Transparency Myanmar

transparency.myanmar@gmail.com

ကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အီရန်ကို

ဖိအားပေးရန် ရုရှားကို တောင်းဆို

 (AP- Oct 13,09)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Rodham Clinton) က အီရန်အနေဖြင့် အပြည်ပြည်ဆိုင်ရာက တောင်းဆိုချက်ဖြစ်သည့် နျူကလီးယား အစီအစဉ်ကို ငြိမ်းချမ်းရေးအတွက် အသုံးချခြင်းမပြုပါက ရုရှားခေါင်းဆောင်များက တိကျသော ဖိအားပေးမှု ပြုလုပ်ရန်အတွက် တိုက်တွန်းပြောဆိုရန် စီစဉ်ထားပါသည်။

ကလင်တန်သည် အင်္ဂါနေ့တွင် ရုရှားသမ္မတ Dmitry Medvedev  နှင့် နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့်တွေ့ဆုံလျက် အီရန်ကိစ္စများကို အထူး အလေးပေး ဆွေးနွေးရန်အတွက် မော်စကိုမြို့သို့ တနင်္လာနေ့က Belfast မှတဆင့် ရောက်ရှိလာပါသည်။

အဆိုပါ အစည်းအဝေးတွင် အာဖဂန်နစ္စတန် အရေးကိစ္စနှင့် ဘွတ်ခ်ျအစိုးရ လက်ထက်က အဆိုပြုခဲ့သော ဒုံးကျည်ကာကွယ်ရေးစနစ် ဥရောပတွင် ဖြန့်ကျက်ချထားမှု အဆိုပြုချက်ကို အိုဘားမားအစိုးရက ပြန်လည်ရုပ်သိမ်းရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးရန်ရှိပါသည်။      

ဆွေးနွေးမည့် အစီအစဉ်များထဲတွင် တနင်္လာနေ့က ထပ်မံပြုလုပ်သည့် တာတိုပစ် ဒုံးကျည်စမ်းသပ်မှု ပြုလုပ်သည့် မြောက်ကိုရီးယားကိစ္စ၊ နေတိုးအဖွဲ့၏ တိုးချဲ့မှုအစီအစဉ်၊ ယမန်နှစ်က ရုရှားနှင့်ပြဿနာဖြစ်ခဲသည့် ဂျော့ဂျီးယားအရေးကိစ္စ၊ လူအခွင့်အရေးကိစ္စနှင့် လက်နက်ထိန်းချုပ်ရေး ကိစ္စရပ်များ ပါဝင်သည်။     

ကလင်တန် နှင့်အတူ လိုက်ပါသွားသူ အစိုးရအဖွဲ့ရုံးမှ အဆင်ြ့မင့် အရာရှိတစ်ဦးက အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားကိစ္စနှင့် ပတ်သက်၍ ပြုလုပ်ရန်ရှိသည့် ကိစ္စများကို ပြုလုပ်နိုင်ခြင်း မရှိပါက၊ ရုရှားသည် အမေရိကန်နှင့် ယင်း၏မဟာမိတ်များ နှင့်အတူ အီရန်ကို မည်ကဲ့သို့သော တိကျသည့် ဖိအားပေးမှုများ ပြုလုပ်မည်ကို နိုင်ငံခြားရေးဝန်ကြီး Lavrov၊ သမ္မတ Medvedev တို့နှင့် ဆွေးနွေးရန်ရှိကြောင်း ပြောခဲ့ပါသည်။     

အဆိုပါ အရာရှိက မော်စကို၏ ခိုင်မာသော ထောက်ခံမှု ရရှိရန် အထူး အရေးကြီးကြောင်း၊ အဘယ်ကြောင့်ဆိုသော် အပြည်ပြည်ဆိုင်ရာ နိုင်ငံများ ပေါင်းစည်းမှု ပိုမိုရရှိမှ အီရန်အပေါ် ဖိအားပေးမှုသည် ပိုမို ထိရောက်မည်ဖြစ်ကြောင်း ပြောသည်။      

နျူကလီးယားလက်နက် မထုတ်လုပ်ပါဟုဆိုသော သက်သေပြချက်ကို ကမ္ဘာက "တသက်လုံးစောင့်နေမည်" မဟုတ်ကြောင်း ကလင်တန်က တနင်္ဂနွေက ပြောကြားခဲ့ပါသည်။     

အီရန်ကလည်း ၎င်းတို့အနေဖြင့် ပြည်တွင်း နျူကလီးယား သန့်စင်ရေး လုပ်ငန်းများကို ငြိမ်းချမ်းရေးကိစ္စနှင့် စွမ်းအင် ထုတ်လုပ်မှုအတွက် လုပ်ပိုင်ခွင့် အပြည့်အ၀ရှိကြောင်း ပြောကြားခဲ့သည်။      

အီရန်ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂက ပိတ်ဆို့မှု ()ခု ပြုလုပ်ပြီးဖြစ်ပါသည်။ ရုရှားနှင့် တရုတ်တို့သည် အီရန်အပေါ် အရေးယူမှုအသစ်များ ပြုလုပ်ခြင်းကို တားဆီးခဲ့ကြသော်လည်း အီရန်၏ Holy City of Qom တွင်ရှိသော လျှို့ဝှက် ယူရေနီယံ သန့်စင်ရေး လုပ်ငန်းများကို သိရှိလာခြင်းကြောင့် ရပ်တည်မှု ပြောင်းလဲကောင်း ပြောင်းလဲမည်ဖြစ်ကြောင်း ပြောကြားလာပါသည်။      

သို့သော် အီရန်အပေါ်သို့ အရေးယူမှုအသစ်များ ပြုလုပ်ခြင်းကို လက်ခံအောင် ရုရှားတို့အား ပြုလုပ်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော အီရန်က ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့ကို Qom သို့ဝင်ရောက် စစ်ဆေးခွင့် ပြုလိုက်ပြီး၊ ၎င်း၏ အဆင့်နိမ့် သန့်စင်ပြီးသော ယူရေနီယံကို ရုရှားနိုင်ငံတွင် ဆက်လက် သန့်စင်မှု ပြုလုပ်ရန် ပေးပို့ခြင်းကို မူအားဖြင့် သဘောတူညီခဲ့သောကြောင့် ဖြစ်သည်ဟု အမေရိကန် အရာရှိမှ ပြောကြားခဲ့သည်။

အီရန် နျူကလီးယားကိစ္စ ညှိနှိုင်းရေးမှူးချုပ်နှင့် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံ များမှ သံတမန်များ ဂျီနီဗာမြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် အီရန်က သဘောတူညီခဲ့ခြင်း ဖြစ်ပါသည်။      

အပြည်ပြည်ဆိုင်ရတောင်းဆိုချက်နှင့်အညီ အီရန်နိုင်ငံက ယူရေနီယံသန့်စင်ခြင်း လုပ်ငန်းကို စွန့်လွှတ်ပါက ၎င်းတို့အတွက် အကျိုးရှိစေမည့် ကိစ္စရပ်များကို ခံစားရရှိစေမည်၊ သို့မဟုတ်ပါက ပိတ်ဆို့ ဒဏ်ခတ်မှုအသစ်ကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြားထားသည်။အီရန်ကို အဆိုပါ အဆိုပြုချက်အပေါ် စဉ်းစားသုံးသပ်ရန် အချိန် ပေးထားပါသည်။     

အိုဘားမားအစိုးရသည် ဖိအားပေးမှုကို ရပ်ဆိုင်းမသွားရန် ဆန္ဒပြင်းပြနေပြီး၊ ကလင်တန် မှလည်း ပိတ်ဆို့မှုနှင့် ပတ်သက်၍ ရုရှားတို့၏ ထောက်ခံမှုအတွက် ဖော်ပြချက်နှင့် အီရန်မှ ယခုနှစ်ကုန်ပိုင်းတွင် နျူကလီးယား အစီအစဉ်များ ရပ်တန့်ခြင်းမပြုပါက ထပ်မံပြုလုပ်မည့် ဒဏ်ခတ်မှုများနှင့် ပတ်သက်၍ အလေးထား လေ့လာနေပါသည်။ 

ကလင်တန် ၀ါရှင်တန်မှ ဆွစ်ဇာလန်၊ ဗြိတိန်၊ အိုင်ယာလန်နှင့် ရုရှားသို့ စတင် ထွက်ခွာခဲ့စဉ်က ရုရှားသမ္မတ Medvedev က သူ့အစိုးရအနေဖြင့် မည်သည့် နိုင်ငံကမှ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို မမြင်တွေ့လိုတော့ကြောင်း ပြောခဲ့သော်လည်း၊ ပိတ်ဆို့ ဒဏ်ခတ်မှု အလားအလာများနှင့် ပတ်သက်၍ မည်သို့မှ ပြောကြားခြင်း မရှိခဲ့ပါ။       

ယခုခရီးစဉ်သည် ကလင်တန်အတွက် ထိပ်တန်း သံတမန်တစ်ဦးအဖြစ် ရုရှားသို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်ဖြစ်ပါသည်။ သမ္မတ အိုဘားမားကလည်း ဇူလိုင်လတွင် ရုရှားသို့ သွားရောက် လည်ပတ်ခဲ့ပြီး အမေရိကန်-ရုရှား ဆက်ဆံရေးကို ပိုမိုတိုးချဲ့ရန် သံနိဌာန်ချ ထားခဲ့ပါသည်။      

ကလင်တန်နှင့်အတူ လိုက်ပါသွားသော အဆင့်မြင့် အရာရှိကြီးတစ်ဦးက အမေရိကန်နှင့်ရုရှား ပူးပေါင်းဆောင်ရွက်မှုများသည် တိုးတက်လျက်ရှိကြောင်း၊ အာဖဂန်နစ္စတန်သို့ လူသေစေနိုင်သော လက်နက်ပစ္စည်းကိရိယာများ သယ်ဆောင်သော အမေရိကန် စစ်လေယာဉ်များကိုပင် ရုရှားနယ်မြေပေါ်မှ ဖြတ်ကျော်ပျံသန်းခွင့် ပြုထားကြောင်း ပြောပါသည်။ သို့သော် သဘော မတူသည့်အချက် မြောက်များစွာလည်း ရှိနေသေးကြောင်း ပြောသည်။      

ဂျော်ဂျီးယားကိစ္စ၊ နေတိုးကိစ္စနှင့် အခြားသော အတူတူ ပူးတွဲလုပ်ဆောင်နေသော ကိစ္စတချို့ နှင့် အီရန်ကိစ္စများတွင် သဘောမတူမှုများ ရှိနေသေးကြောင်း၊ ထို့အတွက်လည်း ဆက်လက် ညှိနှိုင်းဆွေးနွေးနေရသေးကြောင်း လည်း ပြောကြားသွားပါသည်။       

နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးသူများသည် ၁၉၉၁ ခုနှစ် Strategic Arms Reduction Treaty (Start I) ကို ဆက်လက်ပြုလုပ်ရန် သဘောတူညီမှု ရရှိရေးအတွက် အပြင်းအထန် လုပ်နေရပြီး၊ ကလင်တန်မှ ဆွေးနွေးမှု၏ အရေးပါမှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။      

အရှေ့ဥရောပတွင် ဘွတ်ခ်ျအစိုးရလက်ထက်က ပြုလုပ်ခဲ့သည့် ဒုံးကျည်ကာကွယ်ရေး စနစ်ကို ထူထောင်ရန်ကိစ္စအတွက် အိုဘားမားအစိုးရက ဆက်လက်ပြုလုပ်မပြုလုပ်ရန် ဆုံးဖြတ်ချက်ပေါ် ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ကလင်တန်မှ ပြုလုပ်သွားရန်ရှိပါသည်။ ရုရှားက အဆိုပါစီမံကိန်းကို ခါးခါးသီးသီး ဆန့်ကျင်ခဲ့ပြီး၊ အိုဘားမားအစိုးရ၏ အဆိုပြုချက် အသစ်ကို ကြိုဆိုခဲ့သည်။      

ကရင်လင်မှ အဆိုပါကိစ္စကို လက်ခံသော်လည်း၊ ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် START ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ ရုရှားနှင့် အမေရိကန် သံတမန်များသည် ကလင်တန် မရောက်ရှိမှီ တနင်္လာနေ့တွင် ဒုံးကျည်ကာကွယ်ရေး စနစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။      

ကလင်တန်သည် Lavrov နှင့်အတူ အိုဘားမားနှင့် Medvedev တို့မှ ဆုံးဖြတ် ချမှတ်ခဲ့သော ကော်မရှင်အစည်းအဝေးကို အတူလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဖန်နစ္စတန် ကိစ္စနှင့်အတူ အခြားသော ကိစ္စမျိုးစုံလည်း ဆွေးနွေးမည် ဖြစ်သည်။      

ရုရှားဝန်ကြီးချုပ် Vladimir Putin သည် တရုတ်ပြည်သို့ ကုန်သွယ်ရေးမစ်ရှင် ခရီးစဉ် သွားရောက်နေ၍ ကလင်တန်နှင့် တွေ့ဆုံမည်မဟုတ်ကြောင်း သိရှိရပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment