Transparency Myanmar

transparency.myanmar@gmail.com

အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) သည် ဒေသတွင်း သင့်တင့် လျောက်ပတ်သော ဈေးနှုန်းဖြင့် မြန်နှုန်းမြင့် ကွန်နက်ရှင် ရရှိနိုင်မည့် ကိုယ်ပိုင် အင်တာနက် အိပ်ချိန်းနှင့် ဒိုမိန်းကို လာမည့် ၂၀၁၅ ခုနှစ်မှ စ၍ ပိုင်ဆိုင်လာဖွယ် ရှိကြောင်း သိရသည်။

မလေးရှား သတင်း ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဒါတွတ် ဆရီဒါရာဇစ် အဆိုအရ ၁၀ ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် နည်းပညာ ဆိုင်ရာ ဝန်ကြီးများ ဆွေးနွေးပွဲတွင် အာဆီယံ တယ်လီ ဆက်သွယ်ရေး ဝန်ကြီးများက အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

သို့သော် အာဆီယံ အင်တာနက် အိပ်ချိန်းနှင့် ဒိုမိန်း အောင်မြင်စွာ လည်ပတ်နိုင်ရန် သုတေသနနှင့် ပြင်ဆင်မှုများစွာ ပြုလုပ်ရန် ကနဦး လိုအပ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ နောင်ကာလတွေမှာ ကျင်းပမယ့် အာဆီယံ တယ်လီ ဆက်သွယ်ရေး အရာရှိကြီးများနဲ့ ဝန်ကြီးများ ဆွေးနွေးပွဲတွေမှာ အဲဒီကိစ္စ (အာဆီယံ အင်တာနက် အိပ်ချိန်းနှင့် ဒိုမိန်း) က ပေါ်ပြူလာ ဖြစ်လာမယ် ဆိုတာ ကျွန်တော် မြင်ယောင်မိနေပါတယ်" ဟု မစ္စတာ ဒါတွတ် ဆရီဒါရာ ရာဇစ်က မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပသော Asean ICT Masterplan 2015 ဖွင့်ပွဲ အခမ်းအနားတွင် သတင်းထောက်များကို ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲကို နှစ်ရက်တာမျှ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၊ အုပ်ချုပ်ရေး မြို့တော်သစ် နေပြည်တော်၌ ယခု နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည်ဟု သိရသည်။

အင်တာနက် အိပ်ချိန်း ဟူသည် Third Party Network တစ်ခုမှ တစ်ဆင့် ချိတ်ဆက်ပေးခြင်းထက် ကွန်ယက်များ အချင်းချင်း တိုက်ရိုက် ချိတ်ဆက်ပေးသော ပွိုင့်တစ်ခု အဖြစ် အဓိက လည်ပတ် လုပ်ကိုင် ပေးခြင်းမျိုးကို ဆိုလိုသည်။ အင်တာနက် အိပ်ချိန်း ရှိခြင်းကြောင့် အင်တာနက် သုံးသူများ စားရိတ်စက သက်သက် သာသာဖြင့် မြန်နှုန်းမြင့် အင်တာနက် ကွန်နက်ရှင်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

လက်ရှိ အနေအထားတွင် အာဆီယံ ဒေသမှ အင်တာနက် သုံးသူများမှာ စင်ကာပူ သို့မဟုတ် အမေရိကန် ပြည်ထောင်စုမှ Web Server များမှ တစ်ဆင့် လွှတ်တင်သော ဝက်ဘ်ဆိုက်များကို အသုံးပြုနေခြင်း ဖြစ်သည်။ အကြောင်းမှာ စင်ကာပူနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် နိုင်ငံတကာ တယ်လီ ဆက်သွယ်ရေး ကေဘယ်များ ပိုမို ရှိထားပြီး လုပ်ကိုင် လည်ပတ်သည့် စရိတ်စက ချိုသာသည့် အနေအထားတို့ ရှိနေသောကြောင့် ဖြစ်သည်။

ဒိုမိန်းနာမည် ဟူသည် အင်တာနက်တွင် ကိုယ်ပိုင် စီမံ အုပ်ချုပ်ခွင့် ရသော၊ လုပ်ပိုင်ခွင့် ရရှိသော နယ်ပယ်တစ်ခုကို ညွှန်းဆိုသော အသိအမှတ်ပြု လေဘယ် တစ်ခုကို ဆိုလိုသည်။ လက်ရှိ အနေအထားတွင် ဥရောပ သမဂ္ဂ၏ ဒိုမိန်း နာမည်မှာ ".eu" ဖြစ်ရာ အကယ်၍ အာဆီယံ ဒိုမိန်း နာမည်ရမည် ဆိုပါက ၎င်းနှင့် အလားသဏ္ဍာန် တူသည့် နာမည်မျိုး ဖြစ်လာဖွယ် ရှိသည်။

Bernama မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment