Transparency Myanmar

transparency.myanmar@gmail.com

(The Strait Times မှ 20 Jan 2011 ရက်စွဲပါ Taiwan may test missiles again after flop သတင်းကို ဘာသာ ပြန်ဆိုသည်။)

ထိုင်ဝမ် နိုင်ငံတွင် ယခု သီတင်းပတ် စစ်ရေး လေ့ကျင့်မှုများ၌ ဒုံးကျည် ပစ်ခတ်မှုများ မအောင်မြင် ခဲ့ခြင်းကြောင့် စိတ်ဆိုးနေသော သမ္မတ မာရင်ကျိုးက ထိပ်တန်း စစ်ဖက် ခေါင်းဆောင်များကို ရှားရှား ပါးပါး ပြစ်တင် ဝေဖန်ခဲ့ပြီးနောက် ထိုင်ဝမ်က ဒုံးကျည် စမ်းသပ်မှုများက အသစ် ပြုလုပ်ရန် စဉ်းစားနေသည်ဟု တာဝန်ရှိသူ တစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားသည်။

အင်္ဂါနေ့က လက်တွေ့ ပစ်ခတ် လေ့ကျင့်စဉ် အတွင်း ဒုံးကျည် ၁၉ စင်းအနက် ၆ စင်းမှာ ပစ်မှတ် လွဲချော်ခြင်း၊ မပေါက်ကွဲခြင်းတို့  ဖြစ်ပွားခဲ့ခြင်းကြောင့် သမ္မတ မာရင်ကျိုးက ၎င်းအနေဖြင့် ကျေနပ်မှု မရှိကြောင်း၊ ထပ်မံ လေ့ကျင့်ရန် တိုက်တွန်းကြောင်း လူသိရှင်ကြား ဝေဖန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း ထိုင်ဝမ် စစ်ဖက်က "ရလဒ်များမှ လက်ခံနိုင်သည့် အနေအထား ရှိကြောင်း၊ လေ့ကျင့် ပစ်ခတ်စဉ် မအောင်မြင်ခဲ့သော ဒုံးကျည် အမျိုးအစား ၃ မျိုးကို ပြန်လည် စမ်းသပ်ရန် စီစဉ်နေကြောင်း ခုခံ ပြောကြားခဲ့သည်" ဟု Liberty Times က သတင်း ရင်းမြစ်ကို တိုးကားခြင်း မရှိပဲ ဖော်ပြထားသည်။

ပြန်လည် စမ်းသပ်ရမည့် ဒုံးကျည် အမျိုးအစားများမှာ ပြည်တွင်းဖြစ် တိုင်းချင်း II အမေရိကန်လုပ် စပဲရိုးနှင့် ပြင်သစ်လုပ် မီကာတို့ ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

"ဒီနှစ် ဒုတိယ ခြောက်လပိုင်းမှာ ပြုလုပ်မည့် နောက်ထပ် စစ်ရေး လေ့ကျင့်မှု အစီအစဉ်မှာ ပြန်လည် စမ်းသပ်မှာပါ။ ဒါပေမယ့် အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပါဘူး" ဟု အမည် မဖော်လိုသော ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက AFP သို့ ပြောကြားသည်။

၁၉၄၉ တွင် ပြည်တွင်းစစ် အပြီးမှစ၍ ကိုယ်ပိုင် အုပ်ချုပ်သော ထိုင်ဝမ်နိုင်ငံကို ထူထောင်ခဲ့သော်လည်း ဘေဂျင်းက ထိုင်ဝမ်ကျွန်းသည် ပြည်မကြီး၏ အစိတ်အပိုင်းသာ ဖြစ်သည်ဟု သတ်မှတ်ထားဆဲ ဖြစ်ပြီး ပြန်လည် ရယူရန် အင်အား သုံးမည့် အလားအလာကို လုံးဝ စွန့်လွှတ်ခြင်း မရှိသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment