Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် အပါအင် အနောက်ကမ္ဘာက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားရေးထက် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပရန် လျာထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ အထမြောက် အောင်မြင်နိုင်ရေးကို မြန်မာစစ်အစိုးရက အဓိက ဦးစားပေးလျက် ရှိကြောင်း၊ သို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ပေးပို့လိုက်သည့် တွေ့ဆုံဆွေးနွေးရေး အဆိုပြုလွှာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အသိအမှတ်ပြု လက်ခံလာရေးမှာ အခွင့်အလမ်း နည်းပါးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စီနီယာ အဖွဲ့င်တစ်ဦးက ပြောကြားသည်။

မြန်မာစစ်အုပ်စုကို ကြည့်ရသည်မှာ ၎င်းတို့ အစီအစဉ် ချမှတ်ထားသော ရွေးကောက်ပွဲ အကောင်အထည် ဖော်နိုင်ရေးကို အဓိက အာရုံစိုက်နေသည် ဖြစ်ရာ မကြာသေးခင် ကာလအတွင်း တွေ့ဆုံ ဆွေးနွေးရေးအတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပြု ရေးသား ပေးပို့ခဲ့သောစာကို ဗိုလ်ချုပ်မှူးကြီးက အရေးတယူ တုံ့ပြန်မည့် အခွင့်အရေး မရှိသလောက် နည်းပါးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးင်းတင်က မဇ္စျိမ သတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုင်ဘာလ ၁၁ ရက်နေ့က အမျိုးသား ဒီမိုကရေစီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်င်းမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည်က အနောက်ကမ္ဘာက ချမှတ်ထားသော မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူသည့် မူါဒများ ဖယ်ရှားနိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးလိုပါသည် ဟုအဆိုပြု ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်၏ စာကို တုံ့ပြန်မှု တစ်စုံတရာ မပြုလုပ်ကြောင်း ဦးဉာဏ်င်းက မဇ္ဈိမ သတင်းဌာနသို့ ပြောကြားသည်။ ဒေါ်အောင်ဆန်း စုကြည်က သူမ၏ ပါတီမှ သက်ကြီးပိုင်း ခေါင်းဆောင်များအား သွားရောက် တွေ့ဆုံ ဂါရ ပြုခွင့် ပေးလိုကြောင်း၊ ထို့အတူ ပါတီမှ ဗဟို အလုပ်အမှုဆောင်များနှင့်လည်း သူမ၏ နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးရန် ခွင့်ပြုစေလိုကြောင်း အဆိုပါစာတွင် ထည့်သွင်း ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဖမ်းဆီး ထိန်းသိမ်းခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စာကို အရေးတယူပြု တုံ့ပြန်လာဖွယ် မရှိကြောင်း၊ အကြောင်းမှာ စစ်အစိုးရ၏ ဦးစားပေးမှုမှာ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးထက် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးပင် ဖြစ်ကြောင်း ဦးင်းတင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည် စစ်အုပ်စု၏ နံပါတ်-၁ အစီအစဉ် ဖြစ်နေသောကြောင့် ဒေါ်စု၏ အဆိုပြုလွှာကို စစ်အစိုးရက တုံ့ပြန်မှု ပြုနိုင်စရာ လမ်းမမြင်ကြောင်း ဦးင်းတင်က သုံးသပ်သည်။

"စီးပွားရေး ပိတ်ဆို့မှုတွေဟာ စစ်အစိုးရကို သိပ်ပြီး ထိခိုက်မှု မရှိဘူး၊ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နေရာမှာပဲ အခက်အခဲလေးတွေ နည်းနည်းပါးပါး ဖြစ်စေတာပါ။ အဲဒါကြောင့် ပိတ်ဆို့မှုဟာ သူတို့အတွက် အဓိကပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲကတော့ သူတို့အတွက် အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုပါ" ဟု ဦးင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးထံသို့ စာတစ်စောင် ရေးသားပေးပို့ပြီး ပိတ်ဆို့မှုများ ဖယ်ရှားနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လိုပါသည်ဟု အဆိုပြုခဲ့သည်။ ထိုစဉ်က စစ်အစိုးရက သူမ၏ စာကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်၊ သြစတြေးလျ၊ အီးယူတို့မှ ထိပ်တန်း သံတမန်များနှင့် တွေ့ဆုံခွင့် ပြုခဲ့သည်။

ထို့အတူ စစ်အစိုးရ၏ ဆက်ဆံရေးန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံခွင့် ပြုခဲ့သလို မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်ပြည်ထောင်စု၏ အာရှပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးန်ကြီး ကတ်ကမ်းဘဲလ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်လည်း တွေ့ဆုံခွင့် ပြုခဲ့သည်။

အဆိုပါ အဆိုပြုစာ ပေးပို့မှုနှင့် တွေ့ဆုံ ဆွေးနွေးမှုများသည် အမေရိကန်အစိုးရက  မြန်မာစစ်အစိုးရအပေါ် တစ်ဖက်တွင် ပိတ်ဆို့ အရေးယူမှုများကို ဆက်လက် ပြုလုပ်ပြီး အခြားတစ်ဖက်တွင် တိုက်ရိုက် စေ့စပ် ညှိနှိုင်းမည်ဟု မူဝါဒသစ်တစ်ရပ် ထုတ်ပြန်လိုက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဦးဉာဏ်င်းက ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ စာကို တုံ့ပြန်ခြင်း မရှိသေးသော်လည်း အပြုသဘောဆောင်သော ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်မြင်မိကြောင်း ပြောဆိုသည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းက ယခုလို ဆိုသည်။

"ဒီရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးစနစ် ခိုင်မြဲဖို့ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင်းပမှာ ဖြစ်လို့ပါ။ အသစ် ထွက်ပေါ်လာမယ့် ပါလီမန် လွှတ်တော်နဲ့ အစိုးရဆိုတာကလည်း အဲဒီ မြန်မာပြည်ကို နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ စစ်အုပ်ချုပ်ရေးစနစ်ကို ခိုင်မာအောင် လုပ်ထားတဲ့ အခြေခံဥပဒေရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေမှာပါ။"

 

Mizzima သတင်းဌာန၏ Junta's priority is elections, not easing sanctions: Win Tin ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment