Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့နိုင်ငံ၏ ပြည်တွင်းရေး အကျပ်တည်းများတွင် နိုင်ငံတကာ အသိုင်းအိုင်းက ပါင် ပတ်သက်မှုကြောင့် လက်ရှိ ဖြစ်ပေါ်နေသော တိုင်းရင်းသား လူမျိုးစု ပဋိပက္ခများ ဖြေရှင်းရေးတွင် အကျိုးသက်ရောက်မှု အနည်းငယ် ရှိလာကြောင်း ဗြိတိန်နိုင်ငံမှ သြဇာကြီးမားသော Think Tank ကြီး တစ်ခုက သုံးသပ်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား နယ်စပ်ဒေသစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းလဲရန် စစ်အစိုးရက ဖိအား ပေးလာခြင်းကြောင့်  မြန်မာနိုင်ငံတွင်း မတည်မငြိမ်သည့် ဖြစ်ရပ်သစ်များ ထွက်ပေါ်လာနိုင်ကြောင်း Chatham House မှ Associated Fellow တစ်ဦးဖြစ်သူ Marie Lall က အစီရင်ခံစာတစ်ရပ်ထုတ်ပြန်ပါသည်။

အမေရိကန် အစိုးရသည် မြန်မာနိုင်ငံအား နှစ်ကာလ ကြာရှည်စွာ နိုင်ငံတကာ အသိုင်းအိုင်းတွင် အထီးကျန်ဖြစ်စေရန် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒိုင်ယာလော့ခ်နည်းဖြင့် စေ့စပ်ညှိနှိုင်း သွားမည်ဟု မကြာသေးခင်က မူါဒသစ်ကို ထုတ်ပြန် ကြေညာသည်။ အမေရိကန် အစိုးရက မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမည်ဟု ထုတ်ပြန် ကြေညာချိန်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကမူ စစ်အစိုးရနှင့် နှစ်ပေါင်းများစွာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

မြန်မာစစ်တပ်နှင့် များစွာသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပေါ်နေသော ပဋိပက္ခကို ပိတ်ဆို့ အရေးယူခြင်းဖြင့် ဖြေရှင်း၍ မရနိုင်သလို စေ့စပ် ညှိနှိုင်းခြင်းဖြင့် လည်း ရမည်မဟုတ်ဟု မစ္စ Marie Lall ကပြောသည်။

"မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတေကြားမှာရှိတဲ့ အပြစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ထင်ရှားမှုတွေ၊ စီးပွားရေးနဲ့ နိုင်ငံရေး အတက်အကျ အခြေအနေတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးကို နားလည်နိုင်ဖို့ အဓိက လိုအပ်တဲ့ အကြောင်းအရာတွေပါပဲ" ဟု Marie Lall ကဆိုသည်။

မစ္စ Marie Lall ၏ အစီရင်ခံချက်သည် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စေ့စပ်ညိနှိုင်းမည် ဟူသော မူါဒသစ် ထုတ်ပြန်ပြီးခါစ အချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံရေး အကဲခတ် လေ့လာသူများက အမေရိကန် ပြည်ထောင်စု အပါအင် နိုင်ငံတကာ အသိုင်းအိုင်းသည် မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသားလူမျိုးစု စုစုပေါင်း ၁၃၅စု ၏ အကျပ်အတည်း ဒုက္ခများကို လိုသလောက် အရုံစိုက် အလေးပေးခြင်း မရှိသေးကြောင်း ဖေန်သုံးသပ်ကြသည်။

"ကျွန်တော့် အထင်ပြောရရင် နိုင်ငံတကာ အသိုင်းအိုင်းဟာ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ တိုင်းရင်းသား လူမျိုးစု ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း သိရှိနားလည်ထားပုံ မရဘူး။ မြန်မာနိုင်ငံရဲ့ အခြေခံ ပြဿနာဟာ တိုင်းရင်းသား အရေးကိစ္စ ဖြစ်နေတယ် ဆိုတာကို သိပုံမရကြဘူး။ တကယ်တော့ မြန်မာ့အရေးကိစ္စဟာ ဒီမိုကရေစီ အရေး မဟုတ်သလို၊ စစ်အုပ်ချုပ်ရေး စနစ် ဆန့်ကျင်ရေး လည်းမဟုတ်ပါဘူး" ဟု တိုင်းရင်းသား လူမျိုးစုများ ကောင်စီမှ စီနီယာ အကြံပေးပုဂ္ဂိုလ် ဦးဟန်ညောင်ရွှေက ပြောကြားသည်။

"တကယ်လို့ ခင်ဗျားက တိုင်းရင်းသား လူမျိုးစုတွေရဲ့ ပြဿနာကို မဖြေရှင်း နိုင်ဘူးဆိုရင် တခြားကြီးမားကျယ်ပြန့်တဲ့ ပြဿနာတွေ ကိုလည်း ဖြေရှင်းလို့ ရမှာ မဟုတ်ပါဘူး"

မည်သို့ဆိုစေ အမေရိကန် ပြည်ထောင်စုသည် တိုင်းရင်းသား လူမျိုးစုများ၏  အခန်းကဏ္ဍက မည်မျှ အတိုင်းအတာအထိ အရေးကြီးသည် ဟူသော အချက်ကို အသိအမှတ်ပြု နားလည်သည့် အရိပ်လက္ခဏာများ စတင် ပြသနေပြီ ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

"အမေရိကန်ကို ကြည့်ရတာ တိုင်းရင်းသား အရေးကိစ္စကို ကိုယ်ဘာသာကိုယ် ဖြေရှင်းဖို့ လိုမယ်လို့ မြန်မာနိုင်ငံကို ပြောနေသလိုပါပဲ။ ကျွန်တော်ထင်ပါတယ် ..  ဒါဟာ မှန်ကန်တဲ့ အဆင့်တစ်ဆင့်ကို ရောက်နေပါပြီ"

ကရင် အမျိုးသားသမဂ္ဂ (KNU) နှင့် မြန်မာစစ်အစိုးရ အကြား ပဋိပက္ခသည် ဆယ်စုနှစ် ခြောက်ခုတာမျှ ကြာရှည်ခဲ့ပြီး ကမ္ဘာ့အရှည်ဆုံး ပြည်တွင်းရေး ပဋိပက္ခတစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှင့် မြန်မာ စစ်တပ်အကြား အပြန်အလှန် တိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်းကို ကြည့်ပါက မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၈ ဖွဲ့ အကြား ရရှိထားသော အပြစ်အခတ် ရပ်စဲရေး သဘောတူညီမှု များသည် ခိုင်မာမှု မရှိကြောင်း ပြသနေသလို ဖြစ်သည်ဟု Marie Lall က ဥပမာပေး ပြောဆိုသည်။

 

DVB သတင်းဌာန၏ Ethnic conflict in Burma demands renewed focus ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment