Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 19 Jan 2011 ရက်စွဲပါ China police open fire on protesters: fights group သတင်းကို ဘာသာ ပြန်ဆိုသည်။)

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယခု သီတင်း ပတ်ကုန်က ဆန္ဒပြသော လူအုပ်ထဲသို့ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု လူ့အခွင့်အရေး အုပ်စုများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အလုပ်သမား တစ်ရာကျော်က လုပ်ခလစာ နည်းပါးမှုကို ဆန္ဒပြရန် ဂွမ်ဇီဒေသ ဝူကျိုး မြို့တော်ရှိ အစိုးရ အဆောက်အဦသို့ ချီတက်စဉ် ရဲတပ်ဖွဲ့က ပိတ်ဆို့ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု Information Center for Human Rights & Democracy အုပ်စုက ပြောဆိုသည်။

ဟောင်ကောင် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ပြောကြားရာတွင် အနည်းဆုံး လူငါးဦးမှာ သေနတ် ကျည်ဆံ ထိမှန်ခံရပြီး၊ လူ ၂၀ ခန့် ဆေးရုံတက် ကုသနေရကြောင်းနှင့် အချို့မှာ သေနတ် ဒဏ်ရာကြောင့် ဖြစ်ပြီး၊ အချို့မှာ ဖြိုခွင်း နှိမ်နင်းခံရစဉ် ဒဏ်ရာ ရသွားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အမည် မဖော်လိုသော ဝူကျိုး ဆေးရုံမှ ဝန်ထမ်း တစ်ဦးက ပြောကြားရာတွင်မူ ဆန္ဒပြသူ ၁၈ ဦး ဆေးရုံတက် ကုသနေရပြီး ၎င်းတို့အားလုံး သေနတ် ဒဏ်ရာ ရရှိထားသည်ဟု ဆိုသည်။

သို့သော်လည်း လူနာများအား မည်သူက ပစ်ခတ်ခဲ့သည် ဆိုသည်ကို သူမက ပြောကြားရန် ငြင်းဆိုခဲ့ပြီး AFP သတင်းဌာနကလည်း ရဲတပ်ဖွဲ့က လူအုပ်ထဲသို့ အမှန်တကယ် ပစ်ခတ်ခဲ့ခြင်း ဟုတ်/ မဟုတ်ကို လွတ်လွတ်လပ်လပ် သတင်းယူ အတည်ပြု နိုင်ခဲ့ခြင်း မရှိပါ။

ဝူကျိုးမြို့ ချန်ကျိုးခရိုင်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက အဆိုပါ ကိစ္စကို AFP သို့ အတည်ပြု ပြောကြားခဲ့ပြီး၊ အလုပ်သမားများ၏ လုပ်ခ လစာကြောင့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အခြား ရဲတပ်ဖွဲ့ တစ်ခုက ကိုင်တွယ် ဖြေရှင်းခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment