Transparency Myanmar

transparency.myanmar@gmail.com

Upstream Staff

          တောင်ကိုရီးယား ဟွန်ဒိုင်းအကြီးစား စက်မှုလုပ်ငန်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရွှေသဘာဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဒေူးအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ၏ သဘာဓာတ်ငွေ့ တူးဖော်ခြင်း လုပ်ငန်းများအတွက် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ဒသမ ဘီလီယံ စတင် ရင်းနှီးမြှုပ်နှံလိုက်ပြီဖြစ်သည်။

          ပြင်သစ် Doris Engineering ကုမ္ပဏီ ကျောထောက်နောက်ခံ ပြုထားသော တောင်ကိုရီးယား ဟွန်ဒိုင်းကုမ္ပဏီသည် ပြိုင်ဘက် Technip ကုမ္ပဏီကို လေလံပွဲတွင် အနိုင်ယူ၍ ဒေူး၏ ဓာတ်ငွေ့ပရောဂျက်များ တည်ဆောက်ခွင့်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်း Technip ကုမ္ပဏီသည် တောင်ကိုရီးယား ဆမ်ဆောင်း အကြီးစားစက်မှုလုပ်ငန်းနှင့် တရုတ်ကမ်းလွန်ရေနံ တည်ဆောက်ရေးကုမ္ပဏီတို့ ပါင်သောကုမ္ပဏီ ဖြစ်သည်။

          အဆိုပါ ဒေူးကုမ္ပဏီ၏ ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများအတွက် လိုအပ်သော ဓာတ်ငွေ့ တူးဖော်မှုဆိုင်ရာ စက်ရုံများ တည်ဆောက်မှု၊ တပ်ဆင်မှု စသော ပရောဂျက် တစ်ခုလုံးကို ဟွန်ဒိုင်း ကုမ္ပဏီက တာန်ယူ တည်ဆောက်မည် ဖြစ်သည်။

          ဟွန်ဒိုင်းကုမ္ပဏီသည် မက်ထရစ်တန် သောင်းရှိသော ကမ်းလွန်သဘာဓာတ်ငွေ့ တူးဖော်စင်တစ်ခု၊ ပင်လယ်ရေအောက် ဓာတ်ငွေ့တူးဖော်ခြင်းဆိုင်ရာစနစ်၊ ပင်လယ်ရေအောက် ပိုက်လိုင်း၊ ကုန်းတွင်း ဓာတ်ငွေ့ပိုက်လိုင်း၊ ဆိပ်ခံတံတားနှင့် ဓာတ်ငွေ့ပို့လွှတ်မည့် ပင်မစက်ရုံ စသည်တို့ကို တည်ဆောက်မည် ဖြစ်သည်။

          ဟွန်ဒိုင်းကုမ္ပဏီ၏ ကျောထောက်နောက်ခံဖြစ်သော ပြင်သစ် Doris ကုမ္ပဏီက တည်ဆောက်မည့် စက်ရုံများ၏ ဒီဇိုင်းကို တာန်ယူမည်ဖြစ်ပြီး၊ ဟွန်ဒိုင်းကုမ္ပဏီက စက်ရုံများ တည်ဆောက်ခြင်းနှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်းတို့ကို တာန်ယူမည် ဖြစ်သည်။      

          ဟွန်ဒိုင်းကုမ္ပဏီသည် ၎င်း၏ယခုနှစ်အတွက် ရည်မှန်းထားသော အမေရိကန်ဒေါ်လာ ဒသမ ၈၄ ဘီလီယံ ပမာဏကို ကျော်လွန်၍ ယခုပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ဒသမ ဘီလီယံပမာဏဖြင့် လေလံကို ရရှိခဲ့ခြင်း ဖြစ်သည်။

          ဟွန်ဒိုင်း၏ တည်ဆောက်မှုများကို ယခုနှစ်အတွင်း စတင်ရန် စီစဉ်ထားပြီး၊ ၂၀၁၃ ခုနှစ်မှ စတင်၍ သဘာဝဓာတ်ငွေ့များကို စတင် ထုတ်ယူမည်ဖြစ်သည်။

          ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့တူးဖော်စင်နှင့် ပင်လယ်ရေအောက် တူးဖော်ရေး စနစ်များအပြင် ကုန်းတွင်း ဓာတ်ငွေ့စင်တစ်ခုနှင့် တရုတ်နိုင်ငံနယ်စပ်သို့ ဆက်သွယ်မည့် လက်မ ၄၀ အကျယ်ရှိ ၈၂၅ ကီလိုမီတာ အရှည်ရှိသော ဓာတ်ငွေ့ပိုက်လိုင်းကို လည်း တည်ဆောက်မည် ဖြစ်သည်။

          နောင်တွင် ဓာတ်ငွေ့ဖိအားပေးစက်ရုံများ စသည်တို့ကိုလည်း တည်ဆောက်မည် ဖြစ် သည်။

          ရွှေသဘာဝ ဓာတ်ငွေ့လုပ်ကွက်သည် မြန်မာနိုင်ငံတွင် ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့လုပ်ကွက်များပြီးလျှင် တတိယ မြောက်ထွက်ရှိသော လုပ်ကွက်တစ်ခု ဖြစ်သည်။ ယင်း ရွှေလုပ်ကွက်၏ အေ (A1) အေ (A3) လုပ်ကွက်များတွင် သဘာဝ ဓာတ်ငွေ့ပမာဏ ဒသမ ထရီလီယံ ကုဗပေရှိကြောင်း ဒေဝူးကုမ္ပဏီက ဆိုသည်။

          ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က တောင်ကိုရီးယား ဒေဝူးအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီက တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (China National Petroleum Corporation 1) ကို ယင်း A1 နှင့် A3 လုပ်ကွက်များမှ ထွက်ရှိသောဓာတ်ငွေ့များကို နှစ် ၃၀ ရောင်းချရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

          မြန်မာနိုင်ငံ ရွှေသဘာဝ ဓာတ်ငွေ့လုပ်ကွက်ကို တောင်ကိုရီးယား ဒေဝူးကုမ္ပဏီက ၅၁ ရာခိုင်နှုန်း၊ အိန္ဒိယ ONGC Videsh ကုမ္ပဏီက ၁၇ ရာခိုင်နှုန်း၊ ကိုရီးယား ဓာတ်ငွေ့ကုမ္ပဏီက ဒသမ ရာခိုင်နှုန်း၊ အိန္ဒိယ Gail ကုမ္ပဏီက ဒသမ ရာခိုင်နှုန်းနှင့် မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment