မဇ္ဈိမသတင်းဌာန ,နိုဝင်ဘာ ၄ ၊ ၂၀၀၉
လာမည့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လက်ရှိစစ်အစိုးရအဖွဲ့မှ ရွေးကောက်ပွဲဝင်ရန် အလားအလာရှိသော ကက်ဘိနက်အဖွဲ့ဝင်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိများ စာရင်းနှင့် ၎င်းတို့ ရွေးကောက်ပွဲဝင်မည့် မဲဆန္ဒနယ်များကို မဇ္ဈိမက စာရင်း ပြုစုထားပါသည်။ ယင်းစာရင်းသည် အခြေအနေအရ အပြောင်းအလဲ ရှိနိုင်သည်။ စာဖတ်သူများ အနေဖြင့် လက်ရှိ စစ်အစိုးရ ဝင်များထဲမှာ ရွေးကောက်ပွဲဝင်ရန် အလားအလာရှိသူများကို သိရှိက Editor@mizzima.com သို့ အီးမေးလ်ပို့၍ သတင်းပေးပို့ရန် မဇ္ဈိမက ပြောကြားအပ်ပါသည်။
၁။ ဗိုလ်မှူးချုပ် အုန်းမြင့်(သတ္တုတွင်းဝန်ကြီးဌာန)၊ ပေါင်မြို့နယ်၊ မွန်ပြည်နယ်
၂။ ဗိုလ်မှူးချုပ် သန်းဌေး ၊ မိတ္ထီလာမြို့နယ်၊ မန္တလေးတိုင်း
၃။ ဗိုလ်မှူးချုပ် သိန်းဆွေ ၊ စစ်တွေ၊ ရခိုင်ပြည်နယ်
၎။ ဒုဗိုလ်မှူးကြီး ဥာဏ်ထွန်းအောင် ၊ နွားထိုးကြီး၊ မန္တလေးတိုင်း
၅။ ဗိုလ်မှူးကြီး သိန်းညွှန့် ၊ မအူပင်၊ ဧရာဝတီတိုင်း
၆။ ဗိုလ်ချုပ် သိန်းဇော်(ဆက်သွယ်ရေးဝန်ကြီး) ၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်
၇။ ဗိုလ်မှူးချုပ် ကျော်ဆန်း(ပြန်ကြားရေးဝန်ကြီး) ၊ ပုလဲ ၊ စစ်ကိုင်းတိုင်း
၈။ ဦးအောင်သောင်း (စက်မှု(၁)ဝန်ကြီး) ၊ မန္တလေး၊ မန္တလေးတိုင်း
၉။ ဦးစိုးသာ (စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး) ၊ တွံတေး ၊ ရန်ကုန်တိုင်း
၁၀။ ဗိုလ်ချုပ် တင်နိုင်သိန်း (ကုန်သွယ်ရေးဝန်ကြီး) ၊ မဲဆန္ဒနယ် မသိရသေး
၁၁။ ဦးမောင်မောင်သိန်း (ခရမ်းမြို့နယ်အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်မှူးချုပ်ဟောင်း)၊ ခရမ်းမြို့နယ်။ ရန်ကုန်တိုင်း
၁၂။ ဒေါက်တာချမ်းငြိမ်း(ပညာရေးဝန်ကြီး) ၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်း
၁၃။ ဗိုလ်ချုပ် အောင်မင်း (မီးရထားဝန်ကြီး) ၊ ကဝမြို့နယ်၊ ပဲခူးတိုင်း
၁၄။ ဗိုလ်မှူးကြီး ဇော်မင်း (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန) ၊ မကွေး၊ မကွေးတိုင်း
၁၅။ ဗိုလ်မှူးချုပ် သိန်းအောင်(သစ်တောရေးရာ ဝန်ကြီးဌာန) ၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း
၁၆။ ဗိုလ်ချုပ် ဌေးဦး ၊ မဲဆန္ဒနယ် မသိရသေး။
၁၇။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း(ရန်ကုန်မြို့တော်ဝန်) ၊ ရန်ကုန်၊ ရန်ကုန်တိုင်း
၁၈။ ဗိုလ်ချုပ် စိုးနိုင်(ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး) ၊ ဒေးဒရဲ၊ ဧရာဝတီတိုင်း
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---