Transparency Myanmar

transparency.myanmar@gmail.com

 မြန်မာနိုင်ငံ အရှေ့ပိုင်း နယ်စပ်ဒေသများတွင် မတရားဖိနှိပ် ချုပ်ခြယ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ တစ်စထက်တစ်စ များပြားလာလျက်ရှိသည်။

မြန်မာဒုက္ခသည်များအတွက် အန်ဂျီအို အဖွဲ့ပေါင်း ၁၂ ဖွဲ့က စုပေါင်း ဖွဲ့စည်းထားသော ထိုင်း-မြန်မာနယ်စပ် ဒေသအဖွဲ့ (တီဘီဘီစီ) ၏ ထုတ်ပြန်ချက်တစ်ရပ်အရ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် တစ်နှစ်တည်းအတွင်း ဖြစ်ပွားခဲ့သည့် စစ်ရေးတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နယ်စပ်ဒေသ တလျှောက်မှ အရပ်ဘက် ပြည်သူ ၇၅၀၀၀ ခန့်မှာ အိုးအိမ်များစွန့်ပစ်ကာ ထွက်ပြေးခဲ့ ကြရကြောင်း သိရသည်။

 အဆိုပါ တီဘီဘီစီအဖွဲ့သည် မြန်မာနိုင်ငံနှင့် ထိုင်းနယ်စပ်ဒေသ စစ်ဖြစ်ပွားရာ ဒေသများရှိ အရပ်ဘက် ပြည်သူများ၏ လူနေထိုင်မှု အဆင့်အတန်းနှင့် ပတ်သက်၍ ငါးနှစ်တိုင်တိုင် သုတေသ န ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ သုံးသပ်ချက် အစီရင်ခံစာကို ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာမှာ နိုဝင်ဘာလဆန်းပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်ပြီး မြန်မာပြည် အရှေ့ပိုင်းဒေသရှိ နေထိုင်သူ လူဦးရေ သန်းထက်ဝက်ကျော်မှာ ပြည်တွင်းမတရားဖိအားပေး ရွှေ့ပြောင်းခြင်း ခံခဲ့ရသည် ဟုဆိုသည်။ အိုးအိမ် ရွှေ့ပြောင်းခံရသော ဒုက္ခသည် အများစုမှာ ကရင်၊ ကယားနှင့် ရှမ်းတိုင်းရင်းသား လူမျိုးစုများဖြစ်ကြပြီး ၎င်းတို့သည် အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲ ခံခဲ့ရသူများလည်း ဖြစ်သည်။

ဒုက္ခသည်အများစုမှာ ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ယာယီ ခိုလှုံရေးစခန်းများသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်းတို့အား တိုင်းရင်းသား လူမျိုးစုများကပင် ထိန်းသိမ်း စောင့်ရှောက် ထားရကြောင်း တီဘီဘီစီကဆိုသည်။  အခြားသော ဒုက္ခသည် ထောင်ပေါင်းများစွာမှာ မြန်မာ စစ်အစိုးရက ထိန်းချုပ်ထားသော ဒေသများသို့ ဖိအားပေးရွှေ့ပြောင်းခြင်း ခံခဲ့ရသည်။ အခြားသော ဒုက္ခသည် ထောင်ပေါင်းများစွာမှာမူ တောတွင်းပင် တစ်နေရာမှ တစ်နေရာသို့ ထွက်ပြေးပုန်း အောင်းနေကြရသည်။

ဒုက္ခသည်များ ပုန်းခိုရာ

နယ်စပ်ဒေသ ဒုက္ခသည်များနှင့် ပတ်သက်၍ တီဘီဘီစီမှ သုတေသီတစ်ဦးကို ကရင်တိုင်းရင်းသားတစ်ဦးက ယခုလို ပြောပြသည်။

"ကျွန်တော်တို့ တတွေဟာ ကြောက်ရွံ့ ထိတ်လန့်မှုနဲ့ နေထိုင်နေရပါတယ်။ အမြဲတမ်း ထွက်ပြေး တိမ်းရှောင်ဖို့ အသင့်အနေအထားနဲ့ နေထိုင်နေရပါတယ်။ ကျွန်တော်တို့ ပုန်းအောင်းနေတဲ့ နေရာနားကို တပ်တွေရောက်လာပြီလို့ ကြားရင် ကျွန်တော်တို့ တခြား တစ်နေရာကိုထွက် ပြေးပုန်းရှောင်ဖို့ ပြင်ဆင်ရတော့တာပါပဲ" ဟု ပြောသည်။ နယ်စပ်ဒေသ တလျှောက် မြန်မာစစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုများ၊ အဓမ္မပြုကျင့်မှုများ နှင့် မတရား စေခိုင်းမှုများ အကြောင်းကို သိရှိနိုင်ရန် တီဘီဘီစီအဖွဲ့က ဒေသခံများကို အင်တာဗျူးပြုလုပ်ခဲ့ခြင်းဖြစ် သည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများက ပြည်တွင်းစစ် ပဋိပက္ခတွင် ပါဝင်သူ လက်နက်ကိုင် တပ်ဖွဲ့များအားလုံးသည် လူ့အခွင့်အရေး ချိုးဖောက်သူများ ဖြစ်သည်ဟု ထောက်ပြ ပြောဆိုသည်။ မည်သို့ဆိုစေ တီဘီဘီစီ အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံအရှေ့ပိုင်း၊ နယ်စပ်ဒေသ တလျှောက် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်အင်အား တိုးချဲ့ချထားမှုများကြောင့် ဒေသခံများဒုက္ခ ရောက်ရပုံကို ပြစ်တင်ရေးသား ထားသည်။

အဆိုပါ နယ်စပ်ဒေသများတွင် စစ်တပ်က တပ်ခွဲပေါင်း ၂၃၅ ခု အထိ ဖြန့်ချထားကြောင်း၊ လွန်ခဲ့သည် ၁၅ နှစ်ကထက် နှစ်ဆတိတိ တပ်များ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း တီဘီဘီစီ ကဆိုသည်။

ကြားကာလများအတွင်း အဆိုပါ ဒေသတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးစုများမှာ မိမိတို့၏ အိုးအိမ်၊စည်းစိမ်များ ပျောက်ဆုံးသွားပြီး တင်းမာမှု အသေးစားများ ဖြစ်ပေါ်လျက်ရှိသော ဒေသများတွင် နေထိုင်သူ အရပ်သားဦးရေလည်း တဖြည်းဖြည်းချင်း တိုးပွားလာလျက်ရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်ကစ၍ အရှေ့နယ်စပ် ဒေသများတွင် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဗဟိုအစိုးရ တပ်များအကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်မှာ ယခုဆိုလျှင် ဆယ်စုနှစ် ခြောက်ခုကျော် ကြာမြင့်လာပြီ ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ တောင်တန်းနှင့် ပြည်မ တန်းတူဆက်ဆံမှု ရရှိရေး အစရှိသည့် ဖက်ဒရယ်မူနှင့် ဆက်နွှယ်သည့်အရေးကိစများကို အကောင်အထည်ဖော်ရင်း စစ်မက်များ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

ဓာတ်ငွေ့ပိုက်လိုင်း

မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ခွဲထွက်သည့် သူပုန်များကို နှိမ်နင်းရာတွင် (ဖြတ်လေးဖြတ်) ဟူသော ဗျူဟာကိုလည်း ကျင့်သုံးလျက်ရှိသည်။ လက်နက်ကိုင် အင်အားစုများအား စစ်သားစုဆောင်းရေး မပြုလုပ်နိုင်ရေး၊ သတင်းအချက်အလက်များ မရရှိရေး၊ ရိက္ခာ အထောက်အပံ့များ မရရှိရေးနှင့် ငွေကြေးမရရှိရေး စသည့် ဖြတ်တောက်မှုများ ဖြစ်ပါသည်။

အဆိုပါ ဖြတ်လေးဖြတ် မဟာဗျူဟာမှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ရေး သာမက ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့တင်ပို့ ရောင်းချရေးအတွက် ပိုက်လိုင်း သွယ်တန်းရာတွင် လုံခြုံစိတ်ချမှု ရှိရေးအတွက်ပါ ရည်ရွယ်သည်။

ထိုင်း နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့ ရောင်းချမှုသည် မြန်မာစစ်အစိုးရ၏ ဘဏ္ဍာရေးအတွက် အသက်သွေးကြော တစ်ခုဟုလည်း ဆိုနိုင်ပေသည်။ ထို့ပြင် စစ်အစိုးရသည် အဆိုပါ တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ နယ်စပ်ဒေသတွင် ရေအားလျှပ်စစ် လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် ဆည်ကြီးများကို တည်ဆောက်ရန် စီစဉ်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ နှင့် ဝေးလံခေါင်းပါးသော တောတွင်း နေရာများတွင် လူ့အခွင့်အရေး ကိစ္စများ ဆက်တိုက်ဖြစ်ပွားနေမှုသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းက မတွေ့မြင်နိုင်သော နေရာတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထိုသို့ လူ့အခွင့်အရေးကိစ္စများ ဖြစ်နေသည့် နေရာများသည် ရန်ကုန်မြို့တော်နှင့်လည်း အလှမ်းေးကွာသည့် အနေအထားတွင် ရှိသည်။ ထိုင်းနိုင်ငံနယ်စပ် ဒေသမှ သွားမည်ဆိုလျှင်လည်း ပုန်းအောင်း နေကြရသော တိုင်းရင်းသား ဒုက္ခသည်များ ရှိရာသို့ ရောက်ရှိရန် ရက်အတန်ကြာ အချိန်ပေးပါမှ ရောက်ရှိနိုင်သည်။

သက်ကြီးရွယ်အိုများကိစ

တီဘီဘီစီက ထုတ်ပြန်သော အစီရင်ခံစာတွင် နယ်စပ်ဒေသများပုန်းခိုနေရသူများ ထဲတွင် သက်ကြီးရွယ်အိုများ ဒုကရောက်နေသည့် အကြောင်းလည်း ပါင်သည်။ တိုင်းရင်းသားလူမျိုး သက်ကြီးရွယ်အိုများသည် ပြည်တွင်းရေး ပဋိပကကြောင့် ပြေးလွှားနေကြရင်း ဒုကမျိုးစုံဖြင့် ရင်ဆိုင်နေရသည်။ တိုင်းရင်းသား လူမျိုးစုများသည် မွေးဖွားလာသည့် အချိန်ကတည်းက ခုခံစစ်များ၊ ထိုးစစ်များအကြားသို့ ရောက်ရှိခဲ့ရာ ဘတလျှောက်လုံး စစ်ပြေးဒုကသည် ပုံစံမျိုးဖြင့် ရုန်းကန်လှုပ်ရှား နေကြရသည် ဟုဆိုသည်။

နိုင်ငံတကာ မီဒီယာကြီးများသည် မြန်မာအတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား အာဏာလုမှု အကြောင်းကိုသာ အဓိကထား ရေးသားဖော်ပြကြပြီး လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲ ခံစားနေရ သော တိုင်းရင်းသား လူမျိုးစုများ အကြောင်းကို ရေးသားမှု နည်းနေသေးကြောင်း တီဘီဘီစီ ကဆိုသည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား အာဏာလွန်ဆွဲမှုအပေါ် မီဒီယာ များ၏ သတင်းပေးပို့မှုများသည် ခက်ခဲရှုပ်ထွေးသော အခြေအနေတစ်ရပ်ကို ထင်ဟပ်နိုင်စွမ်း မရှိသလို တိုင်းရင်းသား လူမျိုးစုများ၏ အနေအထားသည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပေါ်ထွန်းမှုအတွက် မည်မျှအတိုင်းအတာအထိ အရေးကြီးသည်ကိုလည်း ဖိုးကပ်စ်လုပ်နိုင်ခြင်းမရှိဟု ကျွမ်းကျင်သူများက အကြိမ်ကြိမ် သတိပေးခဲ့ကြသည်။

လာမည့်နှစ်တွင် ကျင်းပမည့် ဒီမိုကရေစီရွေးကောက်ပွဲသည် နိုင်ငံရေး ကူးပြောင်းမှုဆီသို့ အမှန်တကယ် သွားနိုင်ရန်ဦးတည်မည် သို့မဟုတ် စစ်တပ်အာဏာ ပိုမိုရရှိအောင် ပြုလုပ်မည် ဟူသော အချက်မှာလည်း ယနေ့အချိန်အထိ တိတိကျကျမသိရသေးပေ။

တီဘီဘီစီအဖွဲ့မှ ဒါရိုက်တာ ဂျက်ဒန်းဖို့ဒ်က မြန်မာ တိုင်းရင်းသားများ အရေးကိစကို အရေး တယူပြု ဖြေရှင်းရန် လိုအပ်လျက်ရှိကြောင်း၊ မြန်မာပြည်တွင်း ပြေးလွှား ပုန်းအောင်းနေကြရသော အရပ်ဘက် ပြည်သူများကို အမြန်ဆုံးရှာဖွေရန် အဖြေရှာရတော့မည်ဖြစ်ကြောင်း အလေးအနက် ထား ပြောဆိုသည်။

Radio Netherlands Myanmar: from one hiding place to the next   ကို ဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment