Transparency Myanmar

transparency.myanmar@gmail.com


အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့( အာဆီယံ) တွင် ဥရောပကာကွယ်ရေး အေဂျင်စီနှင့် အလားတူဖြစ်မည့် အာဆီယံကာကွယ်ရေး လုပ်ငန်းဆိုင်ရာ ကောင်စီတစ်ရပ်ကို ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး ဒါတွတ်ဆရီ အာမက်ဇာဟစ်က နိုဝင် ဘာလ ၃ ရက်နေ့က ပြောကြားသည်။  ယမန်နှစ်က အာဆီယံနိုင်ငံများ၏ ကာကွယ်ရေး ပစ္စည်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၈ ဒဿမ၇၅ သန်းဖြစ်သည်။

ဒေါ်လာ ၁၈ ဒဿမ ၇၅ သန်းဟူသော ပမာဏမှာ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးစရိတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာဖြစ်ကြောင်း မလေးရှား ကာကွယ်ရေးန်ကြီးက ဆိုသည်။ အဆိုပါ အသုံးစရိတ်တွင် ထောက်ပံ့မှုများ နှင့် သင်တန်းပို့ချမှုများ ပါင်ခြင်းမရှိကြောင်းလည်း ၎င်းက ပြောသည်။ ယခုကဲ့သို့ အာဆီယံကာကွယ်ရေး လုပ်ငန်းဆိုင်ရာ ကောင်စီတစ်ရပ် ဖွဲ့စည်း လိုက်ပါက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ တစ်နိုင်ငံချင်းစီနှင့် ဒေသတွင်း လုံခြုံရေးကို ယခင်ကထက် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပြီး အခြားကမ္ဘာ့နိုင်ငံများအား စစ်လက်နက် နှင့် ပတ်သက်၍ မှီခိုအားထားနေရမှုကိုလည်း လျှော့ချနိုင်မည်ဟု အာဆီယံ ခေါင်းဆောင်များက ယုံကြည်လျက်ရှိသည်။ အာဆီယံဒေသတွင်း ကာကွယ်ရေးဆိုင်ရာ ဈေးကွက်လည်း ပိုမိုကျယ်ပြန့် ကြီးမားလာမည်ဟု အာဆီယံ ခေါင်းဆောင်များ က ယုံကြည်သည် ဟု ၎င်းက ဆိုသည်။

"တချို့ဝန်ကြီးတွေက အာဆီယံလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်း ကောင်စီအောက်မှာ အရေးပါမယ့် ပလေယာတွေထားဖို့ အကြံပြုကြပါတယ်။ ဥပမာအားဖြင့် အင်ဒိုနီးရှားဆိုရင် အဆိုပြုစာ တစ်စောင်ရေးဖို့ ကျွန်တော်တို့ကို တိုက်တွန်းထားပါတယ်" ဟု အာဆီယံကာ ကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးနောက် မလေးရှား ကာကွယ်ရေးဝန်ကြီး က ပြောကြားသည်။

အခြားသော အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ ကလည်း အဖွဲ့င် တစ်နိုင်ငံချင်းစီ အစွမ်းရှိသလောက်၊ လုပ်နိုင်သလောက် အတိုင်းအတာဖြင့် အာဆီယံ ကာကွယ်ရေးလုပ်ငန်းများ ကိုမြှင့်တင် သွားရန် မိမိအား တိုက်တွန်းကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီးက ပြောသည်။  မူလအစတွင် ကာကွယ်ရေး ဈေးကွက် အခွင့်အလမ်းများ ရရှိအောင် ဖန်တီးပြီး နောက်ပိုင်းတွင် တစ်ကမ္ဘာလုံး အတိုင်းအတာအထိ င်ဆံ့နိုင်ရန်လည်း အာဆီယံကာကွယ်ရေး ၀န်ကြီးများက ဆန္ဒရှိကြသည်။

အနောက်ကမ္ဘာတွင်မူ ကာကွယ်ရေး လုပ်ငန်းများသည် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသော အစိတ်အပိုင်းဖြစ်လာပြီး နိုင်ငံတိုင်းအခွန်ဘဏ္ဍာ ရှာဖွေရေး အတွက်လည်း ရင်းမြစ်များ ဖြစ်သည်ဟု မစ္စတာ အာမက်ဇာဟစ်ကပြောသည်။

ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယနှင့် တရုတ် အစရှိသည့် နိုင်ငံများသည် ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက် အလားတူချဉ်းကပ်မှုမျိုးကို ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါနိုင်ငံများ၏ ကာကွယ်ရေး လုပ်ငန်းများမှာ ပြိုင်ဆိုင်မှုလည်း ပြင်းထန်လွန်းကြောင်း ၎င်းက ပြောပါသည်။

အာဆီယံနိုင်ငံများ ကာကွယ်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်တွင် အမျိုးအစား စုံလင်သော လုပ်ငန်းများ၊ အာကာသ သိပံ္ပဆန်းသစ်ရေး၊ လက်နက်တီထွင်ရေး၊ ရေလမ်းနှင့် ကုန်းလမ်းသွားယာဉ်များ တည်ဆောက်ရေး အစရှိသည့် နည်းပညာများလည်း ပါင်မည် ဖြစ်သည်ဟုဆိုသည်။ အချို့သော အာဆီယံနိုင်ငံများသည် အလားတူ နည်းပ ညာများကို တီထွင်ဖန်တီးထားနိုင်ပြီ ဟု မလေးရှားကာကွယ်ရေးန်ကြီးက ဆိုသည်။

ဥရောပ နိုင်ငံများတွင်မူ အဆိုပါ စီမံကိန်းများအတွက် အစိုးရများက ငွေကြေး စိုက်ထုတ်ပေးလျက် ရှိသည်။ အဆို  ငွေကြေးများဖြင့် သင်္ဘောများ၊ တင့်ကား များကို စစ်ဘက်တွင် အသုံးပြုရန်သာမက လူသားချင်း စာနာထောက်ထားသော လုပ်ငန်းများတွင်ပါ အသုံးပြုရန် တည်ဆောက်နိုင်ကြောင်း ၎င်းကဆို သည်။

BERNAMA သတင်းဌာနမှ Asean Plans Defence Industry Council ကို ဘာသာပြန်ခြင်း ဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment