Transparency Myanmar

transparency.myanmar@gmail.com

(By Wai Moe)

(From The Irrawaddy 27 Oct - 2009)

          ပြီးခဲ့သည့်အပတ်က ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ASEAN ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မြန်မာပြည်၏ အမျိုးသားပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေရာတစ်နေရာ ပါဝင်လှုပ်ရှားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် မည်သည့် အခန်းကဏ္ဍနေရာတွင် ပါဝင်ရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခြင်း မရှိပေ။

          ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ပြောကြားချက်မှာ လာမည့်လ စင်္ကာပူတွင် ကျင်းပမည့် APEC အစည်းအဝေးသည် အမေရိကန်နှင့် တင်းမာမှု လျော့ပါးရေးအတွက်သာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ပြောကြား သွားပါသည်။

          "ကျွန်တော်ကတော့ နိုင်ငံရေးကစားကွက်တစ်ခုလို့ မြင်ပါတယ်။ ၀န်ကြီးချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်လိုက်တာပါပဲ။ အခု လောလောဆယ်တော့ မြန်မာနိုင်ငံတွင်းမှာ အမျိုးသား ပြန်လည်ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိတာ မတွေ့ရသေးပါ" ဟု ဦးဝင်းတင်က ဧရာဝတီသို့ အင်္ဂါနေ့ကပြော ကြားခဲ့သည်။

          "အမျိုးသား ပြန်လည်ပေါင်းစည်းရေး ဆိုတာဟာ စကားလုံးတစ်လုံး၊ ခံယူချက် တစ်ခုထက် အဓိပ္ပါယ်ပိုပါတယ်။ သူ့ကို ဆွေးနွေးညိုနှိုင်းမှုနဲ့သာ အဖြေရှာရပါမယ်"ဟု ဦးဝင်းတင်ကပြောပါသည်။ ASEAN နှင့် အမေရိကန်တို့၏ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့ Asia – Pacific Economic Cooperation (APEC) အစည်းအဝေးတွင် တပြိုင်နက်ကျင်းပမည်ဖြစ်ပါသည်။ အမေရိကန် သမ္မတ Obama နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့လည်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်းအဖြစ် တွေ့လိမ့်မည်ဟု မျှော်လင့်ရပါ သည်။

          အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell သည် လာမည့် အပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန် ရှိပါသည်။ ၄င်းသည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်း စုကြည်အပါအ၀င်၊ တိုင်းရင်းသားခေါင်းဆောင်များ နယူးယောက်တွင် စက်တင်ဘာလက တွေ့ခဲ့သော ၀န်ကြီး ဦးသောင်းတို့နှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ရပါ သည်။

          သံတမန်ရပ်ကွက်၏ သတင်းများအရ Campbell သည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရမည့် ကိစ္စမှာမူ မသေချာကြောင်းသိရသည်။

          Campbell ခရီးစဉ်နှင့် ပတ်သက်၍ ဦးင်းတင်က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍ Campbell သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထက် ပို၍ တက်ကြွနေကြောင်း ဆိုပါသည်။

          ဘန်ကီမွန်း၏ ဇူလိုင်လက မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍ မအောင်မြင်ကြောင်း အများက သုံးသပ်ကြပါသည်။

          ဘန်ကီမွန်းလာရောက်စဉ်က နိုင်ငံရေးပါတီ ၁၀ ခုမှ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့ကြောင်း၊ တစ်ဦးလျှင် အချိန် မိနစ်သာပေးပြီး နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို ရှင်းပြရကြောင်း၊ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း၊ Campbell ကိုမူ ဘန်ကီမွန်းနှင့် ခြားနားလိမ့်မည်ဟု မျှော်လင့်မိကြောင်း ဦးဝင်းတင်က ပြောပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရအား ဦးဝင်းတင်အပါအ၀င် သူမ၏ ပါတီမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်အကြိမ်ကြိမ် တောင်းခဲ့သော်လည်း အဖြေမပေးခဲ့ပါ။

          Obama အစိုးရကလည်း မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြန်လည်သုံးသပ်ပြီး၊ အရေးယူပိတ်ဆို့မှုများကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် တိုက်ရိုက် ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

          တနင်္ဂနွေနေ့က ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ၁၅ ကြိမ်မြောက် ASEAN ထိပ်သီး အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌက အမေရိကန်၏ ဆက်ဆံရေးမူဝါဒကို ကြိုဆိုကြောင်း ပြောခဲ့ပါသည်။

အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးမှာ ASEAN နှင့် လုံးဝခြားနားကြောင်း မြန်မာ့အရေး အထူးလေ့လာသူ သတင်းစာ ဆရာ Larry Jagan ကပြောပါသည်။ အမေရိကန်သည် တိုက်ရိုက် ဆက်ဆံရေးမူဝါဒအပြင် အရေးယူကန့်သတ်မှု မူဝါဒလည်း အတူပါင်သည်ဟု ပြောပါသည်။

          အမေရိကန်၏ ဆက်ဆံရေး မူဝါဒသစ်သည် အကျိုးရှိလိမ့်မည်ဖြစ်ကြောင်း၊ Larry Jagan ကပြောပါသည်။ ASEAN သည် ၁၉၉၇ တွင် မြန်မာစစ်အစိုးရကို ASEAN အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပြီး နောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် စွမ်းရည်ကျဆင်း သွားခဲ့သည်ဟု Larry က ပြောပါသည်။ အာဆီယံထိပ်တန်း အစည်းအဝေး ကျင်းပစဉ်အတွင်း ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် သူ၏နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်င်းတို့က မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများ၊ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ၏ ဆက်သွယ်ရေးအရာရှိ ဦးအောင်ကြည်နှင့် တွေ့ဆုံခြင်း၊ အနောက်နိုင်ငံ သံတမန်များအား တွေ့ဆုံခြင်းကိစ္စများကို အာဆီယံ ကိုယ်စားလှယ်များကို ရှင်းလင်းပြောကြားခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူမ၏နေအိမ်တွင် အကျယ်ချုပ်ထားခြင်း သက်တမ်း(၁၈)လ မတိုင်မီကာလအတွင်း သူမကောင်းမွန်စွာ နေထိုင်သွားပါက လွှတ်ပေးဖွယ် ရှိကြောင်းလည်း အသံပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် ၂၀၀၉ ခုနှစ်တလျှောက်လုံးတွင် ပြုလုပ်ခဲ့သော အစည်းအဝေးများကဲ့သို့ မဟုတ်ဘဲ Abhisit နှင့် ထိုင်းနိုင်ငံခြား ရေးဝန်ကြီး Kasit Piromya သည် သတင်းစာ ရှင်းလင်းပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် မေးခွန်းများအား ထုတ်ဖော် ပြန်ကြားခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော် အီာယံဥက္ကဋ္ဌသည် ယခင်သူတောင်းဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ကိစ္စကို အာဆီယံအစည်းအဝေး ကြေညာချက်နှင့် အခြားသော အစည်းအဝေးများတွင် ဖော်ပြခြင်းမရှိခဲ့ပါ။ ၄င်းမှာ စိတ်ပျက်စရာ ကောင်းကြောင်း ဦးင်းတင်ကပြောခဲ့သည်။

အာဆီယံ၏ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးသည် မြန်မာပြည်သူလူထုအတွက် ဘာမှလုပ်ပေး နိုင်ခြင်း မရှိဘဲ၊ စီးပွားရေး အကျိုးအတွက်သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment