Transparency Myanmar

transparency.myanmar@gmail.com

           ယခု ၂၀၁၀ ပြည့်နှစ် သည် အပြုသဘော ဆောင်သော အရေးကိစ္စများ ထွက်ပေါ်မည့် နှစ်တစ်နှစ် ဖြစ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက် ကောင်းမွန်လာပြီး ပြည်သူများ အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်များ၊ ဦးတည်ချက်များ ကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ ကောင်းသော အရာများ ဖြစ်ပေါ်ပေါ်ပေါက်လာ မည် ဖြစ်သည်။

သို့သော် ဇန်နဝါရီ ၁ ရက် နေ့မှ ၂၀ ရက်နေ့ အကြား၊ ဧပြီ ၂၁ မှ မေ ၂၀ အကြားနှင့် စက်တင်ဘာ ၂၁ မှ အောက်တိုဘာ ၂၀ ကြား ကာလများသည် ပဋိပက္ခများ ဖြစ်ပေါ်မည့် အချိန်ကာလများ ဖြစ်သည်။ နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်ခြင်း၊ မိတ်ဟောင်း ဆွေဟောင်းများ အကြား ခိုက်ရန် ပဋိပက္ခ ဖြစ်ပွားခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။

နိုင်ငံခေါင်းဆောင် (သို့မဟုတ်) အမျိုးသား ခေါင်းဆောင်များ လုပ်ကြံခံရခြင်းတို့ပင် ရှိလာနိုင်သည်။ အဆိုပါ ကာလအတွင်း ကံကြမ္မာ ဆိုးများဖြင့်ရင်ဆိုင်ရဖွယ် ရှိသော နိုင်ငံများမှာ အီရတ် (အထူးသဖြင့် အီရတ် တောင်ပိုင်း) အမေရိကန် ပြည်ထောင်စု၊ မြန်မာနှင့် အခြားသော  အရှေ့တောင် အာရှနိုင်ငံများ (အထူးသဖြင့် ကမ္ဘောဒီးယား) စသည်တို့ ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၁၉ မှ ဧပြီ ၂၀ အကြား၊ မေ ၂၁ မှ ဇူလိုင် ၂၁ အကြား၊ နိုဝင်ဘာ ၂၁မှ ဒီဇင်ဘာ ၂၀ အကြား စသည့် ကာလများအတွင်း ကမ္ဘာကြီး၏ အခြေအနေမှာ အထူးပင် ကောင်းမွန်နေပါလိမ့်မည်။ လူတိုင်း လူတိုင်း အတွက်လည်း အထူး ကောင်းမွန်သော၊ အပြုသဘော ဆောင်သည့် ကိစ္စများ ဖြစ်ပေါ်နိုင်သော အချိန်ကာလများပင် ဖြစ်ကာ ကမ္ဘာ့ ဘဏ္ဍာရေး အခြေအနေမှာ လည်း သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

သို့သော် ၂၀၁၀ အတွင်း ကမ္ဘာ့ ရာသီဥတု အခြေအနေမှာ လွန်စွာ ကောင်းနေမည် မဟုတ်ပေ။ အထူးသဖြင့် ဧပြီ ၂၁ မှ မေ ၂၀ အကြား၊ သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၀ အကြား ကာလများတွင် ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုနှင့် ပတ်သက်၍ ဆိုးရွားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ဖွယ် ရှိသည်။ အဆိုပါ ကာလများ အတွင်း သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် တရုတ်၊ မြန်မာ၊ အိန္ဒိယ နှင့် အီတလီ နိုင်ငံများတွင် ရေလွှမ်းမိုးမှုများနှင့် ငလျင်လှုပ်မှုများ ဖြစ်ပေါ်နိုင်သည်။

ဘရာဇီးသည်လည်း အလားတူ ပြဿနာများ နှင့် ရင်ဆိုင် ကြုံတွေ့ရဖွယ် ရှိသည်။ Aries၊ Taurus နှင့် Gemini ရာသီဖွားများ အနေဖြင့် ၂၀၁၀ သည် အထူး ကံကောင်းမည့်နှစ် ဖြစ်သည်။ Gemini နှင့် Libra ရာသီခွင်တွင် မွေးဖွားသူများ အနေဖြင့် ဘဝတွင် အလှည့်အပြောင်းများ ဖြစ်ပေါ်နိုင်သလို အပြုသဘော ဆောင်သော တိုးတက် ဖြစ်ထွန်းမှုများ နှင့် ကြုံတွေ့ရမည် ဖြစ်သည်။Leo နှင့် Sagittarius ရာသီခွင်တွင် မွေးဖွားသူများ အနေဖြင့် ၂၀၁၀ သည် လွန်စွာ ကံကောင်းမည့် နှစ်တစ်နှစ် မဟုတ်နိုင်ပါ။

စံဇာဏီဘို ရေးသားသော Happy Days Ahead ကို ဘာသာပြန်ဆိုသည်။

 

0 comments:

Post a Comment