Transparency Myanmar

transparency.myanmar@gmail.com

From AFP : 22 - Nov - 2009

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Manmohan Singh သည် သမ္မတ Barack Obam လက်ထက်တွင် ပထမဆုံး ခရီးစဉ်အဖြစ် တနင်္ဂနွေနေ့က အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိခဲ့ကြောင်း အိန္ဒိယ အစိုးရ တာဝန်ရှိသူများက ပြောပါသည်။

Singh သည် အမေရိကန် ပြည်ထောင်စုသို့ လေးရက်တာ ခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်ပြီး၊ တနင်္ဂနွေနေ့က ဝါရှင်တန်အနီးရှိ Andrews လေတပ်စခန်းဌာနချုပ်သို့ စတင် ရောက်ရှိခဲ့သည်ဟု အိန္ဒိယ သံရုံးမှ ပြောခွင့်ရ ပုဂ္ဂိုလ် Rahul Chhabra က ပြောကြားခဲ့ပါသည်။

Obama သည် ၎င်း၏ လက်ထက်တွင် ပထမဆုံး နိုင်ငံတော် ဧည့်သည်အဖြစ် လာသော အိန္ဒိယဝန်ကြီးချုပ်ကို အင်္ဂါနေ့တွင် အိမ်ဖြူတော်၌ ကြိုဆိုပွဲနှင့် ဂုဏ်ပြုမည်ဖြစ်ပြီး၊ ညစာစားပွဲပါ ပါဝင်မည် ဖြစ်ပါသည်။

Singh နှင့် Obama သည် ကုန်သွယ်ရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲရေးကိစ္စများအပြင် အာဖဂန်နစ္စတန်ကိစ္စကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလိမ့်မည် ဖြစ်ပါသည်။ အာဖဂန်နစ္စတန်တွင် အမေရိကန် တပ်အင်အား (၆၈,၀၀၀) ရှိပြီး၊ ထပ်မံ အင်အား ဖြည့်တင်းရေးအတွက် အမေရိကန် သမ္မတအနေဖြင့် မကြာမီ ဆုံးဖြတ်ရမည် ဖြစ်သည်။

အမေရိကန်သည် အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံ၊ ပါကစ္စတန်တို့နှင့် ဆက်ဆံရေးများ ထူထောင်ရန် အလေးပေး ဆောင်ရွက်ခဲ့ပြီး ဖြစ်၍ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သော အိန္ဒိယအပေါ်တွင်လည်း ၎င်း၏ ကတိကဝတ်များကို ပြသရန်အတွက် အရေးကြီးသော ခရီးစဉ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုပါသည်။

Singh သည် ၎င်း၏ ဆက်ဆံရေးများကို စတင်ရာ၌ တနင်္လာနေ့တွင် အမေရိကန် - အိန္ဒိယ စီးပွားရေးကောင်စီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ပြီး၊ နိုင်ငံခြား ဆက်ဆံရေးကောင်စီမှ နိုင်ငံခြားရေး မူဝါဒ ကျွမ်းကျင်သူများနှင့်လည်း ဆွေးနွေးမည် ဖြစ်ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment