Transparency Myanmar

transparency.myanmar@gmail.com

BBC News,Date: 19 - Nov - 2009

ဖိလစ်ပိုင် သမ္မတ ဂလိုရီယာ အာရိုယိုသည် လာမည့် မေလ ရွေးကောက်ပွဲ မတိုင်မီ အကြီးဆုံး နိုင်ငံရေးပါတီ၏ ခေါင်းဆောင်နေရာမှ ဆင်းပေးမည် ဖြစ်သည်။

Lakas-Kampi ပါတီ၏ လူထုစည်းဝေးပွဲတွင် သူမက ကာကွယ်ရေး ဝန်ကြီး Gilberto Teodoro ထံ တာဝန် လွှဲပြောင်းပေးမည်ဟု ပြောကြားခဲ့သည်။

၎င်းသည် လက်ရှိ အစိုးရအဖွဲ့မှ သမ္မတလောင်းအဖြစ် မေလ သမ္မတ ရွေးကောက်ပွဲအတွက် စာရင်းသွင်းထားပြီး ဖြစ်သည်။ ၎င်း၏ အဓိက စိန်ခေါ်သူများအနက် တစ်ဦးမှာ သမ္မတဟောင်း Corazon Aquino ၏ သားဖြစ်သူ အတိုက်အခံ Lilberal ပါတီမှ သမ္မတလောင်း Benigno "Noynoy" Aquino ဖြစ်သည်။

ပါတီတွင်း ကွဲပြဲမှုများ

နိုင်ငံရေး ပြိုင်ဘက်နှစ်ဦးမှာ နှစ်ဝမ်းကွဲ တော်စပ်သူများ ဖြစ်သည်။ အာရိုယိုက ထောင်ပေါင်းများစွာသော Lakas-Kampi ပါတီဝင်များအား ယနေ့ စည်းဝေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ရသည်ကို စိတ်မပါလှကြောင်းနှင့် ပါတီ အမှုဆောင် ကော်မတီက ရွေးချယ်ထားသော အလွန်တော်၍ အရည်အသွေး ပြည့်ဝသူ လူငယ်တစ်ဦးဖြစ်သည့် Gilberto Teodoro အား ပါတီ၏ ထိပ်ဆုံးခေါင်းဆောင် တာဝန်ကို လွှဲပြောင်း ပေးလိုက်သည်ဟု ပြောကြားခဲ့ပါသည်။

သူမသည် () နှစ်ကျော် သမ္မတ ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး လာမည့်နှစ်တွင် ရာထူးမှ ဆင်းပေးရမည် ဖြစ်သည်။

သမ္မတ အာရိုယိုသည် အတိုက်အခံများက သူမ၏ အကျင့်ပျက် ခြစားမှုများကို တရားစွဲဆိုရန် ခြိမ်းခြောက်နေမှုကို ကာကွယ်ရေးအတွက် လက်ရှိ သမ္မတသက်တမ်း ခြောက်နှစ် အပြီးတွင် အာဏာကို ဆက်လက် ချုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ အခြေခံ ဥပဒေကို ပြောင်းလဲရန် ကြိုးစားနိုင်သည်ဟု ထင်မြင်ချက်ပေးမှုများ ရှိနေပါသည်။

သူမအနေဖြင့် လာမည့်နှစ် ကွန်ဂရက် လွှတ်တော်တွင် နေရာတစ်ခုရယူရန် ကြိုးစားလိမ့်မည်ဟု ယူဆထားကြပါသည်။

၂၀၀၅ မှစ၍ လွှတ်တော်တွင် () ကြိမ်တိုင်တိုင် တရားစွဲဆိုရန် ကြိုးစားမှုကို ကာကွယ်ခဲ့ရသူ သမ္မတ အာရိုယို ကို ကူညီပေးနေသည့် Lakas-Kampi ပါတီသည် လွန်ခဲ့သော (၁၅) နှစ်အတွင်း နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့် အစိုးရများကို တင်းကျပ်စွာ ချုပ်ကိုင်ထား နိုင်ခဲ့ပါသည်။

သို့ရာတွင် သဘောထား ကွဲလွဲ စွန့်ခွာမှုများကြောင့် ပါတီမှာ အထိနာနေပြီး Teodoro ၏ လူကြိုက်များ ရေပန်းစားမှုနှုန်းမှာလည်း ကျဆင်းနေပါသည်။

၎င်း၏ ညီအစ်ကို ဝမ်းကွဲ နိုင်ငံရေးပြိုင်ဘက် ဆီနိတ်တာ Benigno Aquino က လူထု သဘောထား စစ်တမ်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး၊ ဇူလိုင်လက ကွယ်လွန်သွားခဲ့သော သူ၏ မိခင် Coragan Aquino အား ပြည်သူများက ကရုဏာသက်မှုကြောင့် နိုင်ငံရေးနယ်ပယ်တွင် နာမည်ရလာခြင်း ဖြစ်သည်။

Coragan Aquino သည် Ferdinand Marcos ကို ပြည်သူများက တော်လှန်ရာတွင် ခေါင်းဆောင်ခဲ့သော ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးအဖြစ် ဖိလစ်ပိုင်သမိုင်းတွင် မော်ကွန်းဝင်ခဲ့သူ ဖြစ်သည်။

အသက် (၄၅) နှစ်ရှိ Gilberto Teodoro ကမူ ယခုတိုင် နိုင်ငံရေး လောကနှင့် စီးပွားရေး လောကတွင် အုပ်စုငယ်များစွာ ဖြန့်ကျက်ထားသော အလွန်ချမ်းသာသည့် Conjuanco ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းမှ ဆင်းသက်လာသူ ဖြစ်သည်။

Teodoro သည် ၁၉၉၈ တွင် နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့ပြီး Tarlac မဲဆန္ဒနယ်၏ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ (Tarlac တွင် ၎င်း၏ ဦးလေး () ဦး၊ ဘကြီး () ဦး၊ အဖိုးနှင့် အမေတို့သည် ၎င်းမတိုင်ခင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။)

လက်ရှိ ၎င်းလွှတ်တော် ကိုယ်စားလှယ်နေရာကို Teodoro ၏ ဇနီးက လွှဲပြောင်း လက်ခံ ထားပါသည်။

ဖိလစ်ပိုင်တို့သည် လာမည့် မေလတွင် သမ္မတ ရွေးကောက်ပွဲ၊ လွှတ်တော် ရွေးကောက်ပွဲနှင့် ဒေသန္တရ အစိုးရ ရွေးကောက်ပွဲများကို ပါဝင် မဲပေးကြမည် ဖြစ်သည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment