Transparency Myanmar

transparency.myanmar@gmail.com

Bangkok,3 Dec 2009

          မလေးရှား နိုင်ငံတွင်းရှိ မြန်မာဒုက္ခသည် ၁၁၀၀၀ ခန့်ကို ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံးက တတိယနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ခွင့် ရှိသူများအဖြစ် အသိအမှတ် ပြုခဲ့သည်ဟု ဧရာဝတီ သတင်းများအရ သိရပါသည်။

          ၎င်းဒုက္ခသည်များအနက် ချင်းလူမျိုး ၅၀၀၀၊ မွန်လူမျိုး ၁၈၀၀၊ ကချင်နှင့် ရှမ်းက ၁၀၀၀ ခန့် ပါဝင်သည်ဟု ဆိုပါသည်။ ယခုနှစ်တွင် ရခိုင်လူမျိုးများ မပါဝင်ခဲ့ပါ။

          ယခုနှစ် အစောပိုင်းက ထိုင်း-မလေးရှား နယ်စပ်မှ တစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ရန် ကြိုးစားသူများကို ထိုင်းအစိုးရက နှိမ်နင်းခဲ့စဉ် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည့် မြန်မာဒုက္ခသည် များကို UNHCR က အရေအတွက် များပြားစွာ အသိအမှတ် ပြုခဲ့ခြင်းသည် ယခု ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရပါသည်။

          Alliance of Chin Refugees ACR ၏ အဆိုအရ မလေးရှားတွင် လက်ရှိ ချင်းလူမျိုး ၅၀၀၀၀ ခန့် နေထိုင်နေပြီး ၂၀၀၁ မှ စ၍ ချင်းလူမျိုး ၂၀၀၀၀ ခန့် UNHCR ၏ ဒုက္ခသည် အဆင့်အတန်း သတ်မှတ်မှုကို ရရှိခဲ့သည်ဟု ဆိုပါသည်။

          မလေးရှားရှိ Mon Refugee Office ကမူ မွန်လူမျိုး ၃၀၀၀ ခန့် UNHCR ဒုက္ခ သည် အဆင့်အတန်း ရရှိရန် ကြိုးစားနေသည်ဟု ထုတ်ပြန်ပါသည်။ ၂၀၀၇ တွင် တစ်ဦးမှ မရရှိခဲ့ဘဲ ၂၀၀၈ တွင် ၅၀၀ ခန့် အသိအမှတ်ပြု ခံရသည်ဟု ဆိုပါသည်။ မလေးရှားတွင် မွန်လူမျိုး ၂၀၀၀၀ ခန့် နေထိုင်နေပြီး တရားမဝင် နေထိုင်သူ များစွာ ရှိသည်ဟု သိရသည်။

          ဒုက္ခသည် အဆင့်အတန်း သတ်မှတ်ရာတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ၊ ဖခင် မရှိသော အိမ်ထောင်စုမှ ကလေးများ၊ အသက် ၅၀ အထက် လူကြီးများကို ဦးစားပေးသည်ဟု ဆိုပါသည်။

          UNHCR အသိအမှတ်ပြု လက်မှတ် ရရှိထားပါက ဖမ်းဆီး ထိန်းသိမ်းခံရသည့် အချိန်မျိုးတွင် UNHCR ထံမှ အကူအညီ ရရှိနိုင်ပြီး ပြည်ပတွင် နေထိုင် လုပ်ကိုင်သူများအတွက် အကျိုးရှိသည်ဟု MRO မှ နိုင်ရိုမွန်က ပြောကြားပါသည်။

          UNHCR မှ အသိအမှတ်ပြုထားသော မြန်မာဒုက္ခသည်များသည် တတိယနိုင်ငံများသို့ ပြောင်း ရွှေ့နေထိုင်ရန် အချိန်တစ်နှစ် (သို့မဟုတ်) အချိန်အတန်ကြာ စောင့်ဆိုင်းရသည်ဟု ဆိုပါသည်။

          မလေးရှားတွင် တရားဝင်၊ တရားမဝင် နေထိုင်သူ မြန်မာလူမျိုးများ ငါးသိန်းခန့် ရှိသည်ဟု ကွာလာလမ်ပူ အခြေစိုက် မြန်မာအလုပ်သမားများ အခွင့်အရေး ကာကွယ်ရေး ကော်မတီက ဧရာဝတီသို့ ပြောကြားပါသည်။

          ၂၀၀၉ အောက်တိုဘာအထိ UNHCR မလေးရှားတွင် မှတ်ပုံတင်ထားသူ ဒုက္ခသည်နှင့် အလုပ် ရှာဖွေသူ ၆၇၈၀၀ အနက် မြန်မာလူမျိုး ၆၂၀၀၀ ခန့် ပါဝင်သည်ဟုသိရပါသည်။ မလေးရှားသို့ တရားမဝင် ဝင်ရောက်ရန် အမေရိကန် ဒေါ်လာ ၅၀၀ (မြန်မာငွေ ၅ သိန်းကျပ်) ခန့် ကုန်ကျသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment