Transparency Myanmar

transparency.myanmar@gmail.com

RTT News, 11th Dec, 09

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို မြန်မာအစိုးရက မလွှတ်ပေးသရွေ့ ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများကို အသိအမှတ်မပြုရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းခြင်းခံနေရသည်။

ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာအစိုးရ ဆန့်ကျင်သူ အဖွဲ့အစည်း ၃ ခု ဖြစ်သော All Burma Monk's Alliance 88 Generation Students နှင့် All Burma Federation Unions တို့က ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲများကို အသိအမှတ်မပြုရန်နှင့် အတိုက်အခံ ဒီမိုကရေစီ အဖွဲ့များနှင့် စစ်မှန်သော ဆွေးနွေးမှုများ ပြုလုပ်ရေးအတွက် အစိုးရခေါင်းဆောင်ကို ဖိအားပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားပါသည်။

အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို မလုပ်နိုင်သေးသရွေ့ အတိုက်အခံ အဖွဲ့အစည်းများ၊ တိုင်းရင်းသား လူမျိုးများနှင့် အဆက်မပြတ် ဆွေးနွေးမှုများ မလုပ်သေးသရွေ့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို မလွှတ်ပေးသရွေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါသည်ဟု ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားပါသည်။

လူသားများ အားလုံးသည် တန်းတူ ညီမျှသော အခွင့်အရေးများ၊ အခြေခံလွတ်လပ်ခွင့်များနှင့် မွေးဖွားလာခြင်း ဖြစ်ကြောင်း ကမ္ဘာ့ပြည်သူများကို သတိပေးနှိုးဆော်ရန် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို သတ်မှတ်ရေးအတွက် ၁၉၄၈ ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ လက်ခံ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment