Transparency Myanmar

transparency.myanmar@gmail.com

4 - Nov – 2009 , နိုဝင်ဘာ ရက် ၂၀၀၉ ရန်ကုန်

          ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသို့လာရောက်သော နှစ်ရက်တာခရီးစဉ်မှာ ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အစိုးရနှင့်လည်းကောင်း၊ ဒီမိုကရက်တစ် အတိုက်အခံများနှင့်လည်းကောင်း၊ တိုင်းရင်းသား အဖွဲ့များနှင့်လည်းကောင်း၊ အခြားအဖွဲ့များ နှင့်လည်းကောင်း အတော်အတန် ခရီးပေါက်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

          ယခုလာရောက်သော ခရီးစဉ်မှာ မြန်မာနိုင်ငံ တွင်းရှိသော နိုင်ငံရေးနှင့်ပတ်သက်၍ အဓိကနေရာမှ ပါဝင်လှုပ်ရှား နေသူများကို အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒကို ပြန်လည်သုံးသပ်၍ ရရှိသော ရလဒ်နှင့် အဆိုပါ သုံးသပ်မှုအရ အရေးကြီးသော အမေရိကန်၏ မဟာဗျူဟာ ရည်မှန်းချက်များကို ရှင်းလင်းပြောပြရန် ရည်ရွယ်၍ လာရောက်ခြင်း ဖြစ်ပါသည်။ အမေရိကန်၏ သုံးသပ်မှုမှ ရရှိသော မဟာဗျူဟာကျသော ရည်မှန်းချက်များမှာ လူ့အခွင့်အရေး အတွက် အားကောင်းသော ထောက်ပံ့မှုများ ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန်တို့ ဖြစ်ပါသည်။

          ဆွေးနွေးပွဲတိုင်းတွင် မြန်မာနိုင်ငံကို နိုင်ငံသားများ၏ လူ့အခွင့်အရေးများကို အလေးထားသော နိုင်ငံအဖြစ် မြင်လိုခြင်း၊ ဒီမိုကရေစီကို ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို လိုက်နာရေးတို့အတွက် အမေရိကန်ပြည်ထောင်စု၏ အရေးကြီးသော ခိုင်မာသည့် လုပ်ဆောင်ရန် ဆန္ဒများကို ရှင်းလင်းပြခဲ့ပါသည်။

          ယနေ့ရန်ကုန်တွင် ကျွန်ုပ်တို့အဖွဲ့သည် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုများတွင် ကျွန်ုပ်တိုဖြစ်စေလိုသည့် အစိုးရ၊ အတိုက်အခံနှင့် တိုင်းရင်သား လူမျိုးစုများအကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးကို ပြန်လည်အလေးပေး ပြောဆိုခဲ့ပါသည်။ ယခု တွေ့ဆုံဆွေးနွေးမှုသည် အမျိုးသားပြန်လည်ပေါင်းစည်းရေးနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်စေရေးတို့ကို ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာအစိုးရကို ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးလှုပ်ရှားသူများ အထူးသဖြင့် သူမ၏ ပါတီ CEC များနှင့် မကြာခဏ ထိတွေ့ဆက်ဆံခွင့် ပြုစေရန် နောက်ဆုံးတိုက်တွန်းခဲ့ပါသည်။

          ကျွန်ုပ်တို့သည် မြန်မာန်ကြီးချုပ် အပါအဝင် ပြန်ကြားရေးန်ကြီး နှင့်လည်းကောင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးနှင့် လည်းကောင်း၊ အခြားသော သူများနှင့် တွေ့ဆုံရာတွင် လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့် ဆက်ဆံရေး တိုးတက်စေမည့် ခြေလှမ်းများကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါသည်။ သို့သော် အဆိုပါ လုပ်ငန်းစဉ်သည် မြန်မာအစိုးရ၏ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လိုမှုနှင့် ခိုင်မာသော ကြိုးပမ်းအားထုတ်မှုတို့ အပေါ်တွင် အခြေခံပါသည်။

          ကျွန်ုပ်တို့အနေဖြင့် မြန်မာပြည်သူများကို ထောက်ပံ့ရေးသည် အရေးကြီးကြောင်း ပြောလိုပါသည်။ ဆိုက်ကလုန်း နာဂစ်ကြောင့် ပျက်စီးမှုများအတွက် အကူအညီများ ဆက်လက် ပေးသွားမည် ဖြစ်ပြီး ရောဂါပိုးများ မပြန့်ပွားရေးအတွက် တိုက်ဖျက်မှုများတွင်လည်း ဆက်လက် ကူညီသွားမည် ဆိုသည်ကို ထပ်လောင်း အတည်ပြုလိုပါသည်။

          ကျွန်ုပ်တို့သည် အစိုးရနှင့် လည်းကောင်း၊ အခြားနိုင်ငံရေးနှင့် ပါဝင်ပတ်သက်သူများနှင့် လည်းကောင်း မြန်မာနိုင်ငံ တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားရန် ရှေ့ရှုပါ ကြောင်း ဖော်ပြလိုက်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment