Transparency Myanmar

transparency.myanmar@gmail.com

24 Nov 20009 (DBV News)

          ထိုင်းမြန်မာ နယ်စပ်တစ်လျှောက်ရှိ စခန်းများတွင် လက်ရှိ နေထိုင်နေသော မြန်မာ ဒုက္ခသည်များကို ဂျပန်သို့ ပြန်လည် နေရာချထားရေး ကိစ္စတွင် အကူအညီပေးရန် ဂျပန်ဝန်ကြီးချုပ်က ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီသို့ တောင်းဆိုလိုက်ပါသည်။

          မြန်မာနိုင်ငံသား ဒုက္ခသည် ၁၃၀၀၀၀ ခန့်အနက် အများစုမှာ ကရင်ပြည်နယ် အရှေ့ပိုင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်ပြီး နယ်စပ်တစ်ဖက် ထိုင်းနယ်မြေပေါ်ရှိ အဓိက ဒုက္ခသည် စခန်းကြီး ခုတွင် လက်ရှိ နေထိုင်နေကြပါသည်။

          ၂၀၁၀ မှ စတင်၍ လာမည့် နှစ်အတွင်း တစ်နှစ်လျှင် မြန်မာ ဒုက္ခသည် ၃၀ ကို နေရာ ချထားရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး UNHCR ထံမှ အကူအညီ လိုအပ်သည် ဟု ဂျပန်က ပြောကြားပါသည်။

          ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများမှ မြန်မာဒုက္ခသည် ၁၇၀၀၀ ခန့်ကို တတိယနိုင်ငံများသို့ နှစ်စဉ် နေရာရွှေ့ပြောင်း ချထားပေးလျက် ရှိပြီး အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုသို့ ခေါ်ယူလေ့ ရှိပါသည်။ အရေအတွက် ၅၀၀၀ မှ ၈၀၀၀ အထိ ရှိသော ဒုက္ခသည်အသစ်များသည် စခန်းများဆီသို့ နှစ်စဉ် ရောက်လာတတ်ပါသည်။

          ယခင်က မြန်မာအစိုးရကို သိသာစွာ လိုက်လျောမှုကြောင့် လူ့အခွင့်အရေးအုပ်စုများ၏ ပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရသော ဂျပန်သည် ယခုအခါ မြန်မာဒုက္ခသည်များကို လက်ခံ အခြေချခွင့်ပေးသည့် ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါသည်။

          သို့ရာတွင် ယခင်လက လူ့အခွင့်အရေးအဖွဲ့ ဖွဲ့မှ ဂျပန်အစိုးရထံ ပေးပို့သော စာတွင် နိုင်ငံရေး ခိုလှုံခွင့် ရရှိရန် ကြိုးစားနေသော မြန်မာ ရိုဟင်ဂျာဒုက္ခသည်များကို လုံလောက်စွာ အကွာအကွယ်ပေးရန် ပျက်ကွက်မှုဖြင့် "တိုကျို" ကို ပြစ်တင် ဝေဖန်ထားပါသည်။

          အထက်ပါ ပေးစာတွင် ပါဝင် လက်မှတ်ထိုးခဲ့သူ တစ်ဦးဖြစ်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တိုကျို ဒါရိုက်တာ Kanac Doi က ဂျပန်အစိုးရ၏ နောက်ဆုံး ကြေညာချက်ကို ကြိုဆို ထောက်ခံလိုက်ပြီး ယခုထက် ပိုမို ထိရောက်စွာ ဆောင်ရွက်ရန် တိုက်တွန်းလိုက်ပါသည်။

          နှစ်စဉ် ဒုက္ခသည် ၃၀ ကိုသာ နေရာချထားပေးရန် ကန့်သတ်ထားပါသည်။ အဆိုပါ အရေအတွက်မှာ အလွန်နည်းသောကြောင့် ဂျပန်အနေဖြင့် UNHCR နှင့် ပူးပေါင်း ဆောင်ရွက်ကာ စီမံကိန်းကို ချဲ့ထွင်စေလိုပါသည်ဟု သူမက ဆက်လက် ပြောကြားပါသည်။

          ရိုဟင်ဂျာများ အပါအဝင် မြန်မာနိုင်ငံသားများ အားလုံးကို ညှင်းဆဲဖိနှိပ်မှုများ ရပ်ဆိုင်းစေရန် ဂျပန်က မြန်မာအစိုးရကို အမှန်တကယ် ဖိအားပေးရမည်ဟု ဆိုပါသည်။

          ယခု ကြေညာချက်သည် မြန်မာ ဒုက္ခသည်များအား အကာအကွယ်ပေးရန် ပိုမို ဆောင်ရွက်စရာများ လိုအပ်နေသေးကြောင်း ဂျပန် DPT အစိုးရသစ်က အမူအရာ ပြလိုက်ခြင်းပင် ဖြစ်သည်ဟု သူမက ကောက်ချက်ချပါသည်။

          လာမည့်နှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု အခြေအနေများကြောင့် ဒုက္ခသည်များ လှိုင်းလုံးသဖွယ် နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာနိုင်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူနေကြောင်း ထိုင်းနိုင်ငံက လောလောဆယ် ထုတ်ဖော် ပြောကြားလိုက်ပါသည်။

          ရွေးကောက်ပွဲ မတိုင်ခင် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် မြန်မာအစိုးရ၏ ကြိုးစားမှုကြောင့် ပြဿနာ အကျပ်အတည်းများ ဖြစ်ပွားလာနိုင်ခြင်း နှင့်ပတ်သက်၍ နယ်ခြားဒေသရှိ ကယ်ဆယ် ထောက်ပံ့ရေး အဖွဲ့များကလည်း ပူပန်လျက် ရှိပါသည်။

          ယခုနှစ် အစောပိုင်းက ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့များ တိုက်ခိုက်ကြခြင်းကြောင့် ဒုက္ခသည် ၃၇၀၀၀ ခန့် တရုတ်နိုင်ငံတွင်း ထွက်ပြေးခဲ့ကြခြင်း၏ ရလဒ်အဖြစ် ယခု စိုးရိမ်ပူပန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်ပါသည်။

--
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment