင်ပြည်နယ် ရှေ့ရေးနဲ့ပတ်သက်ပြီး သုံးသပ်တဲ့နေရာမှာလည်း ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဋ္ဌနှင့် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်) လွှတ်တော်မှာတင်တဲ့ ရှေ့ရေးအခြေခံအားလုံးကိုပဲ သုံးသပ် ထားတာတွေ့ရတယ်။ ပြီးတော့ ရိုဟင်ဂျာဆိုတာ ရခိုင်လူမျိုးတွေဆိုပြီးတော့ ဒေါက်တာအေးချမ်းရဲ့ ဖိုရမ်မှာဆွေးနွေးသွားတဲ့ အချက်ကိုပဲ အထောက်အကူပြုပြီး သုံးသပ်သွားတာကိုပဲတွေ့ရတယ်။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင်တွေဟာ နိုင်ငံ ထူထောင်မယ့်လူက လက်နက်ကိုင်အင်အားစုရှိမှ နိုင်ငံတည်ထောင်လို့ရယ်။ ရိုဟင်ဂျာတွေမှာ လက်နက်ကိုင်အင်အားစုမရှိဘဲ ရခိုင်တိုင်းရင်းသားတွေမှာသာ လက်နက်ကိုင် အင်အားစုရှိတယ်။ ဒါ့ကြောင့်မို့ နိုင်ငံထူထောင်မယ်ဆိုရင် ဖြစ်နိုင်ခြေ ရှိသူသည် ရခိုင်တိုင်းရင်းသားများပါဖြစ်တယ်”

မေလ ၃ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၉) တွင်ပါရှိသော “ရခိုင်အစီရင်ခံစာအပေါ် ကွဲပြားခြားနား သည့် လူမှုအသိုင်းအဝိုင်းနှစ်ရပ်က မတူညီသည့် ဝေဖန်ချက်များဖြင့်တုံ့ပြန်” သတင်းမှ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမို ကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးလှဋ္ဌေး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အရင်ကဝင်ရောက်လာတဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လျှို့ဝှက်တွေ့ဆုံဆွေးနွေး ကြံစည်ခြင်း၊ လူထုအပေါ်ဒေသခံအပေါ်ဥပေက္ခာပြုခြင်း၊ ထင်သာမြင်သာမရှိခြင်းတွေကြောင့် အခုအချိန်ထိအကျိုးဆက်တွေက မချောမွေ့ သေးတာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း တရုတ်ကွန်မြူနစ်ပါတီက သဘောပေါက်ပါတယ်။ နောက်နောင် မြန်မာနိုင်ငံ ထဲကို ဝင်ရောက်လုပ်ကိုင်မယ့် တရုတ်ကုမ္ပဏီတွေ အနေနဲ့ရော ဝင်ရောက်ရင်းနှီးမြှုပ်နှံဆဲ၊ လုပ်ငန်းလုပ်ကိုင်ဆဲ တရုတ် ကုမ္ပဏီတွေအပေါ်မှာပါ မြန်မာလူထုအပေါ် ပွင့်လင်းမြင်သာအောင်လုပ်ဖို့ မှန်ကန်တဲ့နစ်နာကြေးတွေကို ဒေသခံလူထုကို ပေးဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ နှစ်နိုင်ငံချစ်ကြည်ရေး မထိခိုက်အောင် ဆောင်ရွက်ကြဖို့ဆိုတဲ့အချက်ကို သူတို့လည်း လက်ခံပါ တယ်။ တရုတ်ကုမ္ပဏီတွေကိုလည်း သတိပေးသွားတော့မယ်လို့ ကျွန်တော်တို့ ကတိပေးပြောကြားခဲ့ပါတယ်”

မေလ ၃ ရက်နေ့ထုတ် First Weekly Journal အတွဲ (၂) အမှတ် (၇၇) တွင်ပါရှိသော “မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီး မြှုပ်နှံနေကြတဲ့ တရုတ်စီမံကိန်းတွေ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး မထိခိုက်အောင် ဆောင်ရွက်ဖို့ တရုတ် ကွန်မြူနစ်ပါတီမှ တရုတ်ကုမ္ပဏီများအား သတိပေးတော့မည်ဟုဆို” သတင်းမှ တိုင်းရင်းသားပါတီတစ်ခု၏ ခေါင်းဆောင် တစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဥရောပဈေးကွက်ကို မြန်မာပို့ကုန်တွေ တင်ပို့လို့ရလာတဲ့အခွင့်အရေးကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့အတွက် မည်သည့် ကုန်စည်ကို မည်သည့်နိုင်ငံသို့ ဦးတည်တိုးမြှင့်တင်ပို့မည်ဆိုတာကို ပို့ကုန်မဟာဗျူဟာမှာ စနစ်တကျထည့်သွင်းရေးဆွဲမှာပါ”

မေလ ၃ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၃၅၅) တွင်ပါရှိသော “အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ရေးဆွဲ ခြင်းလုပ်ငန်းစီမံချက် စတင်အကောင်အထည်ဖော်”သတင်းမှ ဒုတိယသမ္မတဦးဥာဏ်ထွန်း၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


သတင်းတိုများ

အစိုးရနှင့် KIO ဆွေးနွေးပွဲသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့တက်ရန် ဆန္ဒရှိ

မကြာမီရက်ပိုင်းအတွင်း ပြုလုပ်သွားဖွယ်ရှိသော အစိုးရနှင့် KIO တို့၏ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွင် လေ့လာစောင့်ကြည့်သူ အဖြစ်ဖိတ်ကြားမည်ဆိုပါက တက်ရောက်ရန် ဆန္ဒရှိကြောင်း ဝပြည်သွေးစည်းညီညွတ်ရေး UWSA မှဦးအောင်မြင့်မှ ပြော ကြားသည်။


BBC နှင့် CNA တွင်မြန်မာခရီးသွားအကြောင်းထုတ်လွှင့်မည်

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်စားမည့် မြန်မာနိုင်ငံမှ ဒေသတစ်ချို့၏ သဘာဝရှုခင်း အလှအပများကို BBC World ရုပ်သံလှိုင်းနှင့် Channel New Asia ရုပ်သံလိုင်းတို့မှ မေလလယ်တွင် စတင်ပြသမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


ဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ သွားရောက်ရန်ရှိ

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် လာမည့်မေလ ၂၀ နှင့် ၂၁ ရက်တို့တွင် အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အစည်း အဝေးပွဲတစ်ရပ် တက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံသို့သွားရောက်မည် ဖြစ်ကြောင်း AP သတင်းဌာနတွင် ဖော်ပြ ထားချက်မှ သိရသည်။


မေလ ၂၀ တွင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူမည်

ယခုလာမည့် မေလ ၂၀ရက်တွင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူရန်ရှိကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်သမ္မတမှ မိတ္ထီလာအရေးကိစ္စနှင့် ပတ်သက်၍ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ထုတ်ထားခြင်းသည် မေလ ၂၀ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့်မြောက် မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော် နာယကအနေဖြင့် ထူးခြားသောကိစ္စမရှိပါက ဇွန်လ ၂၅ ရက်နေ့တွင် ခေါ်ယူမည်ဟု ပြောဆိုထားသော်လည်း ယခုကဲ့သို့ထူးခြားသော ကိစ္စများရှိလာသဖြင့် လွှတ်တော်ခေါ်ယူရခြင်း ဖြစ်ကြောင်း မေလ ၁ ရက်နေ့၌့ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုရုံးတွင် ပြုလုပ်သည့် လူငယ်စွမ်းရည် မြှင့်တင်ရေး အဖွဲ့များဖွဲ့စည်း ရေး အစည်းအဝေးအခမ်းအနားအပြီးတွင် ဦးလှဆွေကပြောကြားသွားခဲ့သည်။


မြန်မာနိုင်ငံတွင် Out bound tour တရားဝင်လိုင်စင်ထုတ်ပေးမည်

မြန်မာနိုင်ငံတွင်ပြည်ပသို့ခရီးသွားလာခွင့် Out bound tour နှင့်ပတ်သက်၍ ယခင်ကအိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် များကိုသာ တရားဝင်ခွင့်ပြုထားပြီး အခြားခရီးစဉ်များမှာ နားလည်မှုနှင့် သွားလာနေရခြင်းဖြစ်သည်။ ယခုအခါ နိုင်ငံသားများ အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားလာခွင့်လိုင်စင်ကို တရားဝင် ထားပေးတော့မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။


မြန်မာနိုင်ငံနှင့် အိန္ဒိယလမ်းဖောက်လုပ်ရန် ADB ဘဏ်မှထောက်ပံ့မည်

အိန္ဒိယနှင့် မြန်မာနယ်စပ်ရှိ မိုရေးနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အိန္ဒိယမြို့ ဆူတာခန္ဒီတို့ကို ဖောက်လုပ်မည့် မိုင် ၂၆၀ ရှိ အိန္ဒိယ-မြန်မာ လမ်းဖောက်လုပ်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှထောက်ပံ့မည်ဖြစ်ကြောင်း The Times of India သတင်းတစ်ပုဒ်မှ သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment