Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, 19th-December-2009

        ဘန်ကောက် အနီးရှိ ထိုင်းနိုင်ငံ၏ အဓိက ရေနံဓာတု စက်မှုဇုံ တစ်ခုလုံး ရပ်ဆိုင်းလုနီးပါး အခြေအနေသည် မြန်မာနိုင်ငံ၏ ဓါတ်ငွေ့ တင်ပို့မှု ထိခိုက်နိုင်မည့် အနေအထား ရှိနေပါသည်။

          မာတာဘင် ပင်လယ်ကွေ့ရှိ မြန်မာပိုင် ရတနာနှင့် ရဲတံခွန် ကမ်းလွန် ဓာတ်ငွေ့ စီမံကိန်းများမှ ထွက်ရှိသော ဓါတ်ငွေ့များအနက်မှ အချို့ကို ဘန်ကောက် တောင်ဘက် ရာယောင်းရှိ မက်တာဖွတ် စက်မှုဇုံသို့ ပိုက်လိုင်းဖြင့် တင်ပို့နေခြင်း ဖြစ်ပါသည်။

          လုပ်ငန်း လည်ပတ်နေသော စက်ရုံများနှင့် လုပ်ငန်း စတင်မည့် စီမံကိန်းအသစ်များကို ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးက ယာယီ ရပ်ဆိုင်းထားပါသည်။

          မက်တာဖွတ် စက်မှုဇုံမှ ဓာတု ညစ်ညမ်းမှုများကြောင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်နေသည်ဟု ဆရာဝန်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက စွပ်စွဲ ထားပါသည်။

          ထိုင်းနိုင်ငံပိုင် ရေနံနှင့် ဓါတ်ငွေ့ကော်ပိုရေးရှင်း PTT သည် ၂၀၁၀ တွင် မြန်မာနိုင်ငံမှ ဓါတ်ငွေ့ ပမာဏ မြောက်မြားစွာ ဝယ်ယူရန် ကန်ထရိုက် စာချုပ်ချုပ်ဆိုထားပါသည်။

          မည်သို့ပင်ဖြစ်စေ အရောင်းအဝယ် သဘောတူစာချုပ်အရ ထိုင်းနိုင်ငံသည် တရားရုံး အမိန့်ကြောင့် ဓာတ်ငွေ့ တင်သွင်းမူကို ရပ်ဆိုင်းထားခဲ့ပါက ဓာတ်ငွေ့ တင်ပို့သူများ ဖြစ်သည့် Total၊ Chevron နှင့် မြန်မာ့ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကို ဒေါ်လာ ၁၇၇ သန်းခန့် လျော်ကြေး အနေဖြင့် ပေးဆောင်ရဖွယ် ရှိနေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment