Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီကော်မတီကတော့ရှိသင့်တယ်။ အစိုးရအဖွဲ့အစည်းတွေရဲ့ အဂတိလိုက်စားမှုတွေ၊ အုပ်ချုပ်ရေး၊ စီးပွားရေးအစ ရှိသဖြင့် ပေါ့။ နိုင်ငံတချို့မှာလည်း ရှိတယ်။ အစိုးရအဖွဲ့ကို လွှတ်ထားရင် တစ်ယောက်ကို တစ်ယောက် ထောက်ခံ၊ ဖုံးဖိ၊ ပေါင်းစား ဒါတွေကို စောင့်ကြည့်လေ့လာဖို့ ဖွဲ့ထားတာတွေရှိတယ်”

မေလ ၁၀ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၃၂) တွင် ပါရှိသော “လွှတ်တော်ဆိုင်ရာ ထောက်လှမ်းရေး ကော်မတီဖွဲ့စည်းရန်လိုအပ်” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“နိုင်ငံတကာ ကုန်သွယ်မှုစင်တာ လောလောဆယ်ရထားတဲ့ ကိန်းဂဏန်းတွေနဲ့ အချက်အလက်အချို့ ကွဲလွဲနေတာတွေ ရှိပါ တယ်။ ဘယ်ဝန်ကြီးဌာနကမှ သူတို့ကို တရားဝင်မပေးထားဘူး။ နိုင်ငံခြား အဖွဲ့အစည်းတွေကရထားတဲ့ ကိန်းဂဏန်းအချက် အလက်တွေပဲဖြစ်လို့ မတူညီတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အခု မဟာဗျူဟာ ရေးဆွဲမယ့် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကိန်းဂဏန်းအစစ်အမှန်တွေကို ထုတ်ပြန်ပေးစေလိုပါတယ်။”

မေလ ၁၀ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၃၂) တွင် ပါရှိသော “ဝန်ကြီးဌာနများ ကိန်းဂဏန်း အစစ် အမှန်များ ထုတ်ပြန်ပေးရန် စီးပွားကူးသန်းတိုက်တွန်း” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်စိုးသူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မိန့်ခွန်းပါစာချုပ်တွေကို အကောင်အထည်ဖော်ဖို့လိုတယ်။ အရေးကြီးတာက ယာယီအဖြေရှာတဲ့ သဘောမဟုတ်ဘဲ ရေရှည် တည်တံ့တဲ့ အနေအထားဖြစ်အောင် လုပ်ဖို့လိုတယ်။ သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့အာဏာကို သုံးပြီး ဆောင်ရွက်မယ်လို့ ပြောသွားတယ်။ကျွန်တော်တို့အမြင်အရ လူ့အခွင့်အရေးကို အခြေခံမှာထက် နိုင်ငံသားတစ်ဦးစီရဲ့ ရပိုင်ခွင့်၊ ခံစားခွင့်ကို အခြေခံမှ ဘာသာမတူတဲ့လူမျိုးနှစ်စု ရေရှည် လက်တွဲနေနိုင်မယ်လို့ ထင်တယ်”

မေလ ၈ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၉) တွင်ပါရှိသော “သမ္မတမိန့်ခွန်း ကြိုဆို သော်လည်း အမြင်မတူသူများရှိ” သတင်းမှ မွတ်ဆလင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးသာအေး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကော်မရှင်ရဲ့အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့အတွက်  လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားပြီးပါပြီ။ အစီရင်ခံစာ တွေကို သမ္မတအစိုးရက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကမေးရပါ မယ်။ လုပ်ငန်း ကော်မတီမှာ သူတို့ ဦးဆောင်နေတဲ့အတွက်ပါ။ သမ္မတက အစီရင်ခံစာ အကြံပြုချက်ကို ဘယ်လို အကောင်အထည် ဖော်မလဲ၊ ဘယ်လိုတာဝန်ယူမလဲဆိုတာ သူတို့ကပဲမေးဖို့ တာဝန်ရှိပါတယ်”

မေလ ၈ ရက်နေ့ထုတ် The Yangon Time နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ရခိုင်ပြည်နယ်အရေး ကော်မရှင်အကြံ ပြုချက်အတိုင်း အစိုးရကလုပ်ဆောင်ရန် အမေရိကန်တိုက်တွန်း” သတင်းမှ ရခိုင်စုံစမ်းစစ်ဆေး ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အဓိကရည်ရွယ်ချက်က ဒီဥပဒေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ဆွေးနွေးကြတဲ့အခါ အမြင် မတူတာတွေကတော့ ရှိမှာပဲ။ ညှိနှိုင်းပြီးအကောင်းဆုံးဖြစ်အောင် လုပ်ရမှာပါပဲ။ ကျွမ်းကျင်သူများရဲ့ အကြံဥာဏ်ကိုလည်း လိုအပ်ပါတယ်။ အကြံဥာဏ်များများပေးနိုင်လေ အကောင်းဆုံး ဖြစ်မှာပါ။”

မေလ ၈ ရက်နေ့ထုတ် The Yangon Time နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တောင်သူလယ်သမားအား အကာ အကွယ်ပေးမည့်ဥပဒေ အမြန်ဆုံးပြဌာန်းမည်ဟု သူရဦးရွှေမန်းကတိပြု” သတင်းမှ ဒေါ်အောင်ဆန်း စုကြည်၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


 

 သတင်းတိုများ

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိရန် ကချင်လွှတ်တော်အမတ်များ တောင်းဆို

ကချင်ပြည်နယ် လွှတ်တော်အမတ်များအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO/KIA တို့၏ နောင် လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိရန် နိုင်ငံတော်အစိုးရထံသို့ တောင်းဆိုထားကြောင်း သိရသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင် KIO/KIA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ပြည်တွင်း၌ပြုလုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်ထိတိုင် သဘောတူညီမှု မရရှိသေးကြောင်း သိရ သည်။


မြန်မာ့ဆန်ဂျပန်သို့ ပြန်လည်တင်ပို့ပြီ

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဆန်များကို ဂျပန်သို့တင်ပို့ခြင်း လုပ်ငန်းများကို နှစ်ပေါင်း ၅၀ ခန့် ရပ်နားထားသော်လည်း ယခုနှစ် မေလမှစတင်၍ မြန်မာ့ဆန်များအား ဂျပန်နိုင်ငံသို့ တန်းမြင့်ဆန်တန်ချိန် ၅၀၀၀ ခန့် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တင်ပို့ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့လစဉ်တန်းမြင့်ဆန်တန်ချိန် ၅၀၀၀ နှင့်ဆန်ကွဲတန်ချိန် ၂၀၀၀ တို့ပုံမှန်ဝယ်ယူပေးရန် ဂျပန် မစ်ဆူအီကုမ္ပဏီသို့မေတ္တာရပ်ခံထားကြောင်း သိရသည်။


လူမှုဖူလုံရေးကတ်များ ထုတ်ပေးတော့မည်

မြန်မာနိုင်ငံ လူမှုဖူလုံရေးနည်းဥပဒေ အတည်ပြုပြဌာန်းပြီးပါက လူမှုဖူလုံရေးကတ်များ ထုတ်ပေးနိုင်ရန်အတွက် စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သော အချက်အလက်များစုဆောင်း စီစဉ်လျက်ရှိကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သတင်းရရှိသည်။

 


ချင်းပါတီနှစ်ခု ပူးပေါင်းရန် ဥပဒေပြဌာန်းချက်မပြည့်စုံမှုကြောင့် အခက်တွေ့

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီဖျက်သိမ်းခြင်းသာ ပါရှိပြီး ပါတီ နှစ်ခုပူးပေါင်းရန်အတွက်မှာမူ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ မရှိသေးသည့်အတွက် ချင်းပါတီများဖြစ်ကြသော ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီ နှစ်ခုပူးပေါင်းရန်မှာ မူဝါဒအားဖြင့် သဘောတူညီမှု ရရှိသော်လည်း ဥပဒေ ပြဌာန်းချက် မပြည့်စုံမှုကြောင့် အခက်တွေ့နေကြောင်း သိရသည်။


တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အပေါ် ကန့်ကွက်ကြောင်း The Daily Eleven ပြန်လည်ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မေလ ၁ ရက်နေ့ထုတ် The Daily သတင်းစာပါ "၀" သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့သည့်သတင်း မဟုတ်မှန်ကြောင်း "၀" ငြင်းဆို ဆိုသည့် သတင်းနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ကန့်ကွက်စာ သတင်းထုတ်ပြန်ချက်မှာ ပြည်သူများ၏ ပိုင်ဆိုင်ခွင့်(Freedom of Press)ကို ထိပါးစေသည့် အရေးအသားများ ပါရှိသည့်အတွက် အဆိုပါထုတ်ပြန်ချက်မျာအား The Daily Eleven သတင်းစာမှ ပြင်းထန်စွာကန့်ကွက်ကြောင်း ပြန်လည်ထုတ်ပြန်ကြေညာခဲ့သည်။


ဒဏ်ငွေမဆောင်ဘဲထောင်ထဲဝင်သည့် ဦးနေမျိုးဇင်အား ကျန်ရှိပြစ်ဒဏ်ဖြင့် ထောင် ၆ နှစ်ချ

ပြီးခဲ့သည့် ၂၀၁၂ ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော ယခင် ဗိုလ်ကြီးပောာင်း ဦးနေမျိုးဇင်အား ယခင် လွတ်ငြိမ်းချမ်းသာခွင့်၏ ပြစ်ဒဏ်ကြွေး ၆ နှစ်ကိုပါ တစ်ပါးတည်းကျခံစေရန် ပြည်ထဲရေး ဝန်ကြီးဌာနမှ ချမှတ်ခဲ့သည်။

ဦးနေမျိုးဇင်သည် ရဲတပ်ဖွဲ့အား အသရေဖျက်မှုဖြင့် ပန်းတနော်မြို့နယ်တရားရုံးမှ ဒဏ်ငွေနှစ်သောင်း(သို့)ထောင်ဒဏ် သုံးလ ကျခံစေရန် ချမှတ်ထားခဲ့သော်လည်း ဒဏ်ငွေမဆောင်ဘဲ ထောင်ထဲဝင်ရာမှ ယခုကဲ့သို့ ပြစ်ဒဏ်ကြွေးကိုပါ တစ်ပါးတည်း ကျခံရခြင်းဖြစ်သည်။


သတ်မှတ်ပေးထားသည့် အနိမ့်ဆုံး လုပ်ခလစာရရှိရေး အလုပ်သမားသမဂ္ဂများစုပေါင်း၍ တောင်းဆိုမည်

လက်ရှိအချိန်ထိတိုင် အလုပ်သမားဝန်ကြီးဌာနမှ ယာယီသတ်မှတ်ပေးထားသည့် အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခ လစာအား လုပ်ငန်းရှင်များမှ ပေးခြင်းမရှိမှုအပေါ် အလုပ်သမားသမဂ္ဂများ စုပေါင်း၍ တောင်းဆိုသွားမည်ဖြစ်ကြောင်း နီလာ စတားစက္ကူစက်ရုံမှ အခြေခံအလုပ်သမားတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ ၁ ရက်နေ့ မေဒေးနေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ အလုပ်သမားများက တစ်ရက်လျှင် အလုပ်ချိန် ၈ နာရီသတ်မှတ်ပေးရေး၊ လုပ်ခတစ်နေ့လျှင်အနည်းဆုံး ကျပ် ၃၀၀၀ ထားရှိရေး၊ အလုပ်သမားဥပဒေပါ အခွင့်အရေးများ ရရှိ ရေးအပါအဝင် အချက်(၁၂)ချက်အား တောင်းဆိုခဲ့ကြောင်း သိရသည်။


မန္တလေးကုန်သည်/စက်မှုလုပ်ငန်းရှင်အသင်းချုပ်နှင့် ထိုင်ဝမ်ကုမ္ပဏီ ၃၁ ခုတွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်ဝမ် ကုန်သွယ်မှုဆိုင်ရာ ကုမ္ပဏီ ၃၁ ခုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲကို မေလ ၈ ရက်နေ့မှစတင်၍ မန္တလေးမြို့ ဆီဒိုးနား ပာိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်ဝမ်လုပ်ငန်းရှင်များက ၎င်းတို့နိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော ကား၊ ဆိုင်ကယ်ပစ္စည်း၊ သင်ကြားရေး အထောက်အကူပြုပစ္စည်း၊ သံမဏိပစ္စည်း၊ ဆေးရုံလုပ်ငန်းသုံး၊ အထည်အလိပ်နှင့် သားရေး၊ ဗီနိုင်လုပ်ငန်းသုံး၊ ရေသန့်စက်များကို ပြသကာ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


 

ထိုင်းဝန်ကြီးချုပ်ပောာင်းနှင့် ဒုတိယသမ္မတဒေါက်တာစိုင်မောက်ခမ်းတို့တွေ့ဆုံဆွေးနွေး

ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်ပောာင်း H.E. General Chavalit Yongchaiyudh ချာဗလစ် ယောင်ချိုင် ယုနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ့ဒေ အလုပ်ရုံဆွေးနွေးပွဲကို သြစတြေးလျနိုင်ငံ ဆစ်ဒနီဥပဒေပညာသင်ကျောင်းမှ ဦးဆောင်၍ လာမည့် မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ရန်ကုန်မြို့တော်ရှိ သြစတြေးလျကလပ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment