Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. တရုတ် - မြန်မာ ပိုက်လိုင်း ဆက်လက်ဆောင်ရွက်မည်

( 6 May 2013 ရက်စွဲပါ Energy Tribune မှ Tim Daiss ၏ China’s Myanmar Pipeline drama continues to unfold သတင်းကို ဘာသာပြန်ဆိုသည်။)

  1. “မူးယစ်ကင်းစင်” ပစ်မှတ်သို့ရောက်ရှိရန် မြန်မာ နှောင့်နှေး

(6 May 2013 ရက်စွဲပါ News 24 မှ Myanmar delays “drugs-free” target သတင်းကို ဘာသာပြန်ဆိုသည်)


တရုတ် - မြန်မာ ပိုက်လိုင်း ဆက်လက်ဆောင်ရွက်မည်

( 6 May 2013 ရက်စွဲပါ Energy Tribune မှ Tim Daiss ၏ China’s Myanmar Pipeline drama continues to unfold သတင်းကို ဘာသာပြန်ဆိုသည်။)

Photo Credit by Offshore - asia.blogspot.com

မည်သို့ပင် အခက်အခဲများ ရှိနေစေကာမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်းရှိ ရေနံနှင့် ဂက်စ်ပိုက်လိုင်း လုပ်ငန်း များအား ဆက်လက်အကောင်အထည်ဖော်သွားမည်ပင်ဖြစ်သည်။  ပြည်တွင်း  မီဒီယာများမှ နေ့စဉ်နှင့်အမျှ ဝေဖန် ပြောဆို မှုများ ပြုလုပ်နေသော်လည်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသော ရွေသဘာဝ ဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းအား အပြင်းပွားမှုများ ကြားမှ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သော ပိုက်လိုင်းစီမံကိန်းသည် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ရေနံများကို မလက္ကာ ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းကာ ပို့ဆောင်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ  စွမ်းအင်လုံခြုံရေးအတွက် အပိုရေနံ နှင့် သဘာဝဓါတ်ငွေ့များကိုပါ  ပေးစွမ်းနိုင်မည်ဖြစ်သည်။

ပိုက်လိုင်းများကို မြန်မာ့အနောက်ဘက်ကမ်းရိုတန်းတစ်လျှောက် ဆောက်လုပ်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံ ယူနန်ဒေသ နယ်စပ်မြို့ဖြစ်သော Ruili သို့မရောက်ရှိခင်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ထို့အပြင် ရေနံစိမ်းအတင်အချ ပြုလုပ်မည့် ဆိပ်ကမ်း  တစ်ခုကိုလည်း မြန်မာ့အနောက် ဘက် ကမ်းရိုးတန်းရှိ ကျောက်ဖြူဒေသတွင် တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများသည် ရွှေ ကမ်းလွန်ရေနံလုပ်ကွက်မှ သဘာဝဓါတ်ငွေ့များကို သယ်ယူပို့ ဆောင်သွားမည်ဖြစ်သည်။

ရေနံပိုက်လိုင်းမှာ ၇၇၁ ကီလိုမီတာ ( ၄၇၉ မိုင်) ရှည်လျားမည်ဖြစ်ပြီး သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများကို တရုတ်နိုင်ငံ Kunming , Guizhou နှင့် Guangxi ဒေသများအထိ တိုးချဲ့သွားမည်ဖြစ်ကာ စုစုပေါင်းအနေဖြင့်၂,၈၀၆ ကီလိုမီတာ ( ၁,၇၀၀ မိုင်) ရှည်လျားမည်ဖြစ်သည်။ အဆိုပါပိုက်လိုင်း စီမံကိန်းများကို ဇွန်လတွင် ပြီးစီး၍ ရေနံစတင် တင်ပို့နိုင်ရန်စီစဉ် ထားပါသည်။

ရေနံပိုက်လိုင်းများကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ( MOGE ) တို့မှ ပူးပေါင်းရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီ (SEACOP) မှ   စီမံခန့်ခွဲသွား မည်ဖြစ်သည်။

သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိုမူ CNPC, MOGE , Daewoo International , KOGAD နှင့် Indain Oil and GAIL တို့မှ ပူးပေါင်းရင်းနှီးမြုပ်နှံကာ တည်ဆောင်သွားမည်ဖြစ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများအား CNPC ၏ လက်အောက်တွင်ရှိသော အရှေ့တောင်အာရှဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ ( SEAGP) မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

ထပ်မံဖြည့်စွက်ရပါက CNPC သည် ရွှေရေနံလုပ်ကွက်ရှိ A – 1 နှင့် A – 3 အကွက်များမှ သဘာဝဓါတ်ငွေ့ ၀ယ်ယူ ရန် အတွက် နှစ် ၃၀ စာချုပ်ဖြင့် လက်မှတ်ရေးထိုး သဘောတူညီပြီးဖြစ်သည်။

သို့သော် ပိုက်လိုင်းစီမံကိန်းသည် စတင်ဆောက်လုပ်စဉ်ကပင် ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး စီမံကိန်းပြီးဆုံး ကာနီးလေလေ သဘောမတူကြောင်း ကန့်ကွက်မှုများ များလာလေလေပင် ဖြစ်သည်။

တရုတ်အစိုးရအဖြင့် CNPC မှတစ်ဆင့် အဆိုပါ အရှေ့တောင်အာရှသားများ၏ ပဋိပက္ခပြဿနာများကိုကိုင်တွယ် ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

မြန်မာ - တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ ( MCPWC) မှ အစီရင်ခံစာ တစ်စောင်ကို ဧပြီလကုန်တွင်

ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာတွင် ပိုက်လိုင်းတည်ဆောက်မှုကြောင့်ဖြစ်ပေါ်လာမည့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက် မှုများအပေါ် အကဲဖြတ်မှုများကို ဖော်ပြထားခဲ့သည်။ အချို့သော မြေယာသိမ်းဆည်းခံရသူများက သိမ်းဆည်းခံရသော မြေယာများအတွက် ပေးသော နစ်နာကြေှးများမှာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ညီညွှတ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ထို့သို့ မကျေနပ်မှုများရှိနေသောလည်း MCPWC မှ ပိုက်လိုင်းအသုံးစရိတ်၏ .၀၁၂၈ ရာခိုင်နှုန်းကိုသာ မြေယာ သိမ်းဆည်းခံရသူများ၏ နစ်နာကြေးငွေအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

အခြားသောအဖွဲ့အစည်းများမှ ပြောကြားရာတွင် တာဝန်ရှိသူများမှာ စီမံကိန်းဆောက်လုပ်ရန်အတွက် မြေယာသိမ်း ဆည်းခံရသူများအားလုံးကို နစ်နာကြေး ပေးနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ မြေယာသိမ်းဆည်းခံရသော ရွာသူ ရွာသားများ၏ သုံးပုံနှစ်ပုံခန့်မှာ မြေယာသိမ်းဆည်းခံရမှုအတွက် မည့်သည့်နစ်နာကြေးမှ ရရှိခြင်းမရှိသေးကြောင်း အဆိုပါ အဖွဲ့အစည်းများမှ ဝေဖန်ပြောဆိုခဲ့သည်။

ဧပြီလ ၁၀ ရက်နေ့ ဧရာဝတီသတင်းဌာန၏ သတင်းအရ ရှမ်းပြည်နယ်မှ မြေယာသိမ်းဆည်းခံရသော လယ်သမား များသည်လည်း လျောကြေးငွေ မရရှိခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီသတင်းဌာနမှ နိုဝင်ဘာ ၂၀၁၀ တွင် မြေယာသိမ်းဆည်းခံခဲ့ရသော လယ်သမားတစ်ဦးအကြောင်း ထုတ်နုတ်ဖော်ပြထားရာတွင် အဆိုပါလယ်သမားသည် ၎င်း၏ ဟက်တာဧက ၆၀ ကျယ်ဝန်းသော မြေနေရာ အတွက် လျောကြေးငွေ ကျပ်သိန်းလေးဆယ် ( ဒေါ်လာ ၄,၆၂၅) သာရရှိခဲ့သည်။ သူသည် အဆိုပါမြေနေရာ တွင်လက်ဖက်စိုက်ပျိုး ခြင်းဖြင့် နှစ်စဉ် သိန်းငါးဆယ် (ဒေါ်လာ ၅,၇၀၀) ရရှိခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။

သို့သော် အဆိုပါလယ်သမားသည် နစ်နာကြေးငွေအပြည့်ဖြစ်သော တစ် ဟက်တာဧကလျှင် ကျပ် သိန်းလေးဆယ် ( ဒေါ်လာ ၄,၆၂၅) ရရှိခဲ့ကြောင်း ဖော်ပြချက်များ ရှိနေခဲ့သည်။

ထိုကဲ့သို့ပင် ပိုက်လိုင်းတည်ဆောက်ထားသော မြန်မာနိုင်ငံရှိ မြို့နယ် ၂၁ ခုတွင်လည်း အလားတူ ပြဿနာများ ရှိနေဆဲပင်ဖြစ်သည်။ ပိုက်လိုင်းစီမံကိန်းစတင်ရာ ဒေသဖြစ်သည့် မဒေးကျွန်းမှ နယ်ခံများက သိမ်းဆည်းခံထားရသော မြေနေရာများအတွက် လျောကြေးငွေများ အပြည့်ဝရရှိခြင်း မရှိသေးကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သည်။

သို့သော်လည်း ပိုက်လိုင်းစီမံကိန်းစတင်ရာ မဒေးကျွန်းပေါ်ရှိ မြေနေရာအများစုမှာ မြေလွတ်နေရာများအဖြစ် တရားဝင်မှတ်တမ်းများ ရှိနေသောကြောင့် မြေယာသိမ်းဆည်းခံရသူများကို လျောကြေးငွေပေးအပ်ရန် ဖြစ်စဉ်သည် အခက်အခဲများရှိနေကြောင်း CNPC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မဒေးကျွန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်မှ ကျွန်းသူကျွန်းသား အများစု၏ မြေယာပိုင်ဆိုင်ကြောင်း တရားဝင် စာရွက်စာတမ်း မရှိမှုနှင့်ပတ်သက်၍ တုံ့ပြန်ပြောဆိုရာတွင်

“ ကျွန်းသူကျွန်းသားတွေက ဒီမြေပေါ်မှာဘဲ ဓါးမဦးချလုပ်ကိုင်ရင်း နေလာခဲ့ကြတာပါ .. တကယ်လို့ သူတို့ ( CNPC) က မြေယာပိုင်ဆိုင်ကြောင်း တရားဝင်စာရွက်စာတမ်း မပြနိုင်တဲ့သူတွေကို နစ်နာကြေးမပေးဘူး ဆိုရင်တော့ ကျွန်တော်တို့ လူတွေရဲ့ အခွင့်အရေးအတွက် ဆက်ပြီး တွန်းအားပေးသွားရမှာဘဲ”  ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

သိမ်းဆည်းမြေယာများအတွက် လျောကြေးသည် CNPC မှဖြေရှင်းရမည့် ပြဿနာများ၏ အစကနဦးမျှပင်ရှိ သေးသည်။ ဒေသခံများနှင့် ရေနံကိစ္စကို ပြေလည်အောင်ဖြေရှင်းကောင်းဖြေရှင်းနိုင်ခဲ့သည်ရှိစေဦး ။ ပိုက်လိုင်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ခက်ခဲသော အချိန်ကာလတစ်ခု ရှိနေဦးမည်သာဖြစ်သည်။

ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အစိုးရစစ်ကြောင်းများသည် ပိုက်လိုင်းတည်ရှိရာ မြောက်ဘက် ယူနန်ဒေသ အနီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု ပြည်တွင်းမီဒီယာများမှ ဖော်ပြထားသောကြောင့် ပိုက်လိုင်းများ၏ လုံခြုံရေးကိစ္စသည် အထူးတလည် သံသယဖြစ်ဖွယ်ကောင်းလွန်းနေခဲ့သည်။

“မြေပေါ်ပိုက်လိုင်းတွေ တည်ရှိတဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာက တကယ်ကို နီးကပ်နေပါတယ်” ဟု Interfax သတင်းအေဂျင်စီမှ အနောက်တိုင်းလုံခြုံရေးအကြံပေးတစ်ဦး၏ စကားကို ကိုးကားဖော်ပြခဲ့သည်။ တိုက်ပွဲများထံမှ ကျည်ဆံ များသည် ပေါက်ကွဲမှုကို အလွယ်ကူဖြစ်ပွားစေနိုင်သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်များသည် CNPC မှတာဝန်ရှိအကြီးအကဲများအတွက် အမင်္ဂလာ သတင်းတစ်ပုဒ်ကို ကြားလိုက် ရသည်နှင့် တူပေသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုသည် အမုန်းတရားများ ဖန်တီးနေ သကဲ့သို့ဖြစ်နေသည်ကို ပိုက်လိုင်းတည်ဆောက်မှုများ ပြီးဆုံးသည်နက်တစ်ပြိုက်နက် ဘိုးဘွားပိုင် မြေများနှင့် အသက်မွေး ၀မ်းကြောင်းလုပ်ငန်းများကို သိမ်းယူခံလိုက်ရသောကြောင့် ဒေါသထွက်နေကြသည့်  လယ်သမားများ၏အဖြစ်ကို ထောက်ရှု ခြင်းအားဖြင့် သိနိုင်မည်ဖြစ်သည်။

အခြားသော စွပ်စွဲပြောဆိုထားမှုများသည် ပို၍ပင် စိတ်ပျက်ဖွယ်ကောင်းလှသည်။ အချို့သော ဒေသခံများမှ တရုတ်လူမျိုး ပိုက်လိုင်းအလုပ်သမားများနှင့် စစ်သားများသည် ဒေသခံအမျိုးသမီးများကို လိင်အကြမ်းဖက်မှု များပြုလုပ် ခဲ့သည်ဟု စွပ်စွဲပြောဆိုထားခဲ့သည်။

စစ်သားများ ပိုက်လိုင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရောက်ရှိလာစဉ်ကတည်းပင် ၎င်းတို့အပေါ် ကန့်သတ် တားမြစ်ချက်များ ထုတ်ပြန်ခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။ သို့သော် ထိုကဲ့သို့ ပြန်လည်ပြောဆို ၀ံ့သော ဒေသခံများမှာ မကြာခဏ ထောင်ဒဏ်ကျခံလေ့ရှိသည်။ ဥပမာအားဖြင့် ဧပြီလ ၂၅ ရက်နေ့တွင် မဒေးကျွန်းဒေခံများ သည် ခွင့်ပြုချက်မရှိဘဲ ပိုက်လိုင်းများတည်ဆောက်မှုကို ဆန္ဒပြခဲ့သောကြောင့် ထောင်ဒဏ်ကျခံခဲ့ရသည်ဟု မြန်မာတိုင်းမ်တွင် ဖော်ပြထားခဲ့သည်။ သို့သော် ဆန္ဒပြသူများက နှစ်ကြိမ်တိတိ( ဒီဇင်ဘာလနှင့် မတ်လ) ဆန္ဒပြခွင့်လျှောက်ထားခဲ့ သော် လည်း ပယ်ချခံခဲ့ရကြောင်း သိရှိသည်။

စိတ်ဝင်စားစရာကောင်းနေသည်မှာ CNPC ရုံးအားဆန္ဒပြခဲ့ကြသော လူအယောက် ၂၀၀ ထဲမှ အဖမ်းခံထားရသော လူ ၁၀ ယောက်သည် CNPC မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ်တွင် သူတို့၏ မကျေနပ်ချက်များကို ဖော်ထုတ်ခွင့် ရရှိခဲ့ သည်။ သို့သော် CNPC မှ ဆန္ဒပြသူများကို ဖမ်းဆီးရန်တောင်းဆိုခဲ့ခြင်းမရှိကြောင်း ပြောဆိုထားခဲ့သည်။

အဆိုပါ ဒွိဟများသည် မြန်မာနိုင်ငံတွက် ဆက်လက်ဖြစ်ပေါ်နေဦးမည်သာ ဖြစ်သည်။ ပိုက်လိုင်းတည်ဆောက်မှု စီမံကိန်းများပြီးစီးကာ လုပ်ငန်းများကို တစ်လ နှစ်လ အတွင်းစတင် ဆောင်ရွက်နိုင်လိမ့်မည်ဆိုပါက တရုတ်၏ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဆိုသော နည်းလမ်းမှာ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

အကယ်၍သာ ပိုက်လိုင်းတည်ဆောက်ရာ၌ပင် ဤမျှပြဿနာဖြစ်နေပါက ပြီးစီး၍ လုပ်ငန်းလည်ပတ်ချိန်တွင် အိပ်မက်ဆိုးများ ကြုံရတော့ မည်ဟုသက်သေပြနေသလိုပင်။


              “မူးယစ်ကင်းစင်” ပစ်မှတ်သို့ရောက်ရှိရန် မြန်မာ နှောင့်နှေး

(6 May 2013 ရက်စွဲပါ News 24 မှ Myanmar delays “drugs-free” target သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by AFP

မြန်မာနိုင်ငံသည် သူ၏နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုအား အဆုံးသတ်ရန် သူ၏ နောက်ဆုံး သတ်မှတ်နှစ်ကို ငါးနှစ်နောက်ကျသတ်မှတ်လိုက်ကြောင်း တနင်္လာနေ့က အကြီးတန်းအရာရှိတစ်ဦးက ပြောကြား သည်။ အရည်အချင်းချို့တဲ့သော နိုင်ငံတွင် ကြီးထွားနေသော မူးယစ်ဆေးဝါးပြဿနာ အကျပ်အတည်းအား ရပ်တန့်စေရန် ရုန်းကန်နေရသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး မူးယစ်ဆေးဝါးထုတ်လုပ်သူအဖြစ် ရပ်တည်နေသော မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၆ နှစ်အတွင်း ပြန်လည်ဦးမော့လာသော ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ အာဏာပိုင်များက အထူးစိုးရိမ်ပူပန်လျှက်ရှိကြောင်း၊ ထို့ပြင် ဆေးခြောက်အမျိုးအစား စိတ်ကြွရူးသွပ်ဆေးများကလည်း ရုတ်တရက် မြင့်မားလာကြောင်း ဒုရဲချုပ်ဦးဇော်ဝင်းက ပြောကြားသည်။

စိတ်ကြွရူးသွပ်ဆေး ခြိမ်းခြောက်မှုအန္တရာယ်များကြောင့်နှင့် ဘိန်းစိုက်ပျိုးမှု လျှော့ချနိုင်ရေး အောင်မြင်စေရန် အတွက် မြန်မာမူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့က မူးယစ်ကင်းစင်ရေး နောက်ဆုံး အဆုံးသတ်နှစ်ကို ၂၀၁၉ အထိ တိုးမြှင့် သတ်မှတ်လိုက်သည်ဟု ရန်ကုန်တွင် ကျင်းပသည့် ၆ နိုင်ငံဆွေးနွေးပွဲတွင် သူက ပြောကြားခဲ့သည်။ ပထမ သတ်မှတ် ထားသော အဆုံးသတ်နှစ်မှာ ၂၀၁၄ ဖြစ်သည်။

သူက ဆက်လက်၍ မြန်မာအာဏာပိုင်များသည် ဒေသတွင်း မူးယစ်ဆေးဝါး စီးဆင်းမှု ရပ်တန့်စေရန်အတွက် ကျွန်တော်တို့အစွမ်းကုန် ကြိုးစားကူညီဆောင်ရွက်နေပါသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ အရာရှိကြီးများသည် ဆိုးဝါးလျှက်ရှိနေသော မူးယစ်ဆေးဝါးပြဿနာအကြောင်း ရက်အတန်ကြာ ဆွေးနွေးပြောဆိုမှုများကို မြန်မာနိုင်ငံတွင် စုဝေးကာ ပြုလုပ်ခဲ့သည်။ ယင်းပြဿနာကို အများပြည်သူလုံခြုံရေးအတွက် ခြိမ်းခြောက်သည့် အန္တရာယ်အဖြစ် ကုလသမဂ္ဂကလည်း သတိပေးထားပြီး ဖြစ်သည်။

ကြာသာပတေးနေ့တွင်  မြို့တော် နေပြည်တော်၌ ကျင်းပမည့် ဝန်ကြီးအဆင့်အစည်းအဝေးတွင် ယင်းပြဿနာ အပေါ် ဒေသလုံးဆိုင်ရာ ကြေညာချက်တစ်ခု ထုတ်ပြန်နိုင်ရန် မျှော်လင့်ရပါသည်။

ဆေးလုံး ၅.၉ သန်း

ဒုရဲချုပ်ဇော်ဝင်းက ကိုယ်စားလှယ်များကို ပြောကြားရာတွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြဿနာမှာ အလျင် အမြန် ကြီးထွားလာနေကြောင်း၊ နိုင်ငံတကာ မူးယစ်ဂိုဏ်းများ ပါဝင်မှုကလည်း ပို၍ ပို၍ ပါဝင်လာနေကြောင်း ဖြည့်စွက် ထည့်သွင်းသွားခဲ့သည်။

“တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုတွေဟာ တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏ စွမ်းရည်ကို အမှန်အကန် စိန်ခေါ်နေတဲ့ နယ်စပ်ဒေသတွင်းမတည်ငြိမ်မှု၊ လူထုလုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားရေးတို့နဲ့ တိုက်ရိုက်နီးကပ် ဆက်စပ်နေပါတယ်”ဟု သူက ဆက်လက်ပြောကြားသည်။

မူးယစ်ဆေးဝါးကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ လူမျိုးစုတိုင်းရင်းသားများနှင့် ကာလကြာရှည်ဖြစ်ပွားနေသည့် ရွှေတြိဂံဒေသဟု သိကြသော ထိုင်း၊ လာအိုနှင့် တရုတ်နယ်စပ်ဒေသများရှိ ပြည်တွင်းစစ်ပွဲများနှင့်လည်း ဆက်စပ်မှုရှိသည်။ လူမျိုးစုသူပုန်များသည် မူးယစ်ဆေးဝါးမှ ရရှိလာသော အကျိုးအမြတ်များကို တိုက်ပွဲများဆင်နွှဲရာတွင် စားရိတ်အဖြစ် အသုံးပြုသည်ဟုလည်း ကျယ်ကျယ်ပြန့်ပြန့် တွေးဆနိုင်ပါသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာ့ အရောင်ပြောင်းအရပ်သားအစိုးရသည် အဓိက တိုင်းရင်းသား လက်နက်ကိုင်အုပ်စုကြီးများနှင့် မှန်းထားသော ငြိမ်းချမ်းရေးအပေးအယူများကို လက်လှမ်းမီ နေပြီဖြစ်သည်။

သို့ရာတွင် ကုလသမဂ္ဂဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများဆိုင်ရာ ကိုယ်စားလှယ် Gary Lewis က အာဏာပိုင်များနှင့် သူပုန်များအကြား ယုံကြည်မှု ပျောက်ဆုံးကာ မက်သက်ဖက်တမင်းစိတ်ကြွဆေးများ ဓာတ်ခွဲခန်း အသေးစားလေးများမှ လွယ်လွယ်ထုတ်လုပ်မှုသည် အချို့ အုပ်စုများက သူတို့၏ စွန့်စားရမည့် အန္တရာယ်အနည်းဆုံး လျှော့ချရန် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်ဟု ဆိုလိုခဲ့သည်ဟု ဒီဇင်ဘာလက ပြောကြားခဲ့သည်။

မက်သတ်ဖက်တမင်းဆေးပြား ၅.၉ သန်းခန့် ၂၀၁၁ က မြန်မာနိုင်ငံတွင် ဖမ်းမိခဲ့သည်။ ဖမ်းဆီးရရှိခဲ့သည်မှာ ထုတ်လုပ်သည့် ပမာဏ၏ အစိတ်အပိုင်းတစ်ခုမျှကိုသာကိုယ်စားပြုသော်လည်း ယင်းအရေအတွက်မှာ ယခင်နှစ်ကထက် နှစ်ဆဖြစ်သည်ဟု ဒီဇင်ဘာလ အစီရင်ခံစာတွင် ကုလသမဂ္ဂက ပြောကြားခဲ့သည်။

တချိန်က မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး  ဘိန်းထုတ်လုပ်သူဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင်မှ အာဖဂန်နစ္စတန်က သူ၏နေရာတွင် အစားထိုးခဲ့သည်။ သို့သော်လည်း ထိုသို့ အဆင့်ပြန်ကျနေသည့်နှစ်များနောက် ၂၀၀၇ ခုနှစ်၌ တဖန်ပြန်၍ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment