Transparency Myanmar

transparency.myanmar@gmail.com

WEEK IN POLITIC
Document WEEK IN POLITIC

Snapshot of the item below:
WEEK IN POLITIC

တစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးသတင်းဖြစ်စဉ်

သတင်းအဖွဲ့

ယခုတစ်ပတ်အတွင်း ထင်ရှားသော နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲများကို အများပြည်သူတို့ သိစေရန်အလို့ငှာ YC အဖွဲ့သားများမှ စုစည်းတင်ပြလိုက်ရပါသည်။

ပဋိပက္ခ

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်စီမံကိန်း ဧရိယာ ဖြစ်သည့် မိုးကြိုးပြင်ရွာနှင့် ဆည်တည်းရွာတို့ရှိ လယ်ယာမြေများတွင် ရွာသား ၇၀ ခန့်မှ ထွန်ယက်စိုက်ပျိုးခဲ့သည့်အတွက် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မှဦးစီး၍ လာရောက်တားမြစ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ လူတစ်ဦးသေနတ်ဒဏ်ရာ ရရှိ၍ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှ ကိုပာန်ဝင်းအောင်အပါအဝင် လူ ၈ ဦးအား လက်ပံတောင်းတောင် ဝန်းကျင်ဒေသတည်ငြိမ်ရေး ပျက်ပြားအောင် လုပ်ဆောင် သည်ပာူသော စွပ်စွဲချက်ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ထိုသို့ ဖြစ်ပွားပြီးမကြာမီ ဧပြီလ ၃၀ရက်နေ့ နံနက်ပိုင်းတွင် မူဆလင်အမျိုးတစ်ဦးနှင့် ကိုရင်တစ်ပါးတို့၏ မတော်တ ဆဝင်ရောက်တိုက်မိရာမှ အစပြု၍ ဥက္ကံမြို့၌ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၈၁ လုံး၊ ဗလီတစ်လုံး၊ စာသင်ကျောင်းတစ်ကျောင်းနှင့် လူနေ အိမ်များ၊ ဆိုင်ခန်း များ ဆုံးရှုံးခဲ့ရပြီး မေလ ၁ ရက်နေ့တွင် ရဲတပ်ဖွဲ့အင်အား ၁၀၀ ဝန်းကျင်ခန့်မှ ဝင်ရောက်ထိန်းသိမ်း၍ အဆိုပါကျုးလွန်မှုတွင် ပါဝင်သည်ပာု သံသယရှိသူ ၁၅ ဦးအား ဖမ်းဆီးခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ၈လ အချိန် ယူဆောင်ရွက်ခဲ့သည့် ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စာမျက်နှာ ၁၈၃ မျက်နှာပါ အပြီးသတ်အစီရင်ခံစာကို ဧပြီလ ၂၉ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါအစီရင်ခံစာတွင်ပါရှိသည့် ရခိုင်ပြည်နယ်အတွင်း လူမျိုးစုနှစ်ခု အတူယှဉ်တွဲ နေထိုင် ရန် အကြံပြုချက်အား ဒေသခံများက ကန့်ကွက်လျက်ရှိသော်လည်း ကုလသမဂ္ဂ(UN)မှ ထောက်ခံကြိုဆိုကြောင်း ကုလသမဂ္ဂ နေရာချထားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Bertrand Bainvel ကပြော ကြားခဲ့သည်။

 

ပြည်တွင်းငြိမ်းချမ်းရေး

လာမည့် မေလဆန်းပိုင်း၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းခဲ့သော်လည်း အဆိုပါငြိမ်းချမ်းရေးပွဲအား တရုတ်နိုင်ငံမှကန့်ကွက်လျက်ရှိသည့်အတွက် KIO အနေဖြင့် တရုတ် နိုင်ငံနှင့် အစိုးရတို့ညှိနှိုင်းပြီးမှသာ နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်လာမည့်သဘောရှိကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နေသကဲ့သို့ တပ်ဖက်တွင်လည်း တပ်မတော်မှ စစ်အင်အား တိုးချဲ့၍ တိုင်းရင်းသားလက်နက်ကိုင်များ၏ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း စွပ်စွဲထားပြီး အဆိုပါကိစ္စရပ်များအား အစိုးရမှ အမြန်ဆုံးရပ်တန့်ပေးရန် တောင်းဆိုထားသည့် ဝမ်ပာိုင်းကြေညာချက်ကို ဧပြီလ ၂၅ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့မှ ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်။

 

ပါတီနိုင်ငံရေး

ယခုအပတ်တွင် ထူးခြားမှုတစ်ခုအနေဖြင့် ပြည်သူများ၏ ဝေဖန်မှုအမျိုးမျိုးကြားမှပင် လက်ရှိလွှတ်တော်တွင်း အာဏာရပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နေရာတွင် ပါတီဥက္ကဋ္ဌသစ်အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား လွှဲပြောင်း ခန့်အပ်လိုက်ပြီဖြစ်ကြောင်း မေလ ၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ လူငယ်ညီလာခံတွင် တရားဝင် ကြေညာခဲ့သည်။

ထိုသို့လွှဲပြောင်းခန့်အပ်မှုများအပေါ် မြန်မာ့နိုင်ငံရေးလေ့လာသူများက နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေဖြင့် ၎င်း၏ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည့်ကိစ္စအား အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အတင်မခံရဲသည့်အတွက် ကြောင့်ပာု ထင်မြင်သည့်ဝေဖန်မှုများရှိနေဆဲပင်ဖြစ်သည်။

 

မီဒီယာ

ထို့ပြင်ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပထမအကြိမ်တိုင်းရင်းသားမီဒီယာညီလာခံကို မွန်ပြည် နယ်၊ မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်းစစ်ခံစားနေရစော တိုင်းရင်းသားပြည်သူများများမှာ ငြိမ်းချမ်းရေးကို လိုလားလျက်ရှိသည့်အတွက် တိုင်းရင်းသားမီဒီယာများအနေဖြင့်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်တွင် မဏ္ဍိုင်တစ်ခု အဖြစ်ရပ်တည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး တိုင်းရင်းသားမီဒီယာ ကဏ္ဍဖွံဖြိုးတိုးတက်ရေး၊ လုံခြုံဘေးကင်းရေး၊ ဒေသတွင်း ပုံနှိပ်သတင်း၊ ရေဒီယို၊ ရုပ်သံလုပ်ငန်းနှင့် သတင်းမီဒီယာလုပ်ငန်းများတွင် တိုင်းရင်းသား မီဒီယာများအား လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးရန် အချက်များပါဝင်သည့် အချက်(၄)ချက်ကို တောင်းဆိုခဲ့သည်။

လွှတ်တော်

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင်သြစတြေးလျဥပဒေပြုအထက်လွှတ်တော်ဥက္ကဋ္ဌ ဆီနိတ်တာ Hon. John. Joseph Hogg ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့လာရောက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ-သြစတြေးလျနှစ်နိုင်ငံ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

 


 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment