Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, 19th December, 2009 

မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်နွယ်မှု အပါအဝင် တရုတ်စီးပွားရေး လုပ်ငန်းများကို အဆက်မပြတ် တိုးချဲ့ရန် မျှော်ကြည့်လျက် ရှိသည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ပြီး ဘီဂျင်းမှ ဝါရင့် ခေါင်းဆောင်သည် မြန်မာနိုင်ငံသို့ ယခု သီတင်းပတ် အကုန်တွင် သွားရောက်ခဲ့ပါသည်။

          ကဏ္ဍ အရပ်ရပ်၌ သိသာ ထင်ရှားသော ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို အားကောင်း လာခြင်းနှင့် အတူ တရုတ်နှင့် မြန်မာတို့၏ အိမ်နီးချင်း မိတ်ဆွေဟောင်း ဆက်ဆံရေးမှာ ဆက်လက် ဖွံ့ဖြိုး တိုးတက် နေသည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ယီဒါဘိုက ယခုအပတ်တွင် ပြောကြားခဲ့ကြောင်း တရုတ် ကွန်မြူနစ်ပါတီ သတင်းစာ People's Daily က ဖော်ပြခဲ့ပါသည်။

          တရုတ် ဒုတိယသမ္မတ ဇီဂျင်ပင်း၏ ၂ ရက်ကြာ ခရီးစဉ် မတိုင်မှီ ယီဒါဘိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈ တွင် အမေရိကန် ဒေါ်လာ ၁.၃၃ ဘီလျံအထိ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်ဟု People's Daily က ဆိုပါသည်။

          နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၂.၆ဘီလျံ တန်ဖိုး ရှိခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံဖက်မှ ဝယ်ယူမှုများ ဖြစ်ပါသည်။

          ဇီဂျင်ပင်းသည် မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဖွယ် ရှိသော်လည်း အသေးစိတ် အချက်အလက်အချို့ကိုသာ ထုတ်ပြန် ကြေညာခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment