Transparency Myanmar

transparency.myanmar@gmail.com

25 Nov 20009

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း နယ်ပယ်တွင် ကမ်းလွန်ရေနံတွင်း အင်ဂျင်နီယာလုပ်ငန်း နှင့် ပင်လယ်ပြင် နယ်ပယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်သူ Swiber Holdings က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် အမေရိကန်ဒေါ်လာ ၇၇ သန်း တန်ဖိုးရှိ ကန်ထရိုက်စာချုပ် လက်မှတ် ရေးထိုးခဲ့သည်ဟု ပြောကြားပါသည်။

သဘောတူညီချက်အရ ကီလိုမီတာ ၁၅၀ ရှည်လျားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို Swiber က တပ်ဆင် သွယ်တန်းပေးမည် ဖြစ်သည်။ ၆ လကြာမည့် စီမံကိန်းကို ၂၀၁၀ ပထမ လေးလပတ်တွင် စတင်ရန် မျှော်မှန်းထားပြီး ၂၀၁၀ ဒုတိယ လေးလပတ်တွင် ပြီးစီးရန် သတ်မှတ်ထားပါသည်။ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဒီဇင်ဘာတွင် စတင်မည် ဖြစ်ပါသည်။

ပြီးခဲ့သော စက်တင်ဘာတွင် Swiber သည် သင်္ဘော အုပ်စု အရွယ်အစားရှိသော တွင်းတူးစင်များကို ကမ်းလွန် ရေနံလုပ်ငန်းသုံး သင်္ဘော ၃၄ စီးနှင့် တည်ဆောက်ရေး သင်္ဘော ၁၀ စီးတို့ဖြင့် လုပ်ကိုင်လျက် ရှိပါသည်။

လုပ်ငန်းများ ရှေ့တိုး ဆောင်ရွက်နေသော Swiber ၏ အဆိုအရ ၂၀၁၀ တွင် ကိုယ်ပိုင်သင်္ဘော ၅၂ စီးဖြင့် ဆောင်ရွက် လုပ်ကိုင်မည် ဖြစ်ပြီး အဆိုပါ သင်္ဘောအုပ်စု၏ အရည်အသွေးနှင့် စွမ်းအင်ကို မြှင့်တင်ရန် အာရုံစိုက် လုပ်ဆောင်သွားမည်ဟု သိရပါသည်။

Swiber အဖွဲ့၏ သင်္ဘော အုပ်စု တိုးချဲ့ရေး မဟာဗျူဟာကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက် ပြန်လည် ထောင်မတ်လာသည့် အခါတွင် ကောင်းစွာ နေရာရလိမ့်မည်ဟု ဆိုပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment