Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, 19th December 2009  

မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ ရှုမြင်သုံးသပ်မှု ပျော့ပြောင်းလာခြင်းနှင့်အတူ ဥရောပ သမဂ္ဂကလည်း ၎င်း၏ ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ ထားခဲ့ခြင်းကြောင့် အီးယူ၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှု မူဝါဒနှင့် ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများအတွင်း သဘောကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု ယခင် ဝါရင့်ဗြိတိသျှ ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောကြားလိုက်ပါသည်။

          ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင် တောင်လှန်ရေး ကာလမှစ၍ အီးယူက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း ကျွန်းသစ်များ တန်ဖိုးကြီး သတ္တုနှင့် ကျောက်မျက်များသည် ဥရောပဈေးကွက်မှ ဖယ်ခွာ၍ တရုတ်၊ ထိုင်းနှင့် ဒေသတွင်း နိုင်ငံများသို့ ပြန့်နှံ ရောက်ရှိခဲ့သောကြောင့် အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်ဟု ယခင် ထိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း Network Myanmar လူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ Derek Tonkin ပြောကြားခဲ့ပါသည်။

          ၂၇ နိုင်ငံ ပါဝင်သော ဥရောပ သမဂ္ဂ EU ၏ အဖွဲ့နိုင်ငံ အချို့အတွင်း၌ စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့နိုင်ရေးအတွက် ပြန်လည် သုံးသပ်မှု ပြုလုပ်ရန် လှုပ်ရှား ဆောင်ရွက်နေသော်လည်း လတ်တလော ကျင်းပနေသော အီးယူ နိုင်ငံခြားရေးရာ ကောင်စီ၏ အစည်းအဝေးတွင် အဆိုပါကိစ္စကို ဆွေးနွေးရန် ရှောင်ရှားခဲ့ကြပါသည်။

          အီးယူက အလွယ်တကူ ပြစ်ဒဏ် ချမှတ်ခဲ့သော မြန်မာလူမျိုးတို့၏ စီးပွားရေးလုပ်ငန်းများ စာရင်းနှင့် ပတ်သက်၍လည်း Tonkin က စွပ်စွဲ ပြစ်တင်ခဲ့ပါသည်။ အကြောင်းမှာ ၎င်းတို့သည် အစိုးရ (သို့) တပ်မတော်၏ အကျိုးစီးပွားနှင့် ဆက်သွယ်မှု မရှိသော်လည်း အီးယူက ပစ်မှတ်ထားသော ကဏ္ဍများတွင် စီးပွားရေး လုပ်ဆောင်နေသည်ဟု သတ်မှတ်ခံရခြင်းကြောင့် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment