Transparency Myanmar

transparency.myanmar@gmail.com

Flightglobal.com, 3rd March 2010

တရုတ် အမျိုးသား လေကြောင်း နည်းပညာ သွင်းကုန်နှင့် ထုတ်ကုန် ကော်ပိုရေးရှင်း CATIC သည် ဖောက်သည် အာရှ နှစ်နိုင်ငံ ကိုယ်စား MA 60 ပို့ဆောင်ရေး လေယာဉ် (၉) စင်း မှာယူခဲ့သည်ဟု Xing Aircraft မှ အရာရှိ တစ်ဦးက ပြောကြားသည်။

CATIC မှတဆင့် မှာယူသည့် အဆိုပါ ပန်ကာဒလက် တာဘို အင်ဂျင် အမျိုးအစား လေယာဉ်များအနက် မြန်မာက ၃စီး၊ သီရိလင်္ကာက ၆ စီး အသီးသီး ဝယ်ယူကြခြင်း ဖြစ်သည် ဟု သိရသည်။ မြန်မာ နှင့် သီရိလင်္ကာ နိုင်ငံများသည် တရုတ် အစိုးရ၏ ချေးငွေ အစီအစဉ်ဖြင့် လေယာဉ်များ ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

သီရိလင်္ကာက မှာယူသော MA 60 (၆) စင်း တွင် ၂စင်း ကို ယခုနှစ် အတွင်းနှင့် ကျန် ၄စင်းကို ၂၀၁၁ တွင် ရရှိမည် ဖြစ်၍ မြန်မာနိုင်ငံက မှာယူသော MA 60 ၃စင်းကိုမူ စက်တင်ဘာလတွင် လွှဲပြောင်းပေးမည် ဟု ဆိုပါသည်။ နှစ်နိုင်ငံ စလုံးက လေယယာဉ်ကို ၅၆ ယောက်စီး အဖြစ် တည်ဆောက်ပေးရန် မှာကြားထားကြသည် ဟုလည်း ဆိုပါသည်။

သီရိလင်္ကာ လေကြောင်း ဝန်ကြီးဌာနက လေတပ် အတွက် MA 60 လေယာဉ် (၆) စင်း ဝယ်ယူရန် စေ့စပ် ညှိနှိုင်းနေကြောင်း အတည်ပြု ပြောဆိုလိုက်သည်။ MA 60 (၄) စင်းကို လေတပ်အတွက် အသုံးပြုရန် ရည်ရွယ်ထားပြီး ကျန် (၂) စင်းကို နိုင်ငံပိုင် မီဟင်းလန်ကာ လေကြောင်းသို့ လွှဲပြောင်းပေးမည် ဟုလည်း ဖော်ပြထားသည်။

လက်ရှိ သီရိလင်္ကာ လေတပ်သည် ၎င်း၏ ပို့ဆောင်ရေး လုပ်ငန်းများ အတွက် အန်တိုနော့ဗ် An 32 ၊ လော့ခ်ဟိမာတင် C 130 K ၊ တရုတ်လုပ် ဟာဘင် Y-12 စသည့် လေယာဉ် အမျိုးအစား များကို မှီခို အားထားနေရသည်။

မြန်မာနိုင်ငံတွင်လည်း သက်တမ်းကြာ ဖော်ကာ F 27 များကို မှီခို အားထားနေခဲ့သော်လည်း ကုန်သွယ်ရေး ပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံများမှ စစ်လေယာဉ်များ မရရှိနိုင်တော့ပါ။

၎င်းတို့ နှစ်နိုင်ငံစလုံးမှာ တရုတ်နိုင်ငံနှင့် နိုင်ငံရေးအရ ရင်းနှီးသော မဟာမိတ်များ ဖြစ်၍ တရုတ်နိုင်ငံကလည်း ၎င်း၏ နိုင်ငံရေး ပြိုင်ဘက် အိန္ဒိယအကြား မြေကတုတ်အဖြစ် အသုံးချရန် ဆက်ဆံရေး တိုးမြှင့်နေခြင်း ဖြစ်သည်။ သီရိလင်္ကာနိုင်ငံရှိ လေဆိပ်များ၊ လမ်းများ၊ အခြား အခြေခံ အဆောက်အဦများကို တရုတ်ကုမ္ပဏီများက ကူညီ တည်ဆောက်ပေးနေပြီး ဘီဂျင်းကလည်း အဆိုပါ နိုင်ငံများကို အတိုးမဲ့ ချေးငွေများ မကြာခဏ ထောက်ပံ့ ပေးကမ်းလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment