Transparency Myanmar

transparency.myanmar@gmail.com

နာဂစ် အလွန် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီအဖြစ် သြစတြေးလျက အမေရိကန်ဒေါ်လာ ၁၅ သန်း လှူဒါန်းမည် ဟုသိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော နာဂစ် ဆိုက်ကလုန်း ဒဏ် သင့်ခဲ့သူများအတွက် လူသားချင်း စာနာ ထောက်ထားသော အကူအညီများပေးရန် သြစတြေးလျနိုင်ငံက အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သော နာဂစ် ဆိုက်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း တစ်သိန်း လေးသောင်းကျော် သေဆုံးခဲ့ပြီး လူပေါင်း နှစ်သန်းခန့်မှာ လူမှုဘများ ထိခိုက် ပျက်စီးခဲ့ရကြောင်း၊ နာဂစ်ဒဏ် သင့်ခဲ့သူ အများစုမှာ ယနေ့အချိန်အထိ ဒုက္ခပေါင်း များစွာနှင့် ရင်ဆိုင်နေရဆဲ ရှိသောကြောင့် လူသားချင်း စာနာသော အထောက်အကူအဖြစ် ယင်သို့ အမေရိကန်ဒေါ်လာ ၁၅ သန်း ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သြစတြေးလျနိုင်ငံ အစိုးရက သတင်းထုတ်ပြန်သည်။

နိုင်ဘာလ ၂၅ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် နာဂစ်အလွန် အာဆီယံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကွန်ဖရင့်တွင် သြစတြေးလျနိုင်ငံက ယင်းသို့ လှူဒါန်းမည်ဟု တရားင် ထုတ်ဖော် ပြောကြားမည် ဖြစ်သည်။ အဆိုပါ ကွန်ဖရင့်သို့ နိုင်ငံတကာမှ အလှူရှင်များနှင့် အာဆီယံ အဖွဲ့င် နိုင်ငံများမှ ခေါင်းဆောင်များတာန်ရှိသူများ တက်ရောက် မည်ဟု သိရပါသည်။

မြန်မာနိုင်ငံအတွင်း လူသားချင်စာနာထောက်ထားမအကူအညီများ ပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းများ ထံသို့ အဆိုပါ အလှူငွေကို သြစတြေးလျ အစိုးရက ပေးအပ်သွားမည် ဖြစ်သည်ဟု နိုင်ငံခြားရေးန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ သြစတြေးလျက ပေးအပ်မည့် လူသားချင်စာနာ ထောက်ထားသော အလှူငွေကို အောက်ပါ အစီအစဉ်များ အတိုင်း သုံးစွဲ သွားမည်ဟု ဆိုသည်။ 

ပူပြင်း ခြောက်သွေ့သော ရာသီ ဥတုများအတွင်း ရေကောင်းရေသန့် ရရှိရေးအတွက် လုံးပန်း နေကြရသော မြန်မာပြည်သူများ အတွက် ရေဆိုးနုတ် စနစ်နှင့် ရေကောင်း ရေသန့် အရင်းအမြစ်များ ရရှိရေး ၂ နှစ်တာ စီမံကိန်းအတွက် ဒေါ်လာ ၇ သန်းလယ်ယာ စိုက်ပျိုးရေးနှင့် ငါးဖမ်း လုပ်ငန်းများကို အဓိက မှီခိုအားထားနေရသော မိသားစုင် ထောင်ပေါင်းများစွာ အစားအစာ ဖူလုံရေးအတွက် ဒေါ်လာ ၄ သန်းနာဂစ် မုန်တိုင်းအပြီး စာသင်ကျောင်းသို့ ပြန်လည် တက်ရောက်နိုင်သော ကလေးသူငယ်များ ပညာရေးအတွက် ဒေါ်လာ ၂ သန်း။ 

းလံ ခေါင်သီသော ကျေးလက် ဒေသများရှိ ကလေး သူငယ်များနှင့် မိခင်များ ကျန်းမာရေး စောက်ရှောက်မှုအတွက် ဒေါ်လာ ၁ သန်းအနာဂတ် ကာလတွင် အာဆီယံက မြန်မာနိုင်ငံတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ထောက်ပံငွေ ဒေါ်လာ ၁ သန်းမြန်မာနိုင်ငံတွင်းသို့ နာဂစ်မုန်တိုင်းင်ရောက် တိုက်ခိုက် ခဲ့သည်မှာ ၁၈ လမျှ ရှိသွားပြီ ဖြစ်သော်လည်း နာဂစ်ဒဏ်သင့်သည့် နေရာများတွင် အရေးကြီးသော လိုအပ်ချက်များ ရှိနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် ရေကောင်းရေသန့် ရရှိရေး၊ ရေဆိုးနုတ် စနစ်ကောင်းများ ရရှိရေး၊ ပညာသင်ကြာခွင့် ရရှိရေး အစရှိသည်တို့ဖြင့် ရင်ဆိုင် နေရဆဲ ဖြစ်သည်။ 

သြစတြေးလျ နိုင်ငံသည် မြန်မာနိုင်ငံ နာဂစ်အလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ အတွက် အကူအညီနှင့် အလှူငွေ အများဆုံး ပေးအပ်သော နိုင်ငံ တစ်ခုအဖြစ် ရပ်တည် သွားမည် ဖြစ်သည်။ ယခုပေးအပ်မည့် အလှူငွေသည် မြန်မာနိုင်ငံအတွင်းမှ ဆင်းရဲ နွမ်းပါးသူများနှင့် လိုအပ်ချက်ရှိသော ပြည်သူများ အတွက် လူသားချင်း စာနာ ထောက်ထားသော အကူအညီ ပေးရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။  

The Gov Monitor မှ Australia To Provide $15 Million Humanitarian Assistance For Burma ကိုဘာသာပြန်ထားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment