Transparency Myanmar

transparency.myanmar@gmail.com

24 Nov 20009 (The Nation)

          ဘန်ကောက်သို့ ရောက်ရှိနေသော ဥရောပသမဂ္ဂ မစ်ရှင်အဖွဲ့က မြန်မာဒုက္ခသည်များ၏ ပိုမို ရှင်သန်နိုင်မည့် အနာဂတ်အတွက် ရဲရင့်စွာ လုပ်ဆောင်ရမည့် လုပ်ငန်းသစ်များနှင့် ရေရှည် လုပ်ဆောင်ရမည့် အဆင့်များကို ဆောင်ရွက်သွားရန် ကတိပေးခဲ့ပြီး အဆိုပါ ခက်ခဲသော တာဝန်ကို ထိုင်း အစိုးရနှင့်အတူ ဆောင်ရွက်သွားရန် အသင့် စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့ပါသည်။

          ထိုင်းမြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ ဥရောပမစ်ရှင်အဖွဲ့ ၂၇ ရက်ကြာ သွားရောက်ခဲ့ပြီးနောက် ထုတ်ပြန်သော ကြေညာချက်တွင် အမေရိကန်၊ ဥရောပနှင့် အခြားနိုင်ငံများသို့ ပြန်လည် နေရာချထားမည့် အခွင့်အရေးကို ဒုက္ခသည်အားလုံး ရရှိနိုင်မည် မဟုတ်ဟု ဖော်ပြထားပါသည်။

          ထို့အပြင် ဒုက္ခသည်များအား ၎င်းတို့၏ စွမ်းအားပြည့်ဝ၍ အောင်မြင်နိုင်သော ဘဝများကို နားလည် သဘောပေါက်စေရန် အခွင့်အလမ်းများ မြှင့်တင်ပေးနေသည့် ထိုင်းအစိုးရကိုလည်း ချီးကျူး ဂုဏ်ပြုထားပါသည်။

          နိုဝင်ဘာ ၂၃-၂၄ အတွင်း လာရောက်ခဲ့သော ဥရောပမစ်ရှင်သည် လက်ရှိ အနေအထားကို ပထမဆုံး လက်ဆုပ်လက်ကိုင် ထင်မြင်ချက် ရယူရန် ကြိုးစားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ယောင်္ကျား၊ မိန်းမ၊ ကလေးများ ပါဝင်သည့် ဒုက္ခသည်ပေါင်း ၁၄၀၀၀၀ ခန့်ကို ဒုက္ခသည် စခန်း ခုတွင် လက်ခံထားပါသည်။ ဒုက္ခသည်စခန်းများ စတင်ခဲ့သည့် အချိန်မှစ၍ ဥရောပမစ်ရှင်သည် နှစ်စဉ် လာရောက်လေ့ ရှိခဲ့ပါသည်။

          "မြန်မာနိုင်ငံမှ ဒုက္ခသည်များစွာကို ၂၅ နှစ်ကျော် လုံခြုံစွာ စောင့်ရှောက်ပေးခဲ့သည့် ထိုင်းဘုရင့်အစိုးရကို ဥရောပသမဂ္ဂက အထူး ကျေးဇူးတင်ရှိပါသည်။ ထိုင်းနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများ၏ ပြဿနာ၊ အကျပ်အတည်းများကို ကူညီဖြေရှင်းပေးနေသည့် အရေးကြီးသော ကဏ္ဍတွင် ရပ်တည်နေပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။

          အထက်ပါ ဒုက္ခသည်စခန်းများအတွက် နိုင်ငံတကာ အလှူရှင်များက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၆၀ ခန့် ငွေကြေး အကူအညီပေးလျက် ရှိပါသည်။ ဥရောပသမဂ္ဂသည် အဓိက အလှူရှင်ဖြစ်ပြီး ဒုက္ခသည်များ ထောက်ပံ့ရေး အစီအစဉ်အတွက် ကုန်ကျစရိတ်၏ ၆၅ % ကို ထောက်ပံ့ပေးနေပါသည်။


--
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment