Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံမှ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း တစ်ခုဖြစ်သော Air Bagan လေကြောင်းသည် ယခုနှစ်အတွင်း ကမ္ဘောဒီးယား၊ ထိုင်း နှင့် တရုတ်နိုင်ငံများသို့ တိုးချဲ့ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ လေကြောင်းလိုင်းနှင့် နီးစပ်သော သတင်းရပ်ကွက်ထံမှ စုံစမ်းသိရရှိရသည်။

အသစ်ပြေးဆွဲရန် စီစဉ်ထားသည့် နေရာများမှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဆိုင်ယမ်ရိပ်ဒ်၊ ထိုင်းနိုင်ငံ ဖူးခက် နှင့် ချင်းမိုင်၊ တရုတ်ပြည် ကူမင်းနှင့် ကွမ်ကျိုး တို့ဖြစ်သည်။ အဆိုပါ ခရီးစဉ်များထဲမှ ရန်ကုန်-ချင်းမိုင် ခရီးစဉ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက စတင်ပြေးဆွဲနေပြီဖြစ်သည်။

Air Bagan သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၊ မေလ-၁၅ ရက်နေ့တွင် နိုင်ငံတကာ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ဘန်ကောက်သို့ စတင်ပြေးဆွဲခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် စင်ကာပူသို့ ပြေးဆွဲခဲ့သည်။ သို့သော် အဆိုပါ ခရီးစဉ် နှစ်ခုစလုံးကို ၂၀၀၈  ခုနှစ်အတွင်း ရပ်ဆိုင်းခဲ့သည်။

Air Bagan သည် ပြည်တွင်း ခရီးစဉ် ၂၀ ခန့် ပြေးဆွဲလျက်ရှိသည်။ ယင်းတို့မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ညောင်ဦး၊ တောင်ကြီး၊ ကလေး၊ ပူတာအို၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ ကော့သောင်း၊ မြိတ်၊ ဟဲဟိုး၊ မုံရွာ၊ ဟုမ္ပလင်းနှင့် ပုသိမ်တို့ဖြစ်သည်။ နိုင်ငံတကာ ခရီးစဉ် နှစ်ခုမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တို့ဖြစ်ပါသည်။

Air Bagan လေကြောင်းကို ၂၀၀၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး ရာနှုန်းပြည့် ပုဂ္ဂလိကပိုင်လေကြောင်းဖြစ်ကာ Htoo ကုမ္ပဏီက ထူထောင်ခဲ့ခြင်းဖြစ်သည်။ Air Bagan တွင် ဖော်ကာ F-100 လေယာဉ် နှစ်စင်း၊ ATR-42 လေယာဉ် နှစ်စင်း၊ ATR-72 လေယာဉ် နှစ်စင်းတို့ဖြင့် ပြည်တွင်း ခရီးစဉ်များပြေးဆွဲပေးလျက် ရှိသည်။

Xinhua သတင်းဌာနမှ Myanmar private airline plans three more destinations this year ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment