Transparency Myanmar

transparency.myanmar@gmail.com

 

cubusiness.com, 27 Nov 2009

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေသော မြန်မာနိုင်ငံတွင်းရှိ တိုးမရ၊ ဆုတ်မရ ရပ်တန့်နေသော နိုင်ငံရေး ကစားကွက်တွင် အရေးကြီးသော တိုးတက် ဖြစ်ပေါ်မှုအဖြစ် တပ်မတော်အစိုးရနှင့် ဆွေးနွေးခွင့် အပါအဝင် အခွင့်အလမ်းများ ပေါ်ထွက်လာခဲ့ရာ ဤအခွင့်အရေးကို လက်လွှတ်ခံ၍ မရပါဟု ဥရောပ အထူးကိုယ်စားလှယ်အဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ်အဖွဲ့မှ အီတလီ နိုင်ငံရေးပညာရှင် ပီယာရို ဖာစီနိုသည် လတ်တလော သွားရောက်ခဲ့သည့် အရှေ့တောင်အာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေး တွန်းအားပေးရန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ အာဆီယံ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပါသည်။

လတ်တလော တိုက်တွန်း အားပေးမှုများ၏ ရလဒ်အဖြစ် မြန်မာနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်သော အခွင့်အလမ်း ပြတင်းပေါက် ပွင့်လာပုံ ရသည်ဟု ဖာစီနိုက ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထား ပါသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ အခြားနိုင်ငံများကို ပါဝင်စေသော ချဉ်းကပ်ပုံ အသစ်နှင့် တပ်မတော် ခေါင်းဆောင်များထံမှ မကြာခဏ ထွက်ပေါ်လာသော အချက်ပြမှုများသည် တွေ့ဆုံဆွေးနွေးရန် အခွင့်အရေးကို ဖြစ်ပေါ်စေခဲ့သည်ဟု ၎င်းက ဆိုပါသည်။

အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တွေ့ဆုံခွင့် တောင်းသော နိုဝင်ဘာပေးစာနှင့် အာဆီယံနိုင်ငံများ၏ ကြိုးပမ်း အားထုတ်မှု များကိုလည်း ဖာစီနိုက ရည်ညွှန်း ကိုးကားခဲ့ပါသည်။

ထွက်ပေါ်လာသော အခွင့်အလမ်းများကို လက်လွှတ်ခံ၍ မရကြောင်း ယခု ဖြစ်စဉ်အားလုံးက ညွှန်ပြနေသည်ဟု ဖာစီနိုက ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် လွတ်လပ် မျှတ မြင်သာထင်သာရှိ၍ အများ လေးစားသော သိက္ခာရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ရှေ့ရှုသည့် လုပ်ငန်းအဆင့်တိုင်းကို တိုက်တွန်း အားပေးသွားရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လာမည့်နှစ် ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် တားဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၀၂ မှ စ၍ တွေ့ဆုံခဲ့ကြခြင်း မရှိပါ။

၁၄ နှစ်တိုင်တိုင် ထိန်းသိမ်းခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်ထားသော အကျယ်ချုပ်ပြစ်ဒဏ်ကို လွန်ခဲ့သော သြဂုတ်လက ၁၈ လ သက်တမ်း ထမ်မံ တိုးခဲ့ပါသည်။

နိုင်ငံတကာက Burma ဟု လူသိများသော မြန်မာနိုင်ငံကို ၁၉၆၂ မှ စ၍ တပ်မတော်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ ကော်မရှင်က ယခုလ ထုတ်ပြန်သော ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ အရေးတကြီး စိုးရိမ် ပူပန်မိသည်ဟု ဖော်ပြထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment