Transparency Myanmar

transparency.myanmar@gmail.com

(The Nation သတင်းစာမှ 22 Jan 2011 ရက်စွဲပါ Burma closes borders in Tak province သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် ပဋိပက္ခ ဖြစ်ပွားမှု အပါအဝင် လုံခြုံရေး အကြောင်း ပြချက်များကို ရည်ညွှန်းကာ တပ်ခ်ပြည်နယ် သာခီလတ် နယ်စပ် စစ်ဆေးရေး ဂိတ်နှင့် ပေါ့ဖရားခရိုင်မှ နယ်စပ် ဝင်ပေါက် တစ်ခုကို ပိတ်ထားလိုက်သည်ဟု သိရှိရသည်။

သာစီလတ်ဂိတ်နှင့် ၄၅ ကီလိုမီတာခန့် အကွာတွင် မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် ကရင် လက်နက်ကိုင် အုပ်စုများ အကြား ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ပြီးနောက် အဆိုပါ စစ်ဆေးရေး ဂိတ်မှ ဂိတ်ပေါက် ၁၈ ခု ကို ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ကြားသိရသည်။

ထိုင်းကုန်သည်များက သာခီလတ် စစ်ဆေးရေး ဂိတ်ပေါက်များတွင် ကုန်ပစ္စည်းများကို စုပုံထားကာ နယ်စပ် ပြန်ဖွင့်လျှင် ဖွင့်ခြင်း သယ်ယူ ပို့ဆောင်ရန် စောင့်မျှော်နေကြသည်။

ပေါ့ဖရား ခရိုင်မှ ထိုင်းနိုင်ငံသား ၄ ဦးကို မြန်မာ စစ်သားများက နယ်စပ် ခိုးဝင်မှုဖြင့် ဖမ်းဆီး ခဲ့ပြီးနောက် ဒေသခံ နေထိုင်သူများအား နောက်ထပ် အသိပေး ကြေညာမှု မရှိခင် မြန်မာ နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်း မပြုရန် တားမြစ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment