Transparency Myanmar

transparency.myanmar@gmail.com

ပင်လယ်ပြင်ပိုင်နက် အငြင်းပွားမှု ဖြေရှင်းနေရသဖြင့် ဘင်္ဂလားဒေ့ရှ်အကျပ်အတည်းကြုံ

11th Oct, 2009

Haroon Habib

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယ၊ မြန်မာနိုင်ငံတို့နှင့် ရေပိုင်နက် အငြင်းပွားမှုကို စေ့စပ်ဖြေရှင်းနေရသောကြောင့် နိုင်ငံ၏ တိုးတက်ရေး ဖြစ်စဉ်တွင် အကျပ်အတည်း အတားအဆီးတစ်ခု ဖြစ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး Dipu Moni က စနေနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံ၏ ချမှတ်ထားသော ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အညီ တိုးတက်ရေးနှင့် နိုင်ငံ၏ နည်းပါးသော သယံဇာတများကို အကျိုးရှိစွာ အသုံးချနိုင်ရေးတို့အတွက် ပင်လယ်ပြင်မှ သဘာဝသတ္တု အရင်းအမြစ်များ ရယူရန် လိုအပ်သည်ဟု သူမက ချန်ပါမြို့တွင် စာနယ်ဇင်းများကို ပြောခဲ့သည်။

မြန်မာနှင့် အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်၏ ရေနံသိုက်များကို မမျှမတ ဖြတ်တောက်ယူနေခြင်းကြောင့် ရေပြင်ပိုင်နက် စည်းမျဉ်းဥပဒေများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်နေကြောင်း ကုလခုံသမာဓိ တရားရုံးသို့ မတင်ပြမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြေညာခဲ့ပြီးနောက်ရက်တွင် Ms. Moni က ပြောခဲ့ခြင်း ဖြစ်ပါသည်။ ညီလာခံ စည်းမျဉ်းဥပဒေများအတိုင်း လိုက်နာရေးအစီအစဉ်ကို စတင်နေကြောင်းကို အိန္ဒိယနှင့် မြန်မာသံအမတ်များထံ တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

အထက်ပါ အကြောင်းကြားစာတွင် ယခုအငြင်းပွားမှုကို ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေညီလာခံမှ ချမှတ်ထားသော စည်းမျဉ်းဥပဒေများနှင့် အညီ ဖြေရှင်းဆုံးဖြတ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

လွန်ခဲ့သော ၃၅ နှစ်အတွင်း အိမ်နီးချင်း ၂ နိုင်ငံနှင့် ၎င်းအငြင်းပွားမှုကို ဖြေရှင်းရာ မအောင်မြင်ခဲ့သောကြောင့် ယခုကဲ့သို့ ညီလာခံ စည်းမျဉ်း ဥပဒေများနှင့်အညီ စစ်ဆေးဆုံးဖြတ်ရန် "ဒက်ကာ" က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရန်  ဘင်္ဂလားဒေ့ရှ်တွင် အခွင့်ရှိကြောင်း ရေပြင်ပိုင်နက် သတ်မှတ်ချက်များက ဖော်ညွှန်းနေပြီး "ဒက်ကာ" အနေနှင့် အိမ်နီးချင်းနှစ်နိုင်ငံနှင့် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်မည်ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

မိမိတို့ အစိုးရအနေဖြင့် ဘင်္ဂလားပင်လယ်အော်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရန် ကြိုးပမ်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ပါလီမန်တွင် ပြောကြားပြီးနောက် Ms. Dipu Moni က ကုလသမဂ္ဂတွင် စစ်ဆေး ဆုံးဖြတ်မည့် အစီအစဉ်ကို လူသိရှင်ကြား ဖွင့်ဟလိုက်ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အစိုးရသည် ကမ်းလွန်ရေနံလုပ်ကွက် ၃ ခုကို ပြည်ပ အင်အားကြီး ရေနံရှာဖွေရေး ကုမ္ပဏီကြီး နှစ်ခုသို့ လုပ်ငန်းအပ်နှံထားပြီး မည်သည့်အငြင်းပွား ရေပြင်တွင်မဆို ရေနံရှာဖွေခြင်း မပြုလုပ်ရဟု စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။

သို့ရာတွင် အိန္ဒိယနိုင်ငံက ပင်လယ်ရေနက်ပိုင်း လုပ်ကွက်အမှတ် ၅ နှင့် ၁၀ တို့နှင့် ပတ်သက်၍ စောဒကတက်ခဲ့ပြီး မြန်မာနိုင်ငံကလည်း ပင်လယ်ရေတိမ်ပိုင်း လုပ်ကွက်အမှတ် ၁၁ သည် ပင်လယ်ပြင်ဆိုင်ရာ နယ်နိမိတ်မျဉ်း၏ အောက်ကြမ်းပြင်တွင် ၎င်းတို့၏ ရေပိုင်နက်အတွင်းသို့ ထိစပ်ဝင်ရောက်နေကြောင်း အငြင်းပွားလျက် ရှိသည်။

 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment