Transparency Myanmar

transparency.myanmar@gmail.com

By William Boot,From The Irrawaddy 21 - Nov - 2009

          မြန်မာနိုင်ငံတွင် အရေးတကြီး လိုအပ်နေသော စွမ်းအင် လျော့နည်းမှုကို ဖြည့်တင်းရန် အဓိက အသစ် ထုတ်လုပ်မည့် စီမံကိန်းနှစ်ခုမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ သန်းပေါင်း ၁၆၀ ကုဗပေ ပို့လွှတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံပိုင် Myanmar Oil and Gas Enterprise (MOGE) က  အတည်ပြု ပြောကြားလိုက်ပါသည်။

          တစ်ချိန်တည်းတွင် MOGE က ပြောကြားရာတွင် ပြည်တွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက် သည်လည်း နှစ်ဆ တက်လာခဲ့ကြောင်း၊ တစ်ရက်လျှင် ကုဗပေ သန်း ၂၀၀ မှ ကုဗပေ သန်း ၅၀၀ ထိ မြင့်တက် လာခဲ့သည်ဟု ဆိုပါသည်။ အချိန်ဇယားကိုမူ ဖော်ပြခြင်း မရှိပါ။

          အထက်ပါ ကိန်းဂဏန်းများမှာ ယခုအပတ် ဘန်ကောက်တွင် အာဆီယံမှ ကြီးမှူး ကျင်းပသော နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကွန်ဖရင့်တွင် ဖော်ပြသော အစီရင်ခံစာမှ ရရှိခြင်း ဖြစ်သည်။

          ဘင်္ဂလား ပင်လယ်အော်ရှိ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းနှင့် မုတ္တမ ပင်လယ်ကွေ့ရှိ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းနှစ်ခုမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ သန်းပေါင်း ၈၀၀ အနက်မှ ကုဗပေ သန်းပေါင်း ၁၆၀ ကို ပြည်တွင်း လိုအပ်ချက်အား ဖြည့်ဆည်းရန် ပိုလွှတ်ခြင်း ဖြစ်ပါသည်။

          အဆိုပါ စီမံကိန်း ခုမှ သဘာဝဓာတ်ငွေ့များကို ၂၀၁၃ တွင် စတင် ထုတ်လုပ်မည် ဖြစ်ပြီး အများစုကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ရောင်းချမည် ဖြစ်ပါသည်။

          ယခု ဧပြီလမှ စတင်သော ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်၏ ပထမငါးလတွင် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ အမေရိကန် ဒေါ်လာ . ဘီလီယံ ရရှိထားပြီး ဖြစ်ကြောင်း၊ ရန်ကုန်တွင် ထုတ်ဝေသော Myanmar Times အဆိုအရ သိရှိရပါသည်။

          လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အဖွဲ့များက အဆိုပါ ဝင်ငွေများအနက်မှ အများစုကို စစ်အစိုးရက ခိုးယူပြီး မြန်မာနိုင်ငံ ပြင်ပရှိ ဘဏ်များတွင် လျှို့ဝှက်စွာ အပ်နှံထားသည်ဟု ဆိုပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment