Transparency Myanmar

transparency.myanmar@gmail.com

The Irrawady, Alex Ellgee, 4th March 2010

တရုတ် - မြန်မာ နယ်စပ်ရှိ ရွှေလီတွင် ဒေသခံ ကုန်သည်များသည် မြန်မာနိုင်ငံမှ သွင်းကုန် အပေါ် အခွန်ကောက်ခံမှု၊ ၁၀၀ % တက်သွားသည့် ကိစ္စအပေါ် စိတ်မဝင်စားနိုင်ဘဲ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြားရှိ ပဋိပက္ခကို စိုးရိမ်နေကြရသည်။

မြန်မာနိုင်ငံတွင် သွင်းကုန်အပေါ် အခွန် ကောက်ခံရာတွင် တစ်ဒေါ်လာလျှင် ဈေးကွက် ပေါက်ဈေးအတိုင်း လဲလှယ်နှုန်းအရ ၁၀၀၀ ကျပ် သတ်မှတ်ပြီး အခြေခံ တွက်ချက်ရန် အစိုးရက သတ်မှတ်ခဲ့သည်။

၁၉၈၄ ခုနှစ်မှစ၍ တရုတ်နှင့် ကူးသန်းရောင်းဝယ်လာသူ မြန်မာကုန်သည် တစ်ဦးက ပြောကြားရာတွင် ယခုအချိန် အထိမူ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ပဋိပက္ခကြောင့် နယ်စပ် ကုန်သွယ်ရေးကို မထိခိုက်သေးကြောင်း ပြောခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်များ အတွက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သတ်မှတ်ရက်မှာ ယခု နောက်ဆုံး သတ်မှတ်ချက်အရ လာမည့် တနင်္ဂနွေနေ့ကို သတ်မှတ်ထားသည်။

ဖုန်များ ထူနေသော အဆိုပါ နယ်စပ် မြို့ကလေးကို ကားဖြင့် ပတ်၍ မောင်းကြည့်မည် ဆိုပါက မြန်မာ ကုန်သည်များ၊ တရုတ်ကုန်သည်များ၊ မှောင်ခိုများဖြင့် ပုံမှန် စည်ကားနေသည်ကို တွေ့ရမည် ဖြစ်သည်။

ရွှေလီ စစ်ဆေးရေး စခန်းတွင် မြန်မာနိုင်ငံမှ ကုန်တင် ကားတန်းရှည်ကြီးသည် ပစ္စည်းများ တင်ဆောင်၍ တရုတ်ပြည်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသည်ကို တွေ့ရမည် ဖြစ်သည်။ မြန်မာနိုင်ငံသို့ ဝင်သော ဂိတ်သုံးခုတွင် ရွှေ့ပြောင်း လုပ်သားများသည် တရုတ်နိုင်ငံမှ ထုတ်ကုန်များ အပြည့်တင်ထားသော လှည်းကြီးများကို တွန်းနေသည်ကို တွေ့ရမည် ဖြစ်သည်။

တရုတ် မူးယစ်ဆေးဝါး နှိမ်နင်းရေး ကော်မတီမှ ဆောက်ထားသော သံချေးတက်နေသော ခြံစည်းရိုးဖြင့်သာ ကာရံထားသော နယ်စပ်တွင် နှစ်ဖက်စလုံး၌ အလုပ်သမားများ၊ ကုန်သည်များ၊ ပျားပန်းခတ်မျှ ရောင်းဝယ်နေသည်ကို တွေ့ရမည် ဖြစ်သည်။

လမ်းတစ်ခုတည်းတွင် မော်တော်ဆိုင်ကယ်များကို တစ်စစီ ဖြုတ်၍ မြန်မာနိုင်ငံသို့ တင်ပို့ရန် ထုတ်ပိုးနေသည်ကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းမှာ တရားမဝင် ရောင်းဝယ်မှုများမှ တစ်ခုဖြစ်ပြီး နေ့စဉ် နယ်စပ်ကို ဖြတ်၍ စီးဆင်းနေသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ တရုတ် လူငယ်လေးတစ်စုသည် မြန်မာနိုင်ငံသို့ ပစ္စည်း သယ်ပို့ရန် ထိုင်စောင့်နေသည်ကို တွေ့ရသည်။

ကားရပ်နားစခန်း အနီးတွင် ဟင်းသီးဟင်းရွက် ဈေးတစ်ခုရှိပြီး မြန်မာနိုင်ငံမှ ကုန်တင်ကားများက ပတ်လည်ဝိုင်းလျက် ရှိသည်။ လူငယ်များသည် ဖရဲသီးများကို တရုတ် ကုန်တင်ကားပေါ် တင်နေသည်ကို တွေ့ရပြီး၊ မြန်မာ ကုန်တင်ကားများကလည်း တရုတ် လယ်ထွန်စက်များကို တင်ထားသည်ကို တွေ့ရသည်။

ဒေသခံ ကုန်သည်များက မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်များကြား တင်းမာမှုများ အပေါ် စိုးရိမ်သည်ဟု ပြောနေကြသော်လည်း ကုန်သည် တစ်ဦးကမူ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်လည်း အခြား လမ်းကြောင်းများက အမြဲတမ်း ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မော်တော်ဆိုင်ကယ် မှောင်ခို ရောင်းဝယ်သူ တစ်ဦးက ဧရာဝတီသို့ ပြောကြားရာတွင် KIO နယ်မြေကို ဖြတ်၍ အခြား မှောင်ခိုလမ်းကြောင်း များစွာ ရှိသေးကြောင်း၊ သို့သော် တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်မူ ယခု သုံးနေသော လမ်းကြောင်းများကို အနည်းနှင့် အများ ထိခိုက်ကြောင်း ဆိုသည်။

ယခု အခြေအနေတွင် ပဋိပက္ခများ ဖြစ်နိုင်သည် ဆိုသော်လည်း နယ်စပ် ကုန်သွယ်ရေးမှာမူ ပုံမှန် စီးဆင်းနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment