Transparency Myanmar

transparency.myanmar@gmail.com

Agence France – Presse, 25 - Nov - 2009

        ဗီယက်နမ် ကွန်မြူနစ်ပါတီ ပါလီမန်သည် ဗီယက်နမ်၏ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကို တည်ဆောက်လျက် ရှိကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြု ပြောကြားလိုက်ပါသည်။ ၎င်းစက်ရုံမှာ ဝေဖန်မှုများကို ငြင်းပယ်၍ တည်ဆောက်ခြင်း ဖြစ်ပြီး၊ ကျွမ်းကျင်သော နိုင်ငံခြားသား ပါတနာ (Partners) များက အဆိုပါ စီမံကိန်းကို အထူး စောင့်ကြည့် ကြီးကြပ်နေကြောင်း ပြောပါသည်။

          ဥပဒေပြု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ (၇၇ %) က နျူကလီးယား လျှပ်စစ်စွမ်းအင်ဆိုင်ရာ ဥပဒေမူကြမ်းကို အတည်ပြုခဲ့ကြသည်ဟု စီမံကိန်းကို သဘောမတူသူ ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ငုရင်မင်သူယက် က ပြောကြားပါသည်။

          နောက်ဆုံး အတည်ပြုလိုက်သည့် နျူကလီးယား ဓာတ်ပေါင်းဖို () ခုကို နှစ်နေရာ ခွဲ၍ တည်ဆောက်မည့် အစီအစဉ်ထက် အချို့ကိုယ်စားလှယ်များ ရည်ညွန်းသည့် နျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ခုတည်း တည်ဆောက်မည့် အစီအစဉ်ကို ပိုမို နှစ်သက်ကြောင်း ၎င်းက အစည်းအဝေးတွင် ဆွေးနွေး တင်ပြခဲ့ပါသည်။

          အစိုးရ၏ စီမံကိန်းအရ ၂၀၂၀ ခုနှစ်တွင် အနည်းဆုံး နျူကလီးယား ဓာတ်ပေါင်းဖို () လုံး လည်ပတ်နိုင်ရမည် ဖြစ်၍ ဓာတ်ပေါင်းဖို () လုံး၏ စုစုပေါင်း ထုတ်လုပ်နိုင်မည့် စွမ်းအားမှာ (၄၀၀၀) မဂ္ဂါဝပ် ဖြစ်သည်။

          အနာဂါတ်တွင် စွမ်းအင် မလုံလောက်မှု ပြဿနာ ပေါ်ပေါက်မည်ကို စိုးရိမ်ကြသောကြောင့် ယခု စီမံကိန်းအား ထောက်ခံခဲ့ကြခြင်း ဖြစ်သည်ဟု ငုရင်မင်သူယက်က ယူဆပါသည်။

          စီးပွားရေး ဖွံ့ဖြိုးလာမှုကြောင့် ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်မှာ တစ်နှစ်လျှင် (၁၅%) ခန့် ပျမ်းမျှ မြင့်တက်နေပါသည်။ ဆောက်လုပ်ရေးကဏ္ဍ ကဲ့သို့သော အကြီးစားလုပ်ငန်း နယ်ပယ်များသည် စွမ်းအင် ပမာဏ ကြီးမားစွာ သုံးစွဲသူများ ဖြစ်သည်။

          အစပိုင်းတွင် ဗီယက်နမ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ( %) ခန့်ကို နျူကလီးယား စွမ်းအင်ကဏ္ဍမှ ဖြည့်ဆည်းရန် ရည်ရွယ်ထားပြီး ၂၀၅၀ ခုနှစ်တွင် နိုင်ငံစွမ်းအင် လိုအပ်ချက်၏ (၃၀%) ကို ဖြည့်ဆည်းရန် အစိုးရက စီမံကိန်း ရေးဆွဲထားပါသည်။

          ဝေဖန်သူများက အငြင်းပွားနေသည့် အချက်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် လုပ်ကိုင်မည့် အရည်အချင်းပြည့် လုပ်သားများ ရှားပါးမှုကြောင့် စီမံကိန်းကို အပြည့်အဝ ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ အာမခံထားသော စွမ်းအင် ဖူလုံရေး အစီအစဉ်တွင် ယိုပေါက်များ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာပင် ဖြစ်ပါသည်။ နျူကလီးယား စွန့်ပစ်ပစ္စည်းများ ကိစ္စနှင့် မသက်ဆိုင်ပါ။

          အချို့ ကိုယ်စားလှယ်များကမူ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြခြင်း ဖြစ်ပြီး၊ ဓာတ်ပေါင်းဖို တည်ဆောက်ရန် အဆိုပြုထားသော နေရာဖြစ်သည့် ဗီယက်နမ် တောင်ပိုင်း နင်သွမ်ပြည်နယ်သည် ပင်လယ်လိပ်များနှင့် ပတ်သက်၍ နာမည်ကြီးသည့် သဘာဝ ထိန်းသိမ်းရေး နယ်မြေဖြစ်နေခြင်းပင် ဖြစ်သည်။

          သိသာထင်ရှားသော အန္တရာယ်များ ဖြစ်ပေးလာနိုင်မှုနှင့် စီးပွားရေး အကြောင်းရင်းခံများ အားနည်းမှုကြောင့် ဗီယက်နမ်သည် အဆင်သင့် မဖြစ်သေးပါဟု ငုရင်မင်သူယက် က ဆိုပါသည်။

          ကိုယ်စားလှယ်များသည် နျူကလီးယား စီမံကိန်းအတွက် ကနဦး ဘတ်ဂျက် ဒေါ်လာ (၁၁) ဘီလျံကို အတည်ြပုပေးခဲ့သည်ဟု အွန်လိုင်း နေ့စဉ် VN Express က ဖေါ်ပြပါသည်။

          ဂျပန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ် စသော နိုင်ငံများက ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ပြသခဲ့ကြပြီး၊ တောင်ကိုရီးယားနှင့် အမေရိကန်ကမူ အနည်းငယ်သာ စိတ်ဝင်စားသည်ဟု ဆိုပါသည်။

          လွန်ခဲ့သော ()ပတ်က ပြင်သစ် ဝန်ကြီးချုပ် ဖရန်ကွိုက်ဖီလွန် နှင့် ဗီယက်နမ် ဝန်ကြီးချုပ် ငုရင်တန်ဒေါင်းတို့ နျူကလီးယား ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ သို့ရာတွင် ဗီယက်နမ်၏ နျူကလီးယား မိတ်ဖက်အဖြစ် ရွေးချယ်ထားသော နိုင်ငံကို ပြောကြားရန် ငုရင်တန်ဒေါင်းက င်းန်ခဲ့ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment