Transparency Myanmar

transparency.myanmar@gmail.com

(Irrawaddy သတင်းဌာနမှ Suu Kyi meets Thai FM သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြနှင့် ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးတွင် သောကြာနေ့ မနက်က တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများက ပြောကြားသည်။

"တွေ့ဆုံ ဆွေးနွေးမှုက လုံးဝ ပွင့်လင်းမှု ရှိပါတယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက် တွေကိုတော့ မသိရသေးပါဘူး" ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ယခု တွေ့ဆုံမှုသည် သူမနှင့် အခြားနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး တို့အကြား ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment