Transparency Myanmar

transparency.myanmar@gmail.com

(Inter Press Survice News Agzney 31-10-09)

          မုတ်သုန်ရာသီ ကုန်ဆုံးလာသည်နှင့်အမျှ မြန်မာနိုင်ငံ အရှေ့ဘက် ဒေသတွင် ခြောက်သွေ့ လာပြီဖြစ်ရာ ကရင်လူမျိုးစုများ အကြားတွင် စစ်တပ်၏ တိုက်ခိုက်မှုကို စိုးရိမ်မကင်း ဖြစ်လျှက်ရှိသည်။ အဆိုးရွားဆုံး ဒေသမှာ မတင်မကျ ပြဿနာ ဖြစ်နေသည့် Hat Gyi ရေကာတာ တည်ဆောက်မည့် ဒေသအတွင်းရှိ ကျေးရွာများဖြစ်သည်။ မြန်မာစစ်အစိုးရသည် သူ၏ ကိုယ်စား Democratic Karen Buddhist Army (DKBA) ကိုအသုံးချ၍ Hat Gyi ရေကာတာ တဝိုက်တွင်ရှိသော ဒေသများကို ရှင်းလင်း မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းသူများက IPS သို့ပြောကြားသည်။

          လက်နက်မဲ့ ကရင်ရွာသားများကို မောင်းထုတ်မည့် အပြင်၊ သံလွင်မြစ်ရိုး တစ်လျှောက် တပ်စွဲထားသော KNLA (Karen National Liberation Army-KNLA) တပ်မဟာ () ကိုလည်း တိုက်ခိုက်မည်ဟု သိရသည်။ အဆိုပါဒေသသည်  မြန်မာ-ထိုင်းနယ်စပ် ဒေသတွင်ရှိပါသည်။

          တပ်မဟာ()ကို တိုက်ခိုက်၍ KNU ကို ဆုတ်ခွာစေခြင်းသည် ဒေသအတွင်းရှိ ကရင်လူမျိုး ထောင်ပေါင်းများစွာကို ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးမှုကို ဖြစ်ပွားစေပြီး၊ လူအခွင့်အရေး ချိုးဖောက်မှုများ ပိုဖြစ်လာခြင်းနှင့် လူထုကို ပိုမို ဒုက္ခရောက်စေမည်သာဖြစ်ကြောင်း KNU ဒု-ဥက္ကဋ္ဌ David Thakerbaw က ပြောသည်။ ထို အကြောင်းတရားများကြောင့် ဒေသခံ ကရင်လူထုက ရေကာတာစီမံကိန်းကို သဘောမတူခြင်းဖြစ်ကြောင်း၊ အဆိုပါဒေသကို စစ်အစိုးရက ထိန်းချုပ်နိုင်ရန် အတွက် စစ်တပ်များ ပိုမိုချထားလိမ့်မည် ဖြစ်ကြောင်း ပြောသည်။

          KNLA သည် KNU လက်နက်ကိုင် အဖွဲ့ခွဲဖြစ်ပြီး၊ ၎င်းသည် ၁၉၄၉ ခုနှစ်မှ စတင်လျက် အာရှတွင် သက်တမ်းအရင့်ဆုံးသော ခွဲထွက်ရေးလှုပ်ရှားမှုကို ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။ ၎င်းတို့က လွတ်လပ်သော ကရင်ပြည်နယ်ကို လူမျိုးစုကရင်များ အတွက် တည်ထောင်ရန် ရည်ရွယ်လျက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ DKBA သည် KNU မှ ၁၉၉၅ ခုနှစ်တွင် ခွဲထုတ်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့် ပူးပေါင်းသွားသည့် အဖွဲ့ဖြစ်သည်။ အင်အား (၄၀၀,၀၀၀) ကျော် ရှိသည့် မြန်မာစစ်တပ်သည် ဇွန်လအတွင်းက DKBA နှင့် ပူးပေါင်းလျက် ကရင်တပ်မဟာ ကို တိုက်ခိုက် မောင်းထုတ်ခဲ့မှုကြောင့် လူ(၄၀၀၀) ခန့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်သတ်ဖြတ်မှုသည် Hat Gyi ရေကာတာစီမံကိန်းနှင့် ပတ်သက်နေကြောင်း၊ အဆိုပါရေကာတာ၏ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကို Electricity Generating Authority of Thailand (EGAT)က တစ်စိတ်တစ်ဒေသအားဖြင့် ငွေကြေးထောက်ပံ့မည်ဖြစ်သဖြင့် KNU က ထိုင်းဝန်ကြီးချုပ်ထံ အဆိုပါ ရေကာတာ စီမံကိန်းကို ဆက်လက်ထောက်ပံ့ခြင်း မပြုရန် မေတ္တာရပ်ခံခဲ့ပါ သည်။ KNU မှ ဥက္ကဋ္ဌ Genernal Tamla Baw က ရေကာတာစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူအဖွဲ့အစည်းကို မည်သို့မည်ပုံ ထိခိုက်စေနိုင်သည်ကိုလည်း စနစ်တကျ လေ့လာ သုံးသပ်မှုများ မရှိခဲ့ကြောင်းပြောသည်။ အဆိုပါ ဒေသတွင် ရေကာတာ တည်ဆောက်ခြင်းအားဖြင့်၊ ဒေသအတွင်း၌ စစ်အစိုးရ၏ လူအခွင့်အရေး ဖောက်ဖျက်မှုများ ဖြစ်သည့် အတင်းအကြပ် လုပ်အားပေးစေခြင်း၊ နှိပ်စက်ညင်းပန်းခြင်း၊ တရားဥပဒေမဲ့ စီရင်ခြင်းများ၊ အဓမ္မပြုကျင့်ခြင်း၊ ဥစ္စာပစ္စည်းများကို လုယက်ခြင်းနှင့် ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ ပိုမို ဖြစ်ပေါ်လာမည် ဖြစ်သည် ဟုလည်းပြောကြားခဲ့သည်။

          မြန်မာအစိုးရ၏ ရည်ရွယ်ချက်မှာ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းအတွက် လုံခြုံမှုရှိသော KNLA ထိန်းချုပ်ထားသည့် ဒေသကို ရယူခြင်းဖြစ်ကြောင်း IPS သို့ပေးပို့သည့် စာတွင် ဖော်ပြထားသည်။ အဆိုပါဒေသသည် EGAT က Yinbaing ရွာသို့ ဆောက်လုပ်ရေး ပစ္စည်းများ ပေးပို့ သယ်ဆောင်မည် အဓိကနေရာဖြစ်ပါသည်။

          General Tamla Baw ၏ စာတွင် ထိုင်းနိုင်ငံရောက် ကရင်ဒုက္ခသည်များအား မောင်းထုတ်ခြင်း မပြုရန်နှင့် ရေကာတာ စီမံကိန်းကိုလည်း အကောင်အထည်ဖော်ခြင်း မပြုရန် မေတ္တာရပ်ခံ ထားပါသည်။

          မကြာသေးမီက ထွက်ပြေး ခိုလှုံသွားသော ဒုက္ခသည်များ အပါအ၀င် ဒုက္ခသည် (၁၂၀၀၀၀) ခန့်မှာ ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့သည်မှာ ဆယ်စုနှစ် () စုခန့် ရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ကရင်များ ပြဿနာမှာ အခြေအနေ အလွန်ဆိုးရွား နေပါသည်။ ဒေသတွင်းရှိ လူဦးရေ (၅၄၀၀၀၀) မှာလည်း ထွက်ပြေးတိမ်း ရှောင်လျက် တောများနှင့် တောင်ပေါ်ဒေများတွင် ပုန်းရှောင်နေရကြောင်း သိရှိရသည်။ အများစုမှာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် ရှိကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားသော လူမျိုးစုများကို ကူညီနေသည့် လူသားချင်း စာနာထောက်ထားမှု အဖွဲ့ The Thailand Burma Border Consortium က ပြောကြားခဲ့သည်။

          ကရင်ရွာသား (၆၀၀၀၀) ခန့်သည် ကျောက်ကြီးဒေသရှိ တောင်များပေါ်တွင် ပုန်းအောင်းနေပြီး၊ ဖာပွန်နှင့် သံတောင်ဒေသတွင်လည်း ရှိကြောင်း အဆိုပါ လူဦးရေ၏ ()ပုံ()ပုံမှာ မြန်မာကင်းလှည့်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာသူများ ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံလူဦးရေ (၆၅)သန်းတွင် ကရင်လူဦးရေမှာ ()သန်းခန့်ရှိပြီး၊ မြန်မာနိုင်ငံတွင် လူဦးရေ အများဆုံးသော လူမျိုးစုဖြစ်သည်။ ရှမ်းနှင့် ကချင်တို့သည်လည်း လူမျိုးစုများ တွင်ပါဝင်သည်။ မြန်မာနိုင်ငံသည် လူမျိုးစုအဖွဲ့ ၁၃၀ ခန့်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။

          မြန်မာစစ်တပ်သည် လူမျိုးစုသူပုန် (၂၀) ခန့်နှင့် တိုက်ခိုက်မှုများ ပြုလုပ်နေသော နိုင်ငံ ဖြစ်သည်။ (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးသည့် ကာလကတည်းက စတင်တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

          ကရင်များနှင့် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများသည် အခြားသော လက်နက်ကိုင် ၁၇ ဖွဲ့က ငြိမ်းချမ်းရေး ယူခဲ့သော်လည်း အဆိုပါ အစီအစဉ်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိခဲ့ပါ။ သူတို့ဒေသအပေါ် မြန်မာအစိုးရ ထိန်းချုပ်ထားမှုကို ဆန့်ကျင်ခဲ့သည်။ မြန်မာစစ်အစိုးရသည် ရေကာတာစီမံကိန်းအတွက် တရုတ်နှင့် EGAT တို့ကို ဆွဲဆောင်လျက် ရှိသည်။ ကီလိုမီတာပေါင်း ၂၈၀၀ ရှည်လျားသော သံလွင်မြစ်သည် တိဗက်မှ စတင်လာပြီး၊ တရုတ်ပြည်နယ် ယူနန်ကို ဖြတ်ကျော်ကာ၊ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လျက် ထိုင်း-မြန်မာ နယ်စပ်ဒေတစ်လျှောက် စီးဆင်းကာ၊ အန်ဒမန် ပင်လယ်ထဲသို့ စီးဝင်သွားသည်။ အရှေ့တောင်အာရှ ရေစီးဆင်းမှုတွင် အနှောင့်အယှက်မရှိ စီးဆင်းနေသည့် မြစ်တစ်ခုဖြစ်သည်။

          ၂၀၀၆ ခုနှစ် ဇွန်လတွင် မြန်မာလျှပ်စစ်စွမ်းအင်ဌာန၊ EGAT နှင့် တရုတ် Sinohydro Corporation တို့သည်  Hat Gyi ရေကာတာ တည်ဆောက်မှု သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ မြန်မာအစိုးရအတွက် အဆိုပါရေကာတာနေရာမှ ထိုင်းနိုင်ငံအတွင်းသို့ တိုက်ရိုက် လမ်းကြောင်းရှိရေးမှာ အရေးကြီးသကဲ့သို့၊ ထိုင်းအတွက်လည်း ပါဝင်ပတ်သက်နေပါသည်။ ထို့ကြောင့် ဇွန်လ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း Karen River Watch မှ ဒါရိုက်တာ Paul Seint Twa က ပြောကြားခဲ့သည်။ မြန်မာစစ်တပ်အနေဖြင့် ရေကာတာတည်ဆောက်ရေး စီမံကိန်းတွင် ထိုင်းရင်းနှီးမြှုပ်နှံ သူများ စိတ်ဝင်စားလာအောင် စီစဉ်ပေးရန် ရှိနေပါသည်။ Hat Gyi ရေကာတာသည် ၃၃ မီတာအမြင့်ရှိပြီး၊ လျှပ်စစ်မီဂါဝပ်(၁၃၆၀) ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ ထိုင်း၏ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ပေးနိုင်မည် ဖြစ်သည်။

          ဇွန်လတိုက်ခိုက်မှုနောက်ပိုင်းတွင် အဆိုပါ ဒေသသည် မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိမနေသေးကြောင်း Seint Twa က ပြောခဲ့သည်။

          လူထုနှင့် သဘာဝပတ်ဝန်းကျင်က ကြီးမားစွာ ပေးဆပ်ရမှုသည် ထိုင်းအစိုးရ အပေါ်တွင် ရိုက်ခတ်လျက် ရှိပါသည်။ လုပ်ငန်းအတွက် ထိုင်းအစိုးရသည် ဆုံးဖြတ်ချက်ချခြင်း မပြုလုပ်နိုင်သေးပေ။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကော်မတီ၏ တင်ပြထောက်ခံချက်ကို ကြားနာရန် ရှိသေးကြောင်း Living River Siam အဖွဲ့မှ Coordinator Pianporn Deetes က ပြောကြားခဲ့သည်။­­­­ ပတ်ဝန်းကျင်အဖွဲ့များက အစိုးရကို စီမံကိန်း ဆက်မလုပ်စေချင်သော်လည်း EGAT က ဆက်လုပ်စေချင်နေပါသည်။

          ထိုင်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ထိုင်းအစိုးရကို တင်ပြချက်မှာ ကရင်များ၏ တင်ပြချက် အတိုင်းသာ ဖြစ်သည်။ ပြဿနာများနှင့် ရေကာတာစီမံကိန်းသည် ဆက်နွယ်လျက်ရှိကြောင်း ၎င်းတို့၏ လေ့လာဆန်းစစ်ချက်များအရ၊ ရေကာတာပတ်န်းကျင်ရှိ ဒေသများတွင် စစ်တပ်နေရာယူမှု ပိုမိုများလာကြောင်း Pianporn က IPS သို့ပြော ခဲ့သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment