Transparency Myanmar

transparency.myanmar@gmail.com

22-Oct-2009

By Margaret Besheer / VOA News

 

          မြောက်ကိုရီးယားနိုင်ငံ အာဏာရှင် ပြုံးယမ်းအစိုးရကြောင့် အဆိုပါနိုင်ငံတွင်းရှိ လူ့အခွင့်အရေး အခြေအနေမှာ အလွန်ဆိုါးး လျက်ရှိသည်ဟု မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေးအရာရှိက ကြာသပတေးနေ့တွင် သတိပေး ပြောကြားခဲ့ပါသည်။

Vitit Muntarbhorn က မြောက်ကိုရီးယား ပြည်သူများသည် အစိုးရ၏ အလွဲသုံးစားပြုမှုကို ခံရသော သားကောင်များ ဖြစ်နေကြောင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုများ၊ အစုလိုက်အပြုံလိုက် အပြစ်ပေးမှုများ၊ နှိပ်စက်ညင်းပန်းမှုများ၊ အာဏာဖြင့် မတရားခိုင်းစေမှုများ စသော ကိစ္စရပ်များ ဖြစ်ပေါ်နေသည်ဟု ၄င်း၏ နောက်ဆုံး အစီရင်ခံစာတွင် ဖော်ပြထားသည် အထူး စုံစမ်းရေးအရာရှိ Vitit Muntarbhorn က မြောက်ကိုရီးယား လူဦးရေ ၂၄ သန်း သုံးပုံတစ်ပုံခန့်သည် အခြေခံ လူအခွင့်အရေးတစ်ခု ဖြစ်သည့် အစားအစာရရှိရေးကိုပင်  ဆုံးရှုံးနေသည်ဟု ဆိုပါသည်။

          "၄င်းက နိုင်ငံကတော့ မဆင်းရဲပါဘူး၊ မနှစ်က ပို့ကုန်ပမာဏဟာ ဒေါ်လာဘီလီလျံ ပေါင်းများစွာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားမှန်းမသိဘူးဗျာ၊ ဒီပိုက်ဆံတွေကို ပြည်သူတွေအတွက် အခုထိ မသုံးစွဲသေးဘူး" ဟု ဆက်လက်ပြောကြားသည်။

          အထက်ပါကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လူမှုရေး၊ လူသားခြင်း စာနာထောက်ထားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွင် အစီရင်ခံစာ တင်ပြပြီးနောက် ၎င်းက  သတင်းထောက်များအား ပြောကြားရာတွင် စားနပ်ရိက္ခာ၊ အကူအညီသည် အလွန် အရေးကြီးနေကြောင်း သို့ရာတွင် ပြောင်းလဲမှုများကို လက်ခံမှသာလျှင် စားနပ်ရိက္ခာ ရရှိမည်ဟူသော စည်းကမ်း သတ်မှတ်ထားသင့်ကြောင်း မှတ်ချက်ပေးခဲ့ပြီး ၎င်းက ပြုံးယမ်းအစိုးရအား "တပ်မတော်သည်သာ ပထမ" ဆောင်ပုဒ်မှ "ပြည်သူသည်သာ ပထမ" သို့ ပြောင်းလဲရန် တိုက်တွန်းထားသည်ဟု ဆိုသည်။

          Muntarbhorn သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်ဖြစ်၍ ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ ၎င်းအား စုံစမ်းစစ်ဆေးရန် အခွင့်အာဏာ ပေးအပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ၂၀၀၄ ခုနှစ်ကစ၍ မြောက်ကိုရီးယားဆိုင်ရာ အထူးစုံစမ်းရေး အရာရှိ အဖြစ် တာန် ထမ်းဆောင်ခဲ့သော်လည်း နိုင်ငံတွင်း င်ရောက် ခွင့်မရခဲ့ဘဲ ပြုံးယမ်း၏ ပူးပေါင်း ဆောင်ရွက်မှု ကိုလည်း မရရှိခဲ့ပါ။

          မြောက်ကိုရီးယား၏ နေရာတိုင်းတွင် ခံစားနေရသော ဖိနှိပ်ချုပ်ချယ်မှုများ၊ ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပတ်သက်၍ အလေးအနက် စိုးရိမ်ပူပန်မိသည်ဟု ၎င်းက ဖော်ပြထားသည်။

          "စိတ်ပျက်ဝမ်းနည်းစရာပဲဗျာ၊ ပြည်သူတွေဟာ သောကကင်းကင်းနဲ့ နေနိုင်ဖို့  အလှမ်းဝေးနေတုန်းဘဲ၊ ဒီမိုကရေစီမရှိတဲ့ အုပ်ချုပ်မှုစနစ်တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်ဆက်ဆံ နေရတယ်"ဟု ၎င်းက ပြောပါသည်။

          အခြေခံဥပဒေနှင့် တရားဥပဒေတွင် မူလက ဖော်ပြထားသော အာမခံမှုများနှင့် ဆန့်ကျင်စွာပင် ဖိနှိပ်ချုပ်ချယ်မှုများ၊ အင်အားသုံး နှိပ်ကွပ်မှုများ အစုလိုက် အပြုံလိုက် ပြစ်ဒဏ်ပေးမှုများ၊ င်းပန်း နှိပ်စက်မှုများ၊ အာဏာကို အလွဲသုံးစားပြု၍ လူထုကို မတရား ခိုင်းစေမှုများသည် နိုင်ငံတှမ်းတွင် ဖြစ်ပွားနေပြီး မိမိ၏ အစီရင်ခံစာတွင်သာမကဘဲ အခြားများစွာသော အစီရင်ခံစာများ တွင်လည်း ဖော်ပြထားကြောင်း၊ အဆိုပါ လက်ခံနိုင်ဖွယ်မရှိသော ဖြစ်ရပ်များကို ယခုအားလုံး တွေ့မြင်ကြရပြီ ဖြစ်ကြောင်း Muntarbhorn က ရှင်းလင်းပြောကြားခဲ့ပါသည်။

          ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လူမှုရေး လူသားခြင်း စာနာထောက်ထားရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးထားသော အစီရင်ခံစာကိုလည်း တင်သွင်းဖတ်ကြားခဲ့ပါသည်။

          ဆက်လက်၍ Tomas Ogea Quintana က သတင်းထောက်များအား ပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး အခြေအနေများမှာ ပြင်းထန်စွာ ဆိုါးးလျက် ရှိပြီး အန္တရာယ် သတိပေး ခေါင်းလောင်းပင် ထိုးနေပြီဟုဆိုပါသည်။

          နိုင်ငံတွင်း၌ ကျယ်ပြန့်၍ စနစ်တကျကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေပြီး အရေးယူ ပြစ်ဒဏ်ပေးမှု မရှိသောကြောင့် ဆက်လက်ကျူးလွန် ချိုးဖောက်ရန် ခွင့်ပြုသကဲ့သို့ ဖြစ်စေခဲ့သည်ဟု ၎င်းက ပြောကြားသည်။ အဆိုပါ စနစ်တကျ ကျူးလွန်ချိုးဖောက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ တာဝန်ယူ ဆောင်ရွက်ခြင်းဥပဒေအရ ဆုံးဖြတ်ခြင်း စသော  အခြေအနေများ ဖြစ်ပေါ်နိုင်စေမည့် ဆောင်ရွက်ချက်များ အဆောတလျှင် ပြုလုပ်ရန် မြန်မာ အစိုးရကို တိုက်တွန်းထားသည်ဟု သိရှိရပါသည်။

          မြန်မာနိုင်ငံသည် ဆန်စပါးကို နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့နေသော်လည်း အချို့ဒေသများတွင် စားနပ်ရိက္ခာ မလုံလောက်သော ပြဿနာ ရှိနေပြီး လူဦးရေ သန်းခန့်မှာ စားနပ်ရိက္ခာ အကူအညီလိုအပ်နေသည်ဟု Quintana ကဆိုပါ သည်။

          မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းရေးအရာရှိက လာမည့်နှစ် ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်ပြီး မဲပေးပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးသင့်ကြောင်း တိုက်တွန်းထားပါသည်။

          ထို့အပြင် လွတ်လပ်မှုနှင့် တရားမျှတမှု ရရှိရေးအတွက် မြန်မာနိုင်ငံတရားသူကြီး အဖွဲ့ကို ပြန်လည်သုံးသပ်ပြင်ဆင်ဖွဲ့စည်းရန်နှင့် အရပ်သားများ၏ ရပိုင်ခွင့်များ၊ အငြင်းပွားဒေသများရှိ နိုင်ငံတကာ လူသားခြင်း စာနာထောက်ထားမှု ဥပဒေများကို လေးစား လိုက်နာရေးအတွက် မြန်မာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment