Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 21 Jan 2011 ရက်စွဲပါ Unbowed China Leader warns U.S သတင်းကို ဘာသာ ပြန်ဆိုသည်။)

နိုင်ငံတော် ခရီးစဉ်တွင် ဖိအားပေးခြင်းကို လက်မခံသည့် တရုတ် သမ္မတ ဟူကျင်းတောင်က ထိုင်ဝမ်နှင့် တိဘက် အရေးကိစ္စတွင် ဖိအားမပေးရန် အမေရိကန် ပြည်ထောင်စုကို ကြာသပတေးနေ့တွင် သတိပေးလိုက်ပြီး၊ အင်အား ကြီးလာသော အာရှ ပါဝါ တရုတ်နိုင်ငံသည် ပူးပေါင်း ဆောင်ရွက်မှု ရရှိရန်သာ ကြိုးစားခဲ့ကြောင်း အခိုင်အမာ ပြောဆိုလိုက်သည်။

အိမ်ဖြူတော်တွင် ပြုလုပ်သော ဂုဏ်ပြု ညစာ စားပွဲ အပြီးနောက် တစ်ရက်တွင် Capital Hill သို့ သွားရောက် လည်ပတ်စဉ် တရုတ်နိုင်ငံက ဖမ်းဆီးထားသော နိုဘယ်ဆုရှင် လူကျားဘို ကိစ္စ အပါအဝင် စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန် ထိပ်တန်း လွှတ်တော် အမတ်များက သမ္မတ ဟူကျင်းတောင်ကို ဖိအား ပေးခဲ့ကြခြင်းကြောင့် လှိုက်လှဲမှု မရှိသော ဧည့်ခံ ကြိုဆိုမှုကို ရင်ဆိုင်ခဲ့ရသည်ဟု သိရှိရသည်။

ထို့နောက်တွင် သမ္မတ ဟူကျင်းတောင်က အမေရိကန် စီးပွားရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များအား မိန့်ခွန်း ပြောကြားရာ၌ နှစ်နိုင်ငံ အပြန်အလှန် လေးစားကြရန် တိုက်တွန်းခဲ့ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးသည် တစ်ဖက် အသာ ရလျှင် အခြားတစ်ဖက်ကို ဆုံးရှုံးစေသည့် ပုံစံမျိုး မဟုတ်ဟု  ပြောဆိုခဲ့သည်။

ထိုင်ဝမ်နှင့် တိဘက်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာ၊ အာဏာ ပိုင်ဆိုင်မှုနှင့် သက်ဆိုင်ကာ ၎င်းဒေသများသည် တရုတ်နိုင်ငံ၏ မဏ္ဍိုင် အကျိုးစီးပွားများ အဖြစ် ကိုယ်စား ပြုနေသည်ဟု တရုတ် ခေါင်းဆောင်က ဆိုသည်။

"ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေး သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ အဓိက အကျိုး စီးပွားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို နှစ်နိုင်ငံ စလုံးက ကောင်းစွာ ကိုင်တွယ်နိုင်တဲ့ အချိန်မျိုးမှာ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ချောမွေ့ပြီး၊ မှန်မှန် တိုးတက်တယ် ဆိုတာကို ပြသနေပါတယ်" ဟု သမ္မတ ဟူက ပြောကြားသည်။

"ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အဆက်မပြတ် ခက်ခဲမှုကို ကြုံတွေ့ရမှာပါ။ တင်းမာမှုတွေတောင် ရှိလာနိုင်ပါတယ်" ဟု ၎င်းက သတိပေး ပြောကြားသည်။

တရုတ် ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့သော တရုတ် ခေါင်းဆောင်က ထူထောင်ခဲ့သော ကိုယ်ပိုင် အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းနှင့် ၁၉၅၀  ခုနှစ်များက တရုတ် တပ်ဖွဲ့များ စေလွှတ်ခဲ့ဖူးသော ဗုဒ္ဓဘာသာ တိဘက် နိုင်ငံတို့ကို တရုတ်နိုင်ငံ၏ ပိုင်နက် အစိတ်အပိုင်းများ အဖြစ် ဘေဂျင်းက သတ်မှတ် ယူဆ ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Strait Times မှ 20 Jan 2011 ရက်စွဲပါ Taiwan may test missiles again after flop သတင်းကို ဘာသာ ပြန်ဆိုသည်။)

ထိုင်ဝမ် နိုင်ငံတွင် ယခု သီတင်းပတ် စစ်ရေး လေ့ကျင့်မှုများ၌ ဒုံးကျည် ပစ်ခတ်မှုများ မအောင်မြင် ခဲ့ခြင်းကြောင့် စိတ်ဆိုးနေသော သမ္မတ မာရင်ကျိုးက ထိပ်တန်း စစ်ဖက် ခေါင်းဆောင်များကို ရှားရှား ပါးပါး ပြစ်တင် ဝေဖန်ခဲ့ပြီးနောက် ထိုင်ဝမ်က ဒုံးကျည် စမ်းသပ်မှုများက အသစ် ပြုလုပ်ရန် စဉ်းစားနေသည်ဟု တာဝန်ရှိသူ တစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားသည်။

အင်္ဂါနေ့က လက်တွေ့ ပစ်ခတ် လေ့ကျင့်စဉ် အတွင်း ဒုံးကျည် ၁၉ စင်းအနက် ၆ စင်းမှာ ပစ်မှတ် လွဲချော်ခြင်း၊ မပေါက်ကွဲခြင်းတို့  ဖြစ်ပွားခဲ့ခြင်းကြောင့် သမ္မတ မာရင်ကျိုးက ၎င်းအနေဖြင့် ကျေနပ်မှု မရှိကြောင်း၊ ထပ်မံ လေ့ကျင့်ရန် တိုက်တွန်းကြောင်း လူသိရှင်ကြား ဝေဖန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း ထိုင်ဝမ် စစ်ဖက်က "ရလဒ်များမှ လက်ခံနိုင်သည့် အနေအထား ရှိကြောင်း၊ လေ့ကျင့် ပစ်ခတ်စဉ် မအောင်မြင်ခဲ့သော ဒုံးကျည် အမျိုးအစား ၃ မျိုးကို ပြန်လည် စမ်းသပ်ရန် စီစဉ်နေကြောင်း ခုခံ ပြောကြားခဲ့သည်" ဟု Liberty Times က သတင်း ရင်းမြစ်ကို တိုးကားခြင်း မရှိပဲ ဖော်ပြထားသည်။

ပြန်လည် စမ်းသပ်ရမည့် ဒုံးကျည် အမျိုးအစားများမှာ ပြည်တွင်းဖြစ် တိုင်းချင်း II အမေရိကန်လုပ် စပဲရိုးနှင့် ပြင်သစ်လုပ် မီကာတို့ ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

"ဒီနှစ် ဒုတိယ ခြောက်လပိုင်းမှာ ပြုလုပ်မည့် နောက်ထပ် စစ်ရေး လေ့ကျင့်မှု အစီအစဉ်မှာ ပြန်လည် စမ်းသပ်မှာပါ။ ဒါပေမယ့် အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပါဘူး" ဟု အမည် မဖော်လိုသော ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက AFP သို့ ပြောကြားသည်။

၁၉၄၉ တွင် ပြည်တွင်းစစ် အပြီးမှစ၍ ကိုယ်ပိုင် အုပ်ချုပ်သော ထိုင်ဝမ်နိုင်ငံကို ထူထောင်ခဲ့သော်လည်း ဘေဂျင်းက ထိုင်ဝမ်ကျွန်းသည် ပြည်မကြီး၏ အစိတ်အပိုင်းသာ ဖြစ်သည်ဟု သတ်မှတ်ထားဆဲ ဖြစ်ပြီး ပြန်လည် ရယူရန် အင်အား သုံးမည့် အလားအလာကို လုံးဝ စွန့်လွှတ်ခြင်း မရှိသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Irrawaddy သတင်းဌာနမှ Suu Kyi meets Thai FM သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြနှင့် ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးတွင် သောကြာနေ့ မနက်က တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများက ပြောကြားသည်။

"တွေ့ဆုံ ဆွေးနွေးမှုက လုံးဝ ပွင့်လင်းမှု ရှိပါတယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက် တွေကိုတော့ မသိရသေးပါဘူး" ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ယခု တွေ့ဆုံမှုသည် သူမနှင့် အခြားနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး တို့အကြား ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 19 Jan 2011 ရက်စွဲပါ China police open fire on protesters: fights group သတင်းကို ဘာသာ ပြန်ဆိုသည်။)

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယခု သီတင်း ပတ်ကုန်က ဆန္ဒပြသော လူအုပ်ထဲသို့ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု လူ့အခွင့်အရေး အုပ်စုများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အလုပ်သမား တစ်ရာကျော်က လုပ်ခလစာ နည်းပါးမှုကို ဆန္ဒပြရန် ဂွမ်ဇီဒေသ ဝူကျိုး မြို့တော်ရှိ အစိုးရ အဆောက်အဦသို့ ချီတက်စဉ် ရဲတပ်ဖွဲ့က ပိတ်ဆို့ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု Information Center for Human Rights & Democracy အုပ်စုက ပြောဆိုသည်။

ဟောင်ကောင် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ပြောကြားရာတွင် အနည်းဆုံး လူငါးဦးမှာ သေနတ် ကျည်ဆံ ထိမှန်ခံရပြီး၊ လူ ၂၀ ခန့် ဆေးရုံတက် ကုသနေရကြောင်းနှင့် အချို့မှာ သေနတ် ဒဏ်ရာကြောင့် ဖြစ်ပြီး၊ အချို့မှာ ဖြိုခွင်း နှိမ်နင်းခံရစဉ် ဒဏ်ရာ ရသွားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အမည် မဖော်လိုသော ဝူကျိုး ဆေးရုံမှ ဝန်ထမ်း တစ်ဦးက ပြောကြားရာတွင်မူ ဆန္ဒပြသူ ၁၈ ဦး ဆေးရုံတက် ကုသနေရပြီး ၎င်းတို့အားလုံး သေနတ် ဒဏ်ရာ ရရှိထားသည်ဟု ဆိုသည်။

သို့သော်လည်း လူနာများအား မည်သူက ပစ်ခတ်ခဲ့သည် ဆိုသည်ကို သူမက ပြောကြားရန် ငြင်းဆိုခဲ့ပြီး AFP သတင်းဌာနကလည်း ရဲတပ်ဖွဲ့က လူအုပ်ထဲသို့ အမှန်တကယ် ပစ်ခတ်ခဲ့ခြင်း ဟုတ်/ မဟုတ်ကို လွတ်လွတ်လပ်လပ် သတင်းယူ အတည်ပြု နိုင်ခဲ့ခြင်း မရှိပါ။

ဝူကျိုးမြို့ ချန်ကျိုးခရိုင်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက အဆိုပါ ကိစ္စကို AFP သို့ အတည်ပြု ပြောကြားခဲ့ပြီး၊ အလုပ်သမားများ၏ လုပ်ခ လစာကြောင့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အခြား ရဲတပ်ဖွဲ့ တစ်ခုက ကိုင်တွယ် ဖြေရှင်းခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကိုရီးယား ကျွန်းဆွယ် ဒေသတွင်း တင်းမာမှုများ လအတန်ကြာ ဖြစ်ပေါ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရန် တောင်ကိုရီးယား နိုင်ငံက သဘော တူညီလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့သော် တောင် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများကို အဓိက ဖြစ်ပွားစေခဲ့သည့် ဖြစ်ရပ်ကြီးနှစ်ခု ဖြစ်သော ချိုနန်စစ်သင်္ဘော တိုက်ခိုက်ခံရမှုနှင့် တောင်ကိုရီးယားပိုင် ကျွန်းသို့ အမြောက်ဖြင့် ပစ်ခတ်ခံရမှုတို့ ဆွေးနွေးပွဲ အာဂျင်ဒါတွင် ပါဝင်မှသာ လက်သင့်ခံမည် ဖြစ်ကြောင်း ဆိုးလ်က ဆိုသည်။

ပြုံယမ်း ကွန်မြူနစ် အစိုးရကမူ ချိုနန်စစ်သင်္ဘောအား တော်ပီတို ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်သည် ဟူသော ကိစ္စကို ငြင်းပယ်ပြီး အမြောက်များဖြင့် ပစ်ခတ်မှုသည် မိမိအား ရန်စလာသောကြောင့် ဖြစ်ကြောင်း ပြောဆိုသည်။

ယခုကဲ့သို့ တောင်ကိုရီးယားက ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီ လိုက်သည့် ကိစ္စအား အမေရိကန် ပြည်ထောင်စုက "အပြုသဘော ဆောင်သော အရိပ်လက္ခဏာ" ဟု သတ်မှတ် ဖော်ပြကာ ကြိုဆိုလိုက်သည်။

မည်သို့ပင်ဆိုစေ ကျယ်ပြန့်သော စေ့စပ် ညှိနှိုင်းမှုများ ပြန်လည် စတင်ရန် အလှမ်း ဝေးနေသေးကြောင်း အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ Mark Toner က ပြောကြားသည်။

"အဓိပ္ပာယ် ပြည့်ဝတဲ့ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ကျွန်တော်တို့ ပြန်လည် မစတင်နိုင်ခင် အချိန်မှာ မြောက်ကိုရီးယား နိုင်ငံအနေနဲ့ လုပ်ရမှာတွေ အများကြီးရှိတယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းက ဆိုသည်။ မြောက်ကိုရီးယားက ယခု ဇန်နဝါရီလ အတွင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းချက် မျိုးစုံ ပြုလုပ်ခဲ့သော်လည်း တောင်ကိုရီးယားက ပယ်ချခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိကြီးများ ပြောဆိုချက်အရ ယခု နောက်ဆုံး ပြုလုပ်သည့် ကမ်းလှမ်းချက်တွင် ယုံပြွန်ကျွန်းသို့ အမြောက် ပစ်ခတ်မှုနှင့် ချိုနန် စစ်သင်္ဘော တိုက်ခိုက်ခံရမှု တို့အပေါ် အကျေအလည် ဆွေးနွေးမည့် အစီအစဉ် ပြုလုပ်ပါမည်ဟု ပါရှိကြောင်း သိရသည်။

တောင်ကိုရီယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက မြောက်ကိုရီးယား၏ ကမ်းလှမ်းချက်ကို လက်သင့်ခံလိုက်ပြီ ဖြစ်ကြောင်း၊ သို့သော် မြောက်ကိုရီးယား အနေဖြင့် နှစ်နိုင်ငံ အကြား တင်းမာမှု ဖြစ်ပေါ်စေခဲ့သော ဖြစ်ရပ်ကြီး နှစ်ခုအပေါ် တာဝန်ယူမည့် လုပ်ရပ်များ လုပ်ကိုင်ပေးရန် မဖြစ်မနေ လိုအပ်ကြောင်း ဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝါရှင်တန်သို့ ရောက်ရှိနေသော တရုတ်သမ္မတ ဟူဂျင်းတောင်နှင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့က ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် ကိုရီးယားကျွန်းဆွယ် ဒိုင်ယာလော့ခ် စတင်ရန် တိုက်တွန်းထားသည်။ ဟူဂျင်းတောင်နှင့် အိုဘားမားတို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယင်းသို့ တိုက်တွန်း လိုက်ခြင်း ဖြစ်သည်။

"တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံအကြား တိုးတက် ကောင်းမွန်သော ဆက်ဆံရေး အရေးပါမှုကို အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့က အထူးပင် အလေးထားပါသည်" ဟု နှစ်နိုင်ငံ ခေါင်းဆောင်တို့က ရေးသား ဖော်ပြသည်။

မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာ ဖြစ်သော KCNA သတင်းဌာနက အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြုံယမ်း အစိုးရနှင့် ပွင့်လင်းသော ဆွေးနွေးမှုများ ပြုလုပ်ရန် ဆော်သြသည်။

"မြောက်ကိုရီးယား နိုင်ငံအပေါ် ထားရှိသည့် ရန်လိုသော မူဝါဒကို ပြန်လည် ဆန်းစစ်ရန် အမေရိကန် ပြည်ထောင်စုကို ကောင်းစွာ အကြံပြုလိုသည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် ဒိုင်ယာလော့ခ် လမ်းကြောင်းပေါ်သို့ ပြန်လည် တက်ရောက်ရန်လည်း လိုအပ်သည်" ဟု KCNA က ဆိုသည်။

မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စုလည်း ပါဝင်သည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သည်။ ယင်းသို့ နုတ်ထွက်ပြီးများ မကြာမီ အချိန်တွင် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကမူ မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေး ဒိုင်ယာလော့ခ် ပြန်လည် လက်ခံ ပြုလုပ်ပေးရန် အဆိုပြု သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံသည် ပြီးခဲ့သည့်နှစ် မတ်လအတွင်း လူ ၄၆ ဦး သေဆုံးသော ချိုနန်စစ်သင်္ဘော တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ဆက်ဆံရေး အလွန်အမင်း တင်းမာခဲ့ရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) သည် ဒေသတွင်း သင့်တင့် လျောက်ပတ်သော ဈေးနှုန်းဖြင့် မြန်နှုန်းမြင့် ကွန်နက်ရှင် ရရှိနိုင်မည့် ကိုယ်ပိုင် အင်တာနက် အိပ်ချိန်းနှင့် ဒိုမိန်းကို လာမည့် ၂၀၁၅ ခုနှစ်မှ စ၍ ပိုင်ဆိုင်လာဖွယ် ရှိကြောင်း သိရသည်။

မလေးရှား သတင်း ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဒါတွတ် ဆရီဒါရာဇစ် အဆိုအရ ၁၀ ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် နည်းပညာ ဆိုင်ရာ ဝန်ကြီးများ ဆွေးနွေးပွဲတွင် အာဆီယံ တယ်လီ ဆက်သွယ်ရေး ဝန်ကြီးများက အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

သို့သော် အာဆီယံ အင်တာနက် အိပ်ချိန်းနှင့် ဒိုမိန်း အောင်မြင်စွာ လည်ပတ်နိုင်ရန် သုတေသနနှင့် ပြင်ဆင်မှုများစွာ ပြုလုပ်ရန် ကနဦး လိုအပ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ နောင်ကာလတွေမှာ ကျင်းပမယ့် အာဆီယံ တယ်လီ ဆက်သွယ်ရေး အရာရှိကြီးများနဲ့ ဝန်ကြီးများ ဆွေးနွေးပွဲတွေမှာ အဲဒီကိစ္စ (အာဆီယံ အင်တာနက် အိပ်ချိန်းနှင့် ဒိုမိန်း) က ပေါ်ပြူလာ ဖြစ်လာမယ် ဆိုတာ ကျွန်တော် မြင်ယောင်မိနေပါတယ်" ဟု မစ္စတာ ဒါတွတ် ဆရီဒါရာ ရာဇစ်က မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပသော Asean ICT Masterplan 2015 ဖွင့်ပွဲ အခမ်းအနားတွင် သတင်းထောက်များကို ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲကို နှစ်ရက်တာမျှ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၊ အုပ်ချုပ်ရေး မြို့တော်သစ် နေပြည်တော်၌ ယခု နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည်ဟု သိရသည်။

အင်တာနက် အိပ်ချိန်း ဟူသည် Third Party Network တစ်ခုမှ တစ်ဆင့် ချိတ်ဆက်ပေးခြင်းထက် ကွန်ယက်များ အချင်းချင်း တိုက်ရိုက် ချိတ်ဆက်ပေးသော ပွိုင့်တစ်ခု အဖြစ် အဓိက လည်ပတ် လုပ်ကိုင် ပေးခြင်းမျိုးကို ဆိုလိုသည်။ အင်တာနက် အိပ်ချိန်း ရှိခြင်းကြောင့် အင်တာနက် သုံးသူများ စားရိတ်စက သက်သက် သာသာဖြင့် မြန်နှုန်းမြင့် အင်တာနက် ကွန်နက်ရှင်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

လက်ရှိ အနေအထားတွင် အာဆီယံ ဒေသမှ အင်တာနက် သုံးသူများမှာ စင်ကာပူ သို့မဟုတ် အမေရိကန် ပြည်ထောင်စုမှ Web Server များမှ တစ်ဆင့် လွှတ်တင်သော ဝက်ဘ်ဆိုက်များကို အသုံးပြုနေခြင်း ဖြစ်သည်။ အကြောင်းမှာ စင်ကာပူနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် နိုင်ငံတကာ တယ်လီ ဆက်သွယ်ရေး ကေဘယ်များ ပိုမို ရှိထားပြီး လုပ်ကိုင် လည်ပတ်သည့် စရိတ်စက ချိုသာသည့် အနေအထားတို့ ရှိနေသောကြောင့် ဖြစ်သည်။

ဒိုမိန်းနာမည် ဟူသည် အင်တာနက်တွင် ကိုယ်ပိုင် စီမံ အုပ်ချုပ်ခွင့် ရသော၊ လုပ်ပိုင်ခွင့် ရရှိသော နယ်ပယ်တစ်ခုကို ညွှန်းဆိုသော အသိအမှတ်ပြု လေဘယ် တစ်ခုကို ဆိုလိုသည်။ လက်ရှိ အနေအထားတွင် ဥရောပ သမဂ္ဂ၏ ဒိုမိန်း နာမည်မှာ ".eu" ဖြစ်ရာ အကယ်၍ အာဆီယံ ဒိုမိန်း နာမည်ရမည် ဆိုပါက ၎င်းနှင့် အလားသဏ္ဍာန် တူသည့် နာမည်မျိုး ဖြစ်လာဖွယ် ရှိသည်။

Bernama မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းမှ 20 January 2011 ရက်စွဲပါ "US, China Want North Korea to End Provocation" ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယား၏ ဆက်လက် ကျူးကျော် ရန်စမှုများ ရပ်ဆိုင်းစေရန် ဝါရှင်တန်နှင့် ဘေဂျင်းက ဆန္ဒ ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက တရုတ် ခေါင်းဆောင် ဟူဂျင်းတောင်နှင့် ထိပ်သီး ဆွေးနွေးပွဲ အပြီး ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

"ကိုရီးယား ကျွန်းဆွယ် ပေါ်က တင်းမာမှုတွေကို လျှော့ချဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်၊ မြောက်ကိုရီးယား အနေနဲ့ ဆက်လက် ကျူးကျော် ရန်စမှုတွေကို ရှောင်ရှား ရပါလိမ့်မယ်" ဟု သမ္မတ အိုဘားမားက တရုတ်သမ္မတ ဟူဂျင်းတောင် နှင့်အတူ အိမ်ဖြူတော်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အိုဘားမားက ကိုရီးယား ကျွန်းဆွယ် နျူကလီယာ လုံးဝ ကင်းစင်ရေးသည် အရာ အားလုံးထက် အရေးပါသော ပန်းတိုင် ဖြစ်ရမည်ဟု ယင်းနှင့် သမ္မတ ဟူဂျင်းတောင်တို့ သဘော တူညီခဲ့ကြသည်ဟု ပြောကြားသည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရှင်းရှင်းလင်းလင်း ဆက်လက် ကြေညာ ရမှာကတော့ မြောက်ကိုရီးယားရဲ့ ယူရေနီယမ် သန့်စင်မှု အစီအစဉ်ဟာ ကိုရီးယား ကျွန်းဆွယ်ရဲ့ တာဝန်နဲ့ နိုင်ငံတကာမှာ လိုက်နာရမယ့် ဝတ္တရားတွေကို ချိုးဖောက်တာ ဖြစ်တယ် ဆိုတဲ့ အချက်ပါပဲ" ဟု သမ္မတ အိုဘားမားက ဆက်လက် ပြောကြားသည်။

ယခင်နှစ်က တောင်ကိုရီးယားရှိ အရပ်သားများ နေထိုင်ရာ ဒေသကို အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယား စစ်သင်္ဘော တစ်စင်းကိုလည်း ပစ်ခတ် နှစ်မြှုပ်ခဲ့သည်ဟု စွပ်စွဲ ခံရသော မြောက်ကိုရီးယား နိုင်ငံ၏ မှီခိုရာ အဓိက မဟာမိတ်မှာ တရုတ်နိုင်ငံ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 19 Jan 2011 ရက်စွဲပါ "China got stealth tech from Russia"  သတင်းတို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံသည် ၎င်း၏ ပထမဆုံး ရေဒါပျောက် စတဲ့လ် တိုက်လေယာဉ် နည်းပညာကို ရုရှားထံမှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဂျက်လေယာဉ် ပထမဦးဆုံး စမ်းသပ်ပျံသန်းမှု အပြီး တစ်ပတ်အကြာ အင်္ဂါနေ့တွင် ဝါရင့် အမေရိကန် လွှတ်တော် အမတ်တစ်ဦးက ပြောကြားလိုက်သည်။

"ကျွန်တော် သိထားတာကတော့ ရုရှားကနေ ရတဲ့ နည်းပညာ အချက်အလက်ပေါ် အခြေခံပြီး သူတို့ လေယာဉ်ကို တည်ဆောက်ခဲ့တယ် ဆိုတာပါပဲ၊ ရုရှား လေယာဉ်ကနေ ပုံတူ ကူးနိုင်ခဲ့တာပါ" ဟု အထက် လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ Buck Mckeon က သတင်းထောက်များအား ပြောကြားသည်။

တရုတ် အနောက်တောင်ပိုင်း ကောင်းကင်ယံမှ J.20 ဂျက်လေယာဉ်၏ ဓါတ်ပုံများကို တရုတ်မီဒီယာများက ဖော်ပြခဲ့သည့် အချိန်တွင် ဘေဂျင်းသို့ ရောက်ရှိနေသော ကာကွယ်ရေးဝန်ကြီး Robert Gates ထံမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပိုမို ကြားသိရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် Mckeon ကဆိုသည်။

တရုတ် တပ်မတော် ခေတ်မီရေးကို အရှိန်မြှင့်သည့် လက္ခဏာအဖြစ် ထက်ဟပ်နေသော မျိုးဆက်သစ် ရေဒါပျေက် တိုက်လေယာဉ်သည် ၁၅ မိနစ်ကြာ အစမ်းပျံသန်းကာ ပြန်လည် ဆင်းသက်ခဲ့သည်ဟု မျက်မြင် သက်သေများကို ကိုးကားထားသည့် သတင်းများအရ သိရှိရသည်။

ယခုကဲ့သို့ အဆင့်မြင့် တိုက်လေယာဉ် တည်ဆောက်ရန် လိုအပ်သော နည်းပညာအား ဆိုက်ဘာ သူလျိုလုပ်ခြင်းမှ ဘီဂျင်းက ရရှိသွားခြင်း ဟုတ်/မဟုတ်ကို မေးမြန်းခြင်းခံရသူ လွှတ်တော်အမတ် Mckeon က အမေရိကန် အမျိုးသား လုံခြုံရေးအတွက် တရုတ်ကို စိုးရိမ်ပူပန်ကြောင်း အလေးထား ပြောကြားခဲ့သည်။

အမေရိကန် စစ်ဖက် အသုံးစရိတ်များ လျှော့ချမည့် Robert Gates ၏ အစီအစဉ်များကို သံသယရှိကြောင်း သဘောထား ပေးခဲ့သူ Mckeon က "ကျွန်တော်တို့ တရုတ်ကို စောင့်ကြည့်ဖို့ လိုပါတယ်၊ မြောက်ကိုးရီးယားကို စောင့်ကြည့်ဖို့လိုပါတယ်၊ အီရန်ကို စောင့်ကြည့်ဖို့လိုပါတယ်" ဟု ပြောဆိုခဲ့သည်။

"ကာကွယ်ရေး ဘတ်ဂျက်နဲ့ ပတ်သက်လို့ သူတို့ ပြောနေကြတဲ့ ဖြစ်နိုင်ချေ ဖြတ်တောက်မှု အစီအစဉ်ကို ကျွန်တော် လေ့လာကြည့်တဲ့အခါ ကျွန်တော့်ကို အမှန်တကယ် စိုးရိမ်သွားစေပါတယ်၊ လုံခြုံတဲ့ ကမ္ဘာကြီး မဟုတ်လို့ပါပဲ"ဟု အထက် လွှတ်တော် အမတ်က မှတ်ချက်ပေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(China Tech News မှ 20 January 2011 ရက်စွဲပါ "China Unicom Launchs International Roaming Service in Myanmar" ကို ဘာသာ ပြန်ဆိုသည်)

တရုတ် လူမျိုးတို့၏ ခရီးသွား ရာသီ ကျရောက်လာသည့် အချိန်တွင် အချိန်ကိုက် ဆောင်ရွက်မှု အဖြစ် မြန်မာ နိုင်ငံမှ China Unicom သုံးစွဲသူ ဖောက်သည်များအား GSM နိုင်ငံတကာ ကွန်ရက် ဝန်ဆောင်မှုကို ပူးတွဲ လုပ်ကိုင်ရန် China Unicom နှင့် မြန်မာနိုင်ငံ စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ယူနန်ပြည်နယ် ကူမင်းတွင် သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခု အစီအစဉ်သည် မြန်မာနိုင်ငံနှင့် ပြည်ပ တယ်လီဖုန်း ကုမ္ပဏီ အကြား လက်မှတ် ရေးထိုးသော ပထမဆုံး နိုင်ငံတကာ ကွန်ရက် ဝန်ဆောင်မှု သဘော တူညီချက် ဖြစ်သည်ဟု သိရှိရပြီး China Unicom သည်လည်း ယခု ဝန်ဆောင်မှု လုပ်ငန်းကို မြန်မာ နိုင်ငံတွင် ပထမဆုံး စတင် လုပ်ကိုင်ခွင့် ရသော ကုမ္ပဏီ ဖြစ်လာကြောင်း ဆိုသည်။

တရုတ် နိုင်ငံ ယူနန် ပြည်နယ်၏ အကြီးဆုံး ပြည်ပ ကုန်သွယ်ဖက် ဖြစ်သည့် မြန်မာ နိုင်ငံတွင် တစ်ခု တည်းသော တယ်လီဖုန်း ကုမ္ပဏီမှာ အစိုးရ၏ စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး လုပ်ငန်း ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ် အကြား ကုန်သွယ်မှု ပမာဏသည် မြန်မာ နိုင်ငံနှင့် တရုတ် နိုင်ငံ အကြား စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 20 Jan 2011 ရက်စွဲပါ "Myanmar looks at stock market to attract capital"ကို ဘာသာပြန်ဆိုသည်)

မြန်မာစစ်ဖက် အုပ်ချုပ်သူများက တိုင်းပြည် အတွင်း များစွာ လိုအပ်နေသော နိုင်ငံခြားငွေ အရင်းအနှီးများကို ဆွဲဆောင်ရန် ရည်ရွယ်၍ ပြုလုပ်သော ဆောင်ရွက်ချက် များစွာထဲမှ နောက်ဆုံး ဖြစ်သော စတော့ဈေးကွက် ဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး တောင်ကိုးရီးယား စတော့အိပ်ချိန်း အော်ပရေတာနှင့် မြန်မာနိုင်ငံသို့ ဆွေးနွေးလျက် ရှိသည်။

ကိုးရီးယား စတော့အိပ်ချိန်းသည် မကြာသေးမီက အသစ် ဖွင့်လှစ်လိုက်သော လာအို စတော့ အိပ်ချိန်း လည်ပတ်မှုတွင် ပါဝင်သကဲ့သို့ ဇူလိုင်လတွင် ဖွင့်လှစ်မည့် ကြန့်ကြာနေသော ကမ္ဘောဒီးယား အိပ်ချိန်းကိုလည်း စီစဉ် ဆောင်ရွက်ပေးလျက် ရှိသည်။ အထက် လုပ်ငန်း နှစ်ခုစလုံးမှာ သက်ဆိုင်ရာ အစိုးရ အသီးသီးနှင့် ဖက်စပ်လုပ်ငန်းများ ဖြစ်သည်။

"ကျွန်တော်တို့ အရင်ကတည်းက မြန်မာနိုင်ငံနဲ့ ဆွေးနွေးခဲ့ပါတယ်" ဟု ကမ္ဘောဒီးယား စတော့အိပ်ချိန်းမှ စီမံကိန်း ဒါရိုက်တာ လီအင်ဖြိုးက ကြာသပတေးနေ့တွင် ရိုက်တာသို့ ပြောကြားသည်။ တောင်ကိုးရီးယား အိပ်ချိန်း ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် စိတ်ဝင်တစား ရှိပါသလားဟု မေးမြန်းရာတွင် ၎င်းက "ဘာမဆို ဖြစ်နိုင်ခြေ အလားအလာ ရှိသလို၊ ဘာမဆို ဖြစ်သွားနိုင်ပါတယ်" ဟု ပြောကြားသည်။

ဆိုးလ်မှ ကိုးရီးယား အိပ်ချိန်း ပြောရေးဆိုခွင့် ရှိသူက "ကုမ္ပဏီ ကိုယ်စားလှယ်များ မြန်မာ နိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့သည်" ဟု ပြောကြားသည်။ "ဒါပေမယ့် ဘာကိုမှ မဆုံးဖြတ် ရသေးပါဘူး" ဟု ၎င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ များစွာ ကြွယ်ဝသော်လည်း စစ်ဖက် အုပ်ချုပ်သူ အာဏာရှင်များ၏ အနှစ် (၅၀) အလွဲလွဲ အမှားမှား စီးပွားရေး စီမံခန့်ခွဲမှုများနှင့် အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှုများကြောင့် ဖွံ့ဖြိုး တိုးတက်မှု မရှိပဲ နိမ့်ကျလျက် ရှိသည်။

သို့သော်လည်း ပြုပြင် ပြောင်းလဲမှုများကို စတင် လုပ်ဆောင်မှု အချို့ ရှိနေသည်။ အာဏာပိုင်များသည် နိုင်ငံပိုင်လုပ်ငန်း ရာဂဏန်းကို ယခင်နှစ်က ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ပြီး ဘဏ်လုပ်ငန်း၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ရေကြောင်း ပို့ဆောင်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး နယ်ပယ်များကို လုပ်ငန်း ချဲ့ထွင်ရန် ကြိုးစားလျက် ရှိသည်။