Transparency Myanmar

transparency.myanmar@gmail.com

2-Nov-2009

         ဆက်ဒမ်ဟူစိန်၏ အီရတ်ကဲ့သို့ပင် မြန်မာနိုင်ငံကို ဖိနှိပ်ချုပ်ချယ်ထားသော အစိုးရသည် ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မများ (မုဒိန်းမှု၊ နှိပ်စက်ညှင်းပန်းမှု၊ နိုင်ငံရေး အကျဉ်းသားများအား ထောင်သွင်း အကျဉ်းချမှုများ ၊ တိုင်းရင်းသား လူမျိုးစုများအား သတ်ဖြတ်မှု) ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ထပ်ကာထပ်ကာ ပွက်လောညံစေခဲ့ပါသည်။

၎င်းအပြင် မတရား အတင်းအကြပ် ခိုင်းစေမှုများ ရှိနေသောကြောင့် ILO ကလည်း ပြစ်တင်ဝေဖန် ထားပါသည်။ သတင်းထောက် Sans Frontieres အဖွဲ့က မြန်မာနိုင်ငံကို ​​" စာနယ် ဇင်း သတင်းထောက်များ အတွက် ကမ္ဘာ့အကြီးဆုံး အကျဉ်းထောင်"  ဟုခေါ်ဝေါ် သမုတ် လိုက်ပါသည်။  မြန်မာ့ တပ်မတော်က ရှမ်းတိုင်းရင်းသူများ အပေါ် စနစ်တကျ ကျူးလွန်ခဲ့သော မုဒိန်းမှုများကို ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းက သက်သေ အထောက်အထား ရှာဖွေ၍  မေလက ထုတ်ပြန်လိုက်သော အစီရင်ခံစာသည် လူထုအတွင်း ပြန့်နှံ့သွားခဲ့ပြီး  နိုင်ငံတကာ အသိုင်းအဝိုင်းက နေပြည်တော် အစိုးရကို ပြင်းထန်စွာ ပြစ်တင် ရှုံ့ချခဲ့ပါသည်။

           ထိုင်းနိုင်ငံ မဲဆောက်တဝိုက်တွင် အခြေစိုက်သော မြန်မာအစိုးရကို သဘောထားကွဲလွဲ ဆန့်ကျင်သူများနှင့် တိုင်းရင်းသား သူပုန်များသည် ဖိနှိပ်သောအစိုးရ၏ လက်အောက်တွင် နေထိုင်ရသော ဘဝကို ကောင်းစွာ နားလည်  စာနာသူများဖြစ်သည့် အားလျော်စွာ အမေရိကန်နှင့် ဗြိတိသျှ တပ်ဖွဲ့များ အီရတ်ကို ဝင်စီး၍ ဆက်ဒမ်အစိုးရကို ဖြုတ်ချခဲ့စဉ်က အားကျစွာ စောင့်ကြည့်ခဲ့သူများဖြစ်သည်။

          အမေရိကန်တွေ အခု အီရတ်မှာ လုပ်နေတဲ့ ပုံစံအတိုင်း မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဝင်စီးခဲ့ရင် သိပ်ကောင်းမှာပဲဗျာ ဟုပြောကြားသူမှာ စော်ဘွား တိုင်းရင်းသားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အောင်နိုင်စိုး ဖြစ်ပြီး ရုပ်မြင်သံကြားစက်မှ CNN နှင့် BBC လိုင်းများကို ရွှေ့ကြည့်နေရင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

          သို့ရာတွင် မြန်မာနိုင်ငံ ဇာတ်လမ်းကား ဘယ်အချိန် ဆိုးမည်မသိနိုင်ပါ။ အခြားနိုင်ငံများ စိတ်ဝင်စားသည့် ရေနံကဲ့သို့ သဘာဝရင်းမြစ်လည်း မရှိပါ။ ဒီမိုကရေစီ လှုပ်ရှားရုန်းကန်မှုများ၏ ပန်းတိုင်မှာလည်း ဘယ်ဆီဘယ်ဝယ် ငွေပင်လယ် ဆိုသကဲ့သို့ ဘယ်မှာမှန်း မသိနိုင်ပါ။ လူသတ်မှုများ၊ မုဒိန်းမှုများ၊ နှိပ်စက် ညှင်းပန်းမှုများ၊ ဥပဒေမဲ့ ပြစ်ဒဏ်ချမှတ်မှုများ၊ အစုအပြုံလိုက် သတ်ဖြတ်မှုများသည် နောက်ထပ် နှစ် ၅၀ ခန့် ကြာရှည်ဦးမည်လား။ မတွေးဆနိုင်ပါ။

          မြန်မာနိုင်ငံရှိ လူမျိုးစုတပ်ဖွဲ့များဖြစ်သည့် ကရင်၊ ရှမ်း၊ ရခိုင် အုပ်စုများက ၎င်းတို့၏ ဒေသတွင် မြန်မာအစိုးရ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ရှိနေကြောင်း စွပ်စွဲ ပြောကြားခဲ့ပါသည်။ KNLA ဝါရင့် တပ်မှူးတစ်ဦး ဖြစ်သူ ဗိုလ်မှူးကြီး စောနေဒါမြက "ဗမာအစိုးရက ကရင်တွေကို ပြတိုက်ထဲမှာပဲ ထားချင်ပုံရတယ်" ဟုပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံသည် ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများဖြင့် ရင်ဆိုင်နေရပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ် အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုခဲ့သောကြောင့် တစ်ကမ္ဘာလုံး၏ ပြင်းထန်စွာရှုံ့ချခြင်းကို ခံနေရပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုတိယ အကြီးဆုံး ဘိန်းထုတ်လုပ်သူဖြစ်ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment