Transparency Myanmar

transparency.myanmar@gmail.com

စစ်အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ အများစုသည် တရားမျှတမှု မရှိသောကြောင့် မိမိ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်မည် ဆိုပါက ဆန့်ကျင် ကန့်ကွက်သည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ရှေ့နေ ဦးဉာဏ်ဝင်း၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်မည့် ကိစ္စကို မစဉ်းစားပါဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် အမှန်တကယ် ရွေးကောက်ပွဲ ဝင်မည်၊ မဝင်မည် ဟူသော ကိစ္စကို ပါတီ အဖွဲ့ဝင်များကသာ ဆုံးဖြတ်သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

NLD ပါတီက ရွေးကောက်ပွဲ ဥပဒေများအပေါ် မကျေနပ်၍ အမှုဖွင့် တရားစွဲဆိုမှုကို မြန်မာနိုင်ငံ တရားရုံးချုပ်က ပယ်ချလိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထင်မြင် သုံးသပ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည် ပြင်ဆင် ရေးဆွဲစေလိုသည့်ဆန္ဒ ရှိနေသည်။ အဆိုပါ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိအောင် ကန့်သတ် ပိတ်ပင် ထားသောကြောင့် ပြစ်တင် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment