Transparency Myanmar

transparency.myanmar@gmail.com

Irrwaddy: 19th December, 2009

ပြင်သစ် စွမ်းအင်ရင်းမြစ် ကုမ္မဏီ Total သည် မြန်မာနိုင်ငံတွင်းရှိ ၎င်း၏ အနေအထားနှင့် ပတ်သက်၍ လိမ်ညာ ဖုံးကွယ်ထားခဲ့ပြီး နိုင်ငံကို ဖြတ်သန်း ပို့လွှတ်နေသော ၎င်း၏ ဓာတ်ငွေ့ ပိုက်လိုင်းတွင် အဓမ္မ ခိုင်းစေသော လုပ်သားများ အသုံးပြုနေကြောင်း စွပ်စွဲချက်များကို ငြင်းဆိုနိုင်ခဲ့ခြင်း မရှိဟု လူ့အခွင့်အရေးအဖွဲ့က ပြောကြားပါသည်။

အဓမ္မ စေခိုင်းမှုများနှင့် ပတ်သက်သည့် စောဒကတက် တိုင်ကြားမှုများကို အိုင်အယ်အို ILO နှင့် အခြားအဖွဲ့အစည်းများ လက်လှမ်းမမီစေရန် ဖုံးကွယ် ထိန်းသိမ်းထားခဲ့သည်ဟု Earthright International ERI က Total ကို စွပ်စွဲလိုက်ပါသည်။

Total ပိုက်လိုင်းကို တင်းကြပ်စွာ ကာကွယ်ထားသည့် မြန်မာစစ်တပ်က ဆင့်ခေါ်သော အဓမ္မ စေခိုင်းမှုများနှင့် ပတ်သက်၍ အထောက်အထား ရာနှင့်ချီ၍ ယခင်နှစ်က ရရှိခဲ့ပြီး အဆိုပါကိစ္စများ ဆက်လက် ဖြစ်ပွားနေသည်ဟု ERA ၏ အစီအစဉ်ကို ညှိနှိုင်းရေးမှူး နိုင်ထူးက အဖွဲ့အစည်း၏ အစီရင်ခံစာသစ်နှင့် တစ်ဆက်တည်း ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံ ကမ်းလွန် ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့များကို မြန်မာနိုင်ငံကို ဖြတ်သန်း၍ ထိုင်းနိုင်ငံသို့ ပို့လွှတ်နေသည့် ပိုက်လိုင်းကို စောင့်ရှောက်နေသော မြန်မာစစ်သားများ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် အသေးစိတ် အစီရင်ခံစာကို ERI က စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန်နှင့်ဆက်နွယ်နေသော ERI က Total သည် စွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ယခုအပတ်တွင်မူ Total ၏ တုန့်ပြန် ဆောင်ရွက်မှုများကို အနီးကပ် စောင့်ကြည့်ခဲ့ခြင်းဖြင့် အလွန်ရှင်းလင်း သေချာသွားခဲ့ပြီး လူ့အခွင့်အရေးနှင့် ငွေကြေးဆိုင်ရာ သက်ရောက်မှုများ စသည့် မြန်မာပြည်တွင်း ၎င်းတို့၏ စီးပွားရေး ကိစ္စများနှင့် ပတ်သက်၍ မိမိတို့ လေ့လာ တွေ့ရှိသည့် အထောက်အထားများကို ငြင်းဆန်ခြင်း မပြုခဲ့ဟု ပြောကြားပါသည်။

Total သည် မြန်မာနိုင်ငံရှိ ၎င်း၏ အနေအထားအပေါ် ရှုမြင်မှုများကို ဖုံးကွယ် လှည့်စားရန် ဆက်လက် ကြိုးစားနေသည်။ ထိုဒေသရှိ ၎င်း၏ အနေအထား ရပ်တည်မှုများကို အမှန်တကယ် ပြောင်းလဲသွားစေသည့် အသုံးစရိတ်များနှင့် ပတ်သက်၍ သံသယ ရှိစရာ မလိုပါဟု ERI ၏ မြန်မာနိုင်ငံ ဆိုင်ရာ စီမံကိန်း ညှိနှိုင်းရေးမှူး Matthew Smith က ပြောဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment